ဂျူဗီရဲ့အဓိကကစားသမားတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ

ဂျူဗင်တပ်စ်အသင်းရဲ့ နောက်ခံလူဒီလစ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတယ်လို့သိရပြီး အသင်းနဲ့ခေတ္တခွဲခွာရတော့မှာဖြစ်ပါတယ်။ ဒါဟာ ဂျူဗီအတွက်တော့ အဲလက်စ်ဆန်ဒရို၊ ကွာဒရာဒိုတို့ ကူးစက်ခံရပြီးနောက် နောက်ထပ် ၃ဦးမြောက်ကူးစက်ခံရမှုဖြစ်လာခဲ့ပြီး အသင်းရဲ့ ပထမကစားသမား ၃ ဦးအထိကို လက်လွှတ်ထားနေရပြီလည်းဖြစ်ပါတယ်။

အသက် ၂၁နှစ်အရွယ် ဒီလစ်ဟာ အေစီမီလန်နဲ့ပွဲမှာ ပွဲချိန်ပြည့်ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး အဆိုပါပွဲအပြီး ဆေးစစ်မှုတွေအရ ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ ဒါဟာ ဂျူဗီအတွက် စိုးရိမ်စရာလည်းဖြစ်လာခဲ့ပြီး အသင်းတွင်းနောက်ထပ်ကူုးစက်ခံရမှုတွေ ရှိလာနိုင်ကာ သတိကြီးကြီးထားကိုင်တွယ်ဖြေရှင်းရတော့မှာလည်းဖြစ်ပါတယ်။

လက်ရှိမှာ ဒီလစ်က တစ်ဦးတည်းနေထိုင်နေပြီဖြစ်ကာ လိုအပ်တဲ့ကုသမှုတွေကိုလည်း ခံယူနေကြောင်း သိရပါတယ်။ ရာသီအစမှာ ပခုံးဒဏ်ရာခွဲစိတ်မှုကြောင့် အသင်းအတွက် ပွဲစဉ်တွေလွဲချော်ခဲ့တဲ့ နယ်သာလန်နောက်ခံလူဟာ ဆာဆူအိုလိုနဲ့ ကစားရမယ့် စီးရီးအေပွဲစဉ်၊ အင်တာမီလန်နဲ့ အီတလီဒါဘီပွဲစဉ်တွေကို လွဲချော်တော့မယ့်အပြင် ကိုပါအီတာလီယာဖလားဗို်လ်လုပွဲကိုနဲ့ပါ ဝေးကွာသွားခဲ့ပြီဖြစ်ပါတယ်။

ဂျူဗင်တပ်စ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်းကလည်း နောက်ခံလူရူဂါနီ၊ တိုက်စစ်မှူးရော်နယ်ဒိုနဲ့ ဒီဘာလာတို့ ကူးစက်ခံခဲ့ရမှုကို ရင်ဆိုင်ခဲ့ရပါသေးတယ်။ ကူးစက်မှုမြန်ဆန်တဲ့ မျိုးဗီဇကွဲဗိုင်းရပ်စ်သစ်ကြောင့် စိုးရိမ်မှုတွေမြင့်တက်နေရချိန်မှာပဲ အခုလို ကူးစက်မှုတွေကို ရင်ဆိုင်နေရတာက တော်တော်လေးစိုးရိမ်ဖွယ်ရာဖြစ်နေပြီး ဘောလုံးပွဲတွေကို နောက်တစ်ကြိမ်ရပ်တန့်ရဦးမလားဆိုတာတော့ စောင့်ကြည့်ရတော့မှာပါ။

Zawgyi

ဂ်ဴဗင္တပ္စ္အသင္းရဲ့ ေနာက္ခံလူဒီလစ္ဟာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံခဲ့ရတယ္လို႔သိရၿပီး အသင္းနဲ႔ေခတၱခြဲခြာရေတာ့မွာျဖစ္ပါတယ္။ ဒါဟာ ဂ်ဴဗီအတြက္ေတာ့ အဲလက္စ္ဆန္ဒရို၊ ကြာဒရာဒိုတို႔ ကူးစက္ခံရၿပီးေနာက္ ေနာက္ထပ္ ၃ဦးေျမာက္ကူးစက္ခံရမႈျဖစ္လာခဲ့ၿပီး အသင္းရဲ့ ပထမကစားသမား ၃ ဦးအထိကို လက္လႊတ္ထားေနရၿပီလည္းျဖစ္ပါတယ္။

အသက္ ၂၁ႏွစ္အရြယ္ ဒီလစ္ဟာ ေအစီမီလန္နဲ႔ပြဲမွာ ပြဲခ်ိန္ျပည့္ပါဝင္ကစားေပးခဲ့သူျဖစ္ၿပီး အဆိုပါပြဲအၿပီး ေဆးစစ္မႈေတြအရ ကူးစက္ခံထားရေၾကာင္း ေတြ႕ရွိခဲ့ရတာျဖစ္ပါတယ္။ ဒါဟာ ဂ်ဴဗီအတြက္ စိုးရိမ္စရာလည္းျဖစ္လာခဲ့ၿပီး အသင္းတြင္းေနာက္ထပ္ကူုးစက္ခံရမႈေတြ ရွိလာနိုင္ကာ သတိႀကီးႀကီးထားကိုင္တြယ္ေျဖရွင္းရေတာ့မွာလည္းျဖစ္ပါတယ္။

လက္ရွိမွာ ဒီလစ္က တစ္ဦးတည္းေနထိုင္ေနၿပီျဖစ္ကာ လိုအပ္တဲ့ကုသမႈေတြကိုလည္း ခံယူေနေၾကာင္း သိရပါတယ္။ ရာသီအစမွာ ပခုံးဒဏ္ရာခြဲစိတ္မႈေၾကာင့္ အသင္းအတြက္ ပြဲစဥ္ေတြလြဲေခ်ာ္ခဲ့တဲ့ နယ္သာလန္ေနာက္ခံလူဟာ ဆာဆူအိုလိုနဲ႔ ကစားရမယ့္ စီးရီးေအပြဲစဥ္၊ အင္တာမီလန္နဲ႔ အီတလီဒါဘီပြဲစဥ္ေတြကို လြဲေခ်ာ္ေတာ့မယ့္အျပင္ ကိုပါအီတာလီယာဖလားဗို္လ္လုပြဲကိုနဲ႔ပါ ေဝးကြာသြားခဲ့ၿပီျဖစ္ပါတယ္။

ဂ်ဴဗင္တပ္စ္ဟာ ၿပီးခဲ့တဲ့ေဘာလုံးရာသီအတြင္းကလည္း ေနာက္ခံလူ႐ူဂါနီ၊ တိုက္စစ္မႉးေရာ္နယ္ဒိုနဲ႔ ဒီဘာလာတို႔ ကူးစက္ခံခဲ့ရမႈကို ရင္ဆိုင္ခဲ့ရပါေသးတယ္။ ကူးစက္မႈျမန္ဆန္တဲ့ မ်ိဳးဗီဇကြဲဗိုင္းရပ္စ္သစ္ေၾကာင့္ စိုးရိမ္မႈေတြျမင့္တက္ေနရခ်ိန္မွာပဲ အခုလို ကူးစက္မႈေတြကို ရင္ဆိုင္ေနရတာက ေတာ္ေတာ္ေလးစိုးရိမ္ဖြယ္ရာျဖစ္ေနၿပီး ေဘာလုံးပြဲေတြကို ေနာက္တစ္ႀကိမ္ရပ္တန႔္ရဦးမလားဆိုတာေတာ့ ေစာင့္ၾကည့္ရေတာ့မွာပါ။

Leave a Reply

Your email address will not be published. Required fields are marked *