ကမ္ဘာ့ဂိုးသွင်းအများဆုံးကစားသမားစံချိန်ကို ပူးတွဲရယူနိုင်ခဲ့ပြီဖြစ်တဲ့ ရော်နယ်ဒို

ဆာဆူအိုလိုကို ၃-၁ နဲ့ ဂျူဗင်တပ််စ်က အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးခဲ့ပြီးနောက် ရော်နယ်ဒိုဟာ ကမ္ဘာ့ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဂျိုးဆက်ဘိုင်ကန်နဲ့အတူ ပူးတွဲရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ပီလီရဲ့ စံချိန်ကို ကျော်ဖြတ်ပြီးတဲ့နောက်မှာ ရော်နယ်ဒိုက အခုစံချိန်ကို ထပ်မံရရှိခဲ့ပြိး ကစားသမားဘဝသွင်းဂိုးပေါင်း ၇၅၉ ဂိုးအထိ ရရှိခဲ့ပြီဖြစ်ပါတယ်။

ပထမပိုင်းမှာ ဂျူဗင်တပ်စ်တို့ ကစားရတာ အနည်းငယ်ခက်ခဲနေခဲ့ပေမယ့်လည်း ပြိုင်ဘက်အသင်းကစားသမားတစ်ဦးထုတ်ပယ်ခံရပြီးနောက် သူတို့အတွက် အရာအားလုံးက လွယ်ကူသွားခဲ့ပါတယ်။ ဒန်နီလိုက အဖွင့်ဂိုးသွင်းယူပေးခဲ့ပေမယ့် ဆာဆူအိုလိုက ပြန်လည်ချေပနိုင်ခဲ့လို့ ရုန်းကန်ခဲ့ရပြီး ရမ်ဆေးက ၈၂ မိနစ်မှာ အနိုင်ဂိုးသွင်းယူပြီး နာကျင်အချိန်မှာ ရော်နယ်ဒိုက ပွဲသိမ်းဂိုးရယူခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုအတွက် ဒီရာသီစီးရီးအေသွင်းဂိုး ၁၅ ဂိုးမြောက်ဖြစ်လာခဲ့ပြီး အသက် ၃၅ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးအတွက် ပျော်ရွှင်စရာတွေ ပြည့်နှက်နေခဲ့တဲ့ ပွဲစဉ်ဖြစ်လာခဲ့ပါတယ်။ တခြားကစားသမားတွေထက် ခေါင်းတစ်လုံးသာတဲ့ အခြေအနေမျိုးမှာသာရှိနေချင်ခဲ့တဲ့ ရော်နယ်ဒိုဟာ ကမ္ဘာ့ဂိုးသွင်းအများဆုံးကစားသမားဆိုတဲ့ ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ခဲ့တာလည်းဖြစ်ပါတယ်။

လာမယ့်ပွဲစဉ်မှာသာ တစ်ဂိုးသွင်းယူနိုင်ရုံနဲ့ ရော်နယ်ဒိုဟာ ကမ္ဘာ့ဂိုးသွင်းအများဆုံးကစားသမားဆိုတဲ့ နာမည်ကို လွတ်လွတ်ကျွတ်ကျွတ်ရယူနိုင်တော့မှာဖြစ်ပြီး ဂျိုးဆက်ဘိုင်ကန်ကိုပါ ကျော်ဖြတ်နိုင်မှာလည်းဖြစ်ပါတယ်။ သူ့အတွက်တော့ သွင်းဂိုးတစ်ဂိုးရရှိဖို့က ခက်ခဲမှုမရှိတာကြောင့် အဆိုပါစံချိန်ကို လာမယ့်ပွဲစဉ်မှာပဲ ရော်နယ်ဒိုက ရယူနိုင်ဖွယ်ရှိနေကာ နောက်ထပ်စံချိန်တစ်ခုကို စိုက်ထူနိုင်မလား စောင့်ကြည့်ရတော့မှာပါ။

Zawgyi

ဆာဆူအိုလိုကို ၃-၁ နဲ႔ ဂ်ဴဗင္တပ္္စ္က အနိုင္ရရွိခဲ့တဲ့ပြဲမွာ အသင္းအတြက္ အနိုင္ဂိုးတစ္ဂိုးသြင္းယူေပးခဲ့ၿပီးေနာက္ ေရာ္နယ္ဒိုဟာ ကမၻာ့ဂိုးသြင္းအမ်ားဆုံးကစားသမားအျဖစ္ ဂ်ိဳးဆက္ဘိုင္ကန္နဲ႔အတူ ပူးတြဲရပ္တည္နိုင္ခဲ့ၿပီျဖစ္ပါတယ္။ ၿပီးခဲ့တဲ့တစ္ပတ္က ပီလီရဲ့ စံခ်ိန္ကို ေက်ာ္ျဖတ္ၿပီးတဲ့ေနာက္မွာ ေရာ္နယ္ဒိုက အခုစံခ်ိန္ကို ထပ္မံရရွိခဲ့ၿပိး ကစားသမားဘဝသြင္းဂိုးေပါင္း ၇၅၉ ဂိုးအထိ ရရွိခဲ့ၿပီျဖစ္ပါတယ္။

ပထမပိုင္းမွာ ဂ်ဴဗင္တပ္စ္တို႔ ကစားရတာ အနည္းငယ္ခက္ခဲေနခဲ့ေပမယ့္လည္း ၿပိဳင္ဘက္အသင္းကစားသမားတစ္ဦးထုတ္ပယ္ခံရၿပီးေနာက္ သူတို႔အတြက္ အရာအားလုံးက လြယ္ကူသြားခဲ့ပါတယ္။ ဒန္နီလိုက အဖြင့္ဂိုးသြင္းယူေပးခဲ့ေပမယ့္ ဆာဆူအိုလိုက ျပန္လည္ေခ်ပနိုင္ခဲ့လို႔ ႐ုန္းကန္ခဲ့ရၿပီး ရမ္ေဆးက ၈၂ မိနစ္မွာ အနိုင္ဂိုးသြင္းယူၿပီး နာက်င္အခ်ိန္မွာ ေရာ္နယ္ဒိုက ပြဲသိမ္းဂိုးရယူခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္ဒိုအတြက္ ဒီရာသီစီးရီးေအသြင္းဂိုး ၁၅ ဂိုးေျမာက္ျဖစ္လာခဲ့ၿပီး အသက္ ၃၅ ႏွစ္အရြယ္ ေပၚတူဂီတိုက္စစ္မႉးအတြက္ ေပ်ာ္ရႊင္စရာေတြ ျပည့္ႏွက္ေနခဲ့တဲ့ ပြဲစဥ္ျဖစ္လာခဲ့ပါတယ္။ တျခားကစားသမားေတြထက္ ေခါင္းတစ္လုံးသာတဲ့ အေျခအေနမ်ိဳးမွာသာရွိေနခ်င္ခဲ့တဲ့ ေရာ္နယ္ဒိုဟာ ကမၻာ့ဂိုးသြင္းအမ်ားဆုံးကစားသမားဆိုတဲ့ ႀကီးက်ယ္ခမ္းနားတဲ့ ဂုဏ္ပုဒ္ကို ပိုင္ဆိုင္ခဲ့တာလည္းျဖစ္ပါတယ္။

လာမယ့္ပြဲစဥ္မွာသာ တစ္ဂိုးသြင္းယူနိုင္႐ုံနဲ႔ ေရာ္နယ္ဒိုဟာ ကမၻာ့ဂိုးသြင္းအမ်ားဆုံးကစားသမားဆိုတဲ့ နာမည္ကို လြတ္လြတ္ကၽြတ္ကၽြတ္ရယူနိုင္ေတာ့မွာျဖစ္ၿပီး ဂ်ိဳးဆက္ဘိုင္ကန္ကိုပါ ေက်ာ္ျဖတ္နိုင္မွာလည္းျဖစ္ပါတယ္။ သူ႔အတြက္ေတာ့ သြင္းဂိုးတစ္ဂိုးရရွိဖို႔က ခက္ခဲမႈမရွိတာေၾကာင့္ အဆိုပါစံခ်ိန္ကို လာမယ့္ပြဲစဥ္မွာပဲ ေရာ္နယ္ဒိုက ရယူနိုင္ဖြယ္ရွိေနကာ ေနာက္ထပ္စံခ်ိန္တစ္ခုကို စိုက္ထူနိုင္မလား ေစာင့္ၾကည့္ရေတာ့မွာပါ။

Leave a Reply

Your email address will not be published. Required fields are marked *