အင်တာမီလန် အသင်းကတော့ နည်းပြ ကွန်တီ ကတော့ မန်ချက်စတာယူနိုက်တက် ကစား သမားတွေကို သဘောကျနှစ်သက်နေပြီး လူကာကူ၊ ဆန်းချက်စ်နဲ့ အက်ရှ်လေယန်း တို့ကို ခေါ်ယူခဲ့ပါတယ်။
ဒါ့အပြင် မန်ချက်စတာယူနိုက်တက် အသင်းကနေ ပါးမား ကို ရောက်ရှိသွားတဲ့ ဒါမီယန် ကိုလည်း ပါးမား အသင်းဆီကနေ ခေါ်ယူခဲ့ပါတယ်။အခုတစ်ကြိမ်မှာလည်း စီးရီးအေကလပ်ဟာ မန်ချက်စတာယူနိုက်တက် ကစား သမားတစ်ဦးကို ခေါ်ယူဖို့ လှုပ်ရှားနေပါတယ်။

အင်တာမီလန် အသင်းဟာ မန်ချက်စတာကလပ်ရဲ့တိုက်စစ်ကစားသမား တစ်ဦးဖြစ်တဲ့ လင်ဂတ် ကို အငှားနဲ့ ခေါ်ယူချင်နေတာဖြစ်ပါတယ်။လင်ဂတ် ဟာ ဒီမနက်က ဝက်ဖိုဒ့် နဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ် တစ်မိနစ်မှ ပါဝင်ကစားရခြင်းမရှိသေးတဲ့ လင်ဂတ် နဲ့ ကလပ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၂၀၂၂) နွေရာသီမှာ ကုန်ဆုံးမှာလည်းဖြစ်ပါတယ်။

မေရာရဲ့ဖော်ပြချက်မှာ ကွန်တီ ဟာ လင်ဂတ် ကို ဆန်စီရိုထံ အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။ဒါပေမယ့် အင်တာမီလန် အသင်းကတော့ စပါး အသင်းကနေ ရောက်ရှိလာထဲက ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ အဲရစ်ဆင် ကို ရောင်းချနိုင်ရင် လင်ဂတ် ကို ခေါ်ယူမယ်လို့ ဆိုထားပါတယ်။
နည်းပြ ကွန်တီ ကတော့ ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ အတွက် လင်ဂတ် ကို အားဖြည့်ဖို့ စိတ်ဝင်စားနေတာပါ။

လင်ဂတ် ကလည်း မန်ချက်စတာကလပ်မှာ နေရာရဖို့ မသေချာတော့တာကြောင့် ဒီအပြောင်းအရွှေ့မှာ အသင်းကထွက်ခွာချင်နေတာဖြစ်ပါတယ်။လင်ဂတ် ဟာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် ပြိုင်ပွဲစုံ (၂၁၀)ပွဲမှာ (၃၃)ဂိုးသွင်းယူပြီး ဂိုး(၂၀)ဖန်တီးထားတာဖြစ်ပါတယ်။
Zawgyi
အင္တာမီလန္ အသင္းကေတာ့ နည္းၿပ ကြန္တီ ကေတာ့ မန္ခ်က္စတာယူနိုက္တက္ ကစား သမားေတြကို သေဘာက်ႏွစ္သက္ေနၿပီး လူကာကူ၊ ဆန္းခ်က္စ္နဲ႔ အက္ရွ္ေလယန္း တို႔ကို ေခၚယူခဲ့ပါတယ္။
ဒါ့အျပင္ မန္ခ်က္စတာယူနိုက္တက္ အသင္းကေန ပါးမား ကို ေရာက္ရွိသြားတဲ့ ဒါမီယန္ ကိုလည္း ပါးမား အသင္းဆီကေန ေခၚယူခဲ့ပါတယ္။အခုတစ္ႀကိမ္မွာလည္း စီးရီးေအကလပ္ဟာ မန္ခ်က္စတာယူနိုက္တက္ ကစား သမားတစ္ဦးကို ေခၚယူဖို႔ လႈပ္ရွားေနပါတယ္။
အင္တာမီလန္ အသင္းဟာ မန္ခ်က္စတာကလပ္ရဲ့တိုက္စစ္ကစားသမား တစ္ဦးျဖစ္တဲ့ လင္ဂတ္ ကို အငွားနဲ႔ ေခၚယူခ်င္ေနတာျဖစ္ပါတယ္။လင္ဂတ္ ဟာ ဒီမနက္က ဝက္ဖိုဒ့္ နဲ႔ ကစားခဲ့တဲ့ အက္ဖ္ေအဖလားပြဲစဥ္မွာ ပြဲထြက္ကစားသမားအျဖစ္ ပါဝင္ခဲ့ပါတယ္။
ဒီရာသီ ပရီးမီးယားလိဂ္ တစ္မိနစ္မွ ပါဝင္ကစားရျခင္းမရွိေသးတဲ့ လင္ဂတ္ နဲ႔ ကလပ္အသင္းတို႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ (၂၀၂၂) ေႏြရာသီမွာ ကုန္ဆုံးမွာလည္းျဖစ္ပါတယ္။
ေမရာရဲ့ေဖာ္ျပခ်က္မွာ ကြန္တီ ဟာ လင္ဂတ္ ကို ဆန္စီရိုထံ အငွားနဲ႔ ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ ဆိုပါတယ္။ဒါေပမယ့္ အင္တာမီလန္ အသင္းကေတာ့ စပါး အသင္းကေန ေရာက္ရွိလာထဲက ေျခစြမ္းျပဖို႔ ႐ုန္းကန္ေနရတဲ့ အဲရစ္ဆင္ ကို ေရာင္းခ်နိုင္ရင္ လင္ဂတ္ ကို ေခၚယူမယ္လို႔ ဆိုထားပါတယ္။
နည္းၿပ ကြန္တီ ကေတာ့ ခ်န္ပီယံဆုကို စိန္ေခၚနိုင္ဖို႔ အတြက္ လင္ဂတ္ ကို အားျဖည့္ဖို႔ စိတ္ဝင္စားေနတာပါ။
လင္ဂတ္ ကလည္း မန္ခ်က္စတာကလပ္မွာ ေနရာရဖို႔ မေသခ်ာေတာ့တာေၾကာင့္ ဒီအေျပာင္းအေရႊ႕မွာ အသင္းကထြက္ခြာခ်င္ေနတာျဖစ္ပါတယ္။လင္ဂတ္ ဟာ မန္ခ်က္စတာယူနိုက္တက္ အသင္းအတြက္ ၿပိဳင္ပြဲစုံ (၂၁၀)ပြဲမွာ (၃၃)ဂိုးသြင္းယူၿပီး ဂိုး(၂၀)ဖန္တီးထားတာျဖစ္ပါတယ္။