ဆာဆူအိုလိုနဲ့ပွဲမှာ ရော်နယ်ဒိုပြသခဲ့တဲ့ အံ့ဖွယ်စွမ်းရည်တစ်ခု

ကမ္ဘာ့ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဂျိုးဆက်ဘိုင်ကန်နဲ့အတူ ပူးတွဲရပ်တည်နိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ ဆာဆူအိုလိုနဲ့့ပွဲမှာ အံ့မခန်းစွမ်းဆောင်ရည်တစ်ခုကို ပြသနိုင်ခဲ့လို့ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ နာကျင်အချိန်ပိုမှာ အသင်းအတွက် ပွဲသိမ်းဂိုးသွင်းယူခဲ့ပြီး သူ့အတွက်လည်း ကမ္ဘာ့ဂိုးသွင်းအများဆုံးကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူနိုင်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်ရဲ့ ပွဲချိန် ၈ မိနစ်ခန့်မှာတော့ ရော်နယ်ဒိုဟာ သူ့ရဲ့အမြင့်ခုန်စွမ်းရည်ကို ပြသခဲ့ပြီး အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။ ဘယ်ခြမ်းကနေ ဒီဘာလာရဲ့ ဖြတ်တင်ပေးပို့မှုကို ဂိုးရှေ့မှာရှိနေတဲ့ ရော်နယ်ဒိုက ပြိုင်ဘက်ကစားသမားနှစ်ဦးအပြင် ဂိုးသမားနဲ့ပါ ယှဉ်တိုက်ခဲ့ရပြီး အဆိုပါကစားသမားအားလုံးထက် ပိုမိုမြင့်မားအောင် ခုန်နိုင်ခဲ့ကာ ဂိုးရလုနီးနီးအခြေအနေဖြစ်ခဲ့ရပါတယ်။

ဆာဆူအိုလိုဂိုးသမားကလည်း ဂိုးပေါက်ထဲက ပြေးထွက်လာခဲ့ပြီး ဘောလုံးကို ပုတ်ထုတ်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့ ခုန်အား၊ လက်မြှှောက်ဆန့်တန်းမှုဟာ ရော်နယ်ဒိုရဲ့ခေါင်းသာသာလောက်မှာသာရှိခဲ့ပြီး ပေါ်တူဂီသားကြီးကတော့ ခေါင်းတိုက်ဖို့သက်သက်ခုန်ခဲ့မှုမှာ ဂိုးဘားတန်းကိုကျော်အောင်အထိ ခုန်နိုင်ခဲ့တယ်ဆိုတာကို တွေ့မြင်ခဲ့ရပါတယ်။

ရော်နယ်ဒိုက ခေါင်းတိုက်သွင်းယူခဲ့ပေမယ့်လည်း ဘောလုံးက ဂိုးဘားတန်းပေါ် အနည်းငယ်လေးကျော်လွန်ခဲ့လို့ နစ်နာခဲ့ရပါတယ်။ စီးရီးအေမှာ ပြိုင်ဘက်ခံစစ်မှူးတွေနဲ့ မကြာခဏ ခေါင်းချင်းခုန်တိုက်ပြီး ကမ္ဘာမြေဆွဲအားကို ဆန့်ကျင်ပြနေခဲ့တဲ့ ရော်နယ်ဒိုဟာ နောက်ထပ်တစ်ကြိမ် သူ့ရဲ့ စွမ်းရည်ကို ပြသနိုင်ခဲ့တာဖြစ်ပြီး ဆာဆူအိုလိုကစားသမားတစ်ဦးဟာ အဆိုပါအဖြစ်အပျက်ကို ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်နေခဲ့ရတယ်လို့တောင် သိရပါတယ်။

Zawgyi

ကမၻာ့ဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ ဂ်ိဳးဆက္ဘိုင္ကန္နဲ႔အတူ ပူးတြဲရပ္တည္နိုင္ခဲ့တဲ့ ေရာ္နယ္ဒိုဟာ ဆာဆူအိုလိုနဲ႔့ပြဲမွာ အံ့မခန္းစြမ္းေဆာင္ရည္တစ္ခုကို ျပသနိုင္ခဲ့လို႔ ပရိသတ္ေတြကို အံ့အားသင့္ေစခဲ့ပါတယ္။ အသက္ ၃၅ ႏွစ္အရြယ္ ေပၚတူဂီတိုက္စစ္မႉးဟာ နာက်င္အခ်ိန္ပိုမွာ အသင္းအတြက္ ပြဲသိမ္းဂိုးသြင္းယူခဲ့ၿပီး သူ႔အတြက္လည္း ကမၻာ့ဂိုးသြင္းအမ်ားဆုံးကစားသမားဆိုတဲ့ ဂုဏ္ပုဒ္ကို ရယူနိုင္ခဲ့ပါတယ္။

အဆိုပါပြဲစဥ္ရဲ့ ပြဲခ်ိန္ ၈ မိနစ္ခန႔္မွာေတာ့ ေရာ္နယ္ဒိုဟာ သူ႔ရဲ့အျမင့္ခုန္စြမ္းရည္ကို ျပသခဲ့ၿပီး အားလုံးကို အံ့အားသင့္ေစခဲ့ပါတယ္။ ဘယ္ျခမ္းကေန ဒီဘာလာရဲ့ ျဖတ္တင္ေပးပို႔မႈကို ဂိုးေရွ႕မွာရွိေနတဲ့ ေရာ္နယ္ဒိုက ၿပိဳင္ဘက္ကစားသမားႏွစ္ဦးအျပင္ ဂိုးသမားနဲ႔ပါ ယွဥ္တိုက္ခဲ့ရၿပီး အဆိုပါကစားသမားအားလုံးထက္ ပိုမိုျမင့္မားေအာင္ ခုန္နိုင္ခဲ့ကာ ဂိုးရလုနီးနီးအေျခအေနျဖစ္ခဲ့ရပါတယ္။

ဆာဆူအိုလိုဂိုးသမားကလည္း ဂိုးေပါက္ထဲက ေျပးထြက္လာခဲ့ၿပီး ေဘာလုံးကို ပုတ္ထုတ္ဖို႔ႀကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္လည္း သူ႔ရဲ့ ခုန္အား၊ လက္ေျမႇွာက္ဆန႔္တန္းမႈဟာ ေရာ္နယ္ဒိုရဲ့ေခါင္းသာသာေလာက္မွာသာရွိခဲ့ၿပီး ေပၚတူဂီသားႀကီးကေတာ့ ေခါင္းတိုက္ဖို႔သက္သက္ခုန္ခဲ့မႈမွာ ဂိုးဘားတန္းကိုေက်ာ္ေအာင္အထိ ခုန္နိုင္ခဲ့တယ္ဆိုတာကို ေတြ႕ျမင္ခဲ့ရပါတယ္။

ေရာ္နယ္ဒိုက ေခါင္းတိုက္သြင္းယူခဲ့ေပမယ့္လည္း ေဘာလုံးက ဂိုးဘားတန္းေပၚ အနည္းငယ္ေလးေက်ာ္လြန္ခဲ့လို႔ နစ္နာခဲ့ရပါတယ္။ စီးရီးေအမွာ ၿပိဳင္ဘက္ခံစစ္မႉးေတြနဲ႔ မၾကာခဏ ေခါင္းခ်င္းခုန္တိုက္ၿပီး ကမၻာေျမဆြဲအားကို ဆန႔္က်င္ျပေနခဲ့တဲ့ ေရာ္နယ္ဒိုဟာ ေနာက္ထပ္တစ္ႀကိမ္ သူ႔ရဲ့ စြမ္းရည္ကို ျပသနိုင္ခဲ့တာျဖစ္ၿပီး ဆာဆူအိုလိုကစားသမားတစ္ဦးဟာ အဆိုပါအျဖစ္အပ်က္ကို ပါးစပ္အေဟာင္းသားနဲ႔ ေငးၾကည့္ေနခဲ့ရတယ္လို႔ေတာင္ သိရပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *