ဆေးစစ်မှု Positive သာဖြစ်နေလို့ ဘာကာနဲ့ပွဲကို လွဲချော်ပြီဖြစ်တဲ့ ရော်နယ်ဒို

ရော်နယ်ဒိုရဲ့ ဒုတိယအကြိမ်ကိုဗစ်ဆေးစစ်ချက်ရလာဒ်ထွက်ပေါ်လာမှု့က ယနေ့ ညနေပိုင်းမှာ ထွက်ပေါ်လာခဲ့ပါတယ်။ ပရိတ်သတ်တွေမျှော်လင့်နေတဲ့အဖြေမျိုး ထွက်မလာခဲ့ပဲ ကိုဗစ်ဗိုင်းရက်စ်ရှိနေဆဲဖြစ်တယ်လို့ သာအဖြေထွက်ခဲ့တဲ့အတွက် လာမယ့် တစ်ပတ်ကျော်မှာ ကစားမယ့် ဘာစီလိုနာ နဲ့ ပွဲအတွက် ပါဝင်ဖို့ကမသေချာတဲ့အနေထားကိုရောက်ရှိလာပါတယ်။

ပေါ်တူဂီ အသင်းနဲ့ရှိနေစဉ်မှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာဖြစ်တာလို့ အနားယူနေရတဲ့ရော်နယ်ဒို အတွက် အီတလီရဲ့ ဥပဒေအရ(၁၀) ရက် နေထိုင်ရမယ့် အချိန်က ပထမဆေးစစ်ချက်အရလုံလောက်ပေမယ့် ယခုထပ်မံထွက်ရှိလာတဲ့ ဒုတိယအကြိမ်စစ်ဆေးချက်ရလာဒ်အရတော့ ရှုတ်ထွေးမှု့ရှိလာခဲ့ပါတယ်။ ယူဗင်းတပ်စ် အသင်းအနေနဲ့ သူတို့ကြယ်ပွင့်ကို ဘာစီလိုနာ နဲ့ ယှဉ်ပြိုင်မယ့် ပွဲမှာ မဖြစ်မနေအသုံးပြုချင်ရင် UEFA သတ်မှတ်ချက်အရ ပွဲမကစားမှီ တစ်ပတ်မှာ ပိုးမတွေ့ရှိကြောင်း ရလာဒ်ထွက်ရှိထားဖို့လိုအပ်ပါလိမ့်မယ်။

FILE PHOTO: Soccer Football – UEFA Nations League – League A – Group 3 – France v Portugal – Stade De France, Paris, France – October 11, 2020 Portugal’s Cristiano Ronaldo during the warm up before the match REUTERS/Gonzalo Fuentes/File Photo

ထိုအတွက်ကြောင့်လည်း ယနေ့ မှာ စစ်ဆေးခဲ့တာဖြစ်ပြီး ပိုးရှိနေဆဲဖြစ်လို့ ရော်နယ်ဒိုအတွက်ရော ယူဗင်းတပ်စ် အတွက်ပါစိတ်ပျက်စရာဖြစ်လာစေပါတယ်။သို့ပေမယ့် အတည်မပြူနိုင်သေးတဲ့သတင်းတွေ နဲ့ ရော်နယ်ဒို အမာခံတွေရဲ့အဆိုအရတော့ ပွဲမကစားမှီ (၂၄) နာရီအတွင်း ပိုးမရှိကြောင်းအဖြေပြန်ုင်ရင် ဝင်ရောက်ကစားခွင့်ရှိတယ်လို့လည်းဆ်ုနေကြပါသေးတယ်။ သာမန်အခြေအနေမှာတော့ ပိုးရှိနေဆဲဖြစ်လို့ ရော်နယ်ဒို အနေနဲ့ မက်ဆီနဲ့ ယှဉ်ပြိူင်ရမယ့်ပွဲကိုသေချာပေါက်လွဲချော်နိုင်ချေများနေပါတယ်။

သို့ပေမယ့်လည်း ရော်နယ်ဒို ဖြစ်နေတာကြောင့် အခြေအနေတွေကတမျိုးတမည် ပြောင်းလဲသွားနိုင်သလို ပရိတ်သတ်တွေအပါဝင် ယူဗင်းတပ်စ်အသင်းနဲ့ UEFA တာဝန်ရှိသူတွေကလည်း ရော်နယ်ဒိူကို မဖြစ်မနေ မက်ဆီနဲ့ယှဥ်ပြိုင်မယ့်ပွဲမှာ ပါဝင်လိုနေမှာအသေချာပါပဲ။ ရော်နယ်ဒိုအနေနဲ့ ကတော့လက်ရှိမှာ အိမ်တွင်းလေ့ကျင့်ခန်းတွေနဲ့ ကာယလေ့ကျင့်ခန်းတွေပြု လုပ်နေပြီး သူအဆင်ပြေကြောင်းသိရှိစေဖိူ့လူမှု့ကွန်ရက်တွေကနေ ဆက်တိုက် ပုံတွေ တင်ပေး‌တာမျိုး ပြုလုပ်ပေးနေခဲ့ပါတယ်။

Zawgyi

ေရာ္နယ္ဒိုရဲ့ ဒုတိယအႀကိမ္ကိုဗစ္ေဆးစစ္ခ်က္ရလာဒ္ထြက္ေပၚလာမႈ႔က ယေန႔ ညေနပိုင္းမွာ ထြက္ေပၚလာခဲ့ပါတယ္။ ပရိတ္သတ္ေတြေမၽွာ္လင့္ေနတဲ့အေျဖမ်ိဳး ထြက္မလာခဲ့ပဲ ကိုဗစ္ဗိုင္းရက္စ္ရွိေနဆဲျဖစ္တယ္လို႔ သာအေျဖထြက္ခဲ့တဲ့အတြက္ လာမယ့္ တစ္ပတ္ေက်ာ္မွာ ကစားမယ့္ ဘာစီလိုနာ နဲ႔ ပြဲအတြက္ ပါဝင္ဖို႔ကမေသခ်ာတဲ့အေနထားကိုေရာက္ရွိလာပါတယ္။

ေပၚတူဂီ အသင္းနဲ႔ရွိေနစဥ္မွာ ကိုဗစ္ပိုးေတြ႕ရွိခဲ့တာျဖစ္တာလို႔ အနားယူေနရတဲ့ေရာ္နယ္ဒို အတြက္ အီတလီရဲ့ ဥပေဒအရ(၁၀) ရက္ ေနထိုင္ရမယ့္ အခ်ိန္က ပထမေဆးစစ္ခ်က္အရလုံေလာက္ေပမယ့္ ယခုထပ္မံထြက္ရွိလာတဲ့ ဒုတိယအႀကိမ္စစ္ေဆးခ်က္ရလာဒ္အရေတာ့ ရႈတ္ေထြးမႈ႔ရွိလာခဲ့ပါတယ္။ ယူဗင္းတပ္စ္ အသင္းအေနနဲ႔ သူတို႔ၾကယ္ပြင့္ကို ဘာစီလိုနာ နဲ႔ ယွဥ္ၿပိဳင္မယ့္ ပြဲမွာ မျဖစ္မေနအသုံးျပဳခ်င္ရင္ UEFA သတ္မွတ္ခ်က္အရ ပြဲမကစားမွီ တစ္ပတ္မွာ ပိုးမေတြ႕ရွိေၾကာင္း ရလာဒ္ထြက္ရွိထားဖို႔လိုအပ္ပါလိမ့္မယ္။

ထိုအတြက္ေၾကာင့္လည္း ယေန႔ မွာ စစ္ေဆးခဲ့တာျဖစ္ၿပီး ပိုးရွိေနဆဲျဖစ္လို႔ ေရာ္နယ္ဒိုအတြက္ေရာ ယူဗင္းတပ္စ္ အတြက္ပါစိတ္ပ်က္စရာျဖစ္လာေစပါတယ္။သို႔ေပမယ့္ အတည္မျပဴနိုင္ေသးတဲ့သတင္းေတြ နဲ႔ ေရာ္နယ္ဒို အမာခံေတြရဲ့အဆိုအရေတာ့ ပြဲမကစားမွီ (၂၄) နာရီအတြင္း ပိုးမရွိေၾကာင္းအေျဖျပန္ုင္ရင္ ဝင္ေရာက္ကစားခြင့္ရွိတယ္လို႔လည္းဆ္ုေနၾကပါေသးတယ္။ သာမန္အေျခအေနမွာေတာ့ ပိုးရွိေနဆဲျဖစ္လို႔ ေရာ္နယ္ဒို အေနနဲ႔ မက္ဆီနဲ႔ ယွဥ္ၿပိဴင္ရမယ့္ပြဲကိုေသခ်ာေပါက္လြဲေခ်ာ္နိုင္ေခ်မ်ားေနပါတယ္။

သို႔ေပမယ့္လည္း ေရာ္နယ္ဒို ျဖစ္ေနတာေၾကာင့္ အေျခအေနေတြကတမ်ိဳးတမည္ ေျပာင္းလဲသြားနိုင္သလို ပရိတ္သတ္ေတြအပါဝင္ ယူဗင္းတပ္စ္အသင္းနဲ႔ UEFA တာဝန္ရွိသူေတြကလည္း ေရာ္နယ္ဒိူကို မျဖစ္မေန မက္ဆီနဲ႔ယွဥ္ၿပိဳင္မယ့္ပြဲမွာ ပါဝင္လိုေနမွာအေသခ်ာပါပဲ။ ေရာ္နယ္ဒိုအေနနဲ႔ ကေတာ့လက္ရွိမွာ အိမ္တြင္းေလ့က်င့္ခန္းေတြနဲ႔ ကာယေလ့က်င့္ခန္းေတြျပဳ လုပ္ေနၿပီး သူအဆင္ေျပေၾကာင္းသိရွိေစဖိူ႔လူမႈ႔ကြန္ရက္ေတြကေန ဆက္တိုက္ ပုံေတြ တင္ေပး‌တာမ်ိဳး ျပဳလုပ္ေပးေနခဲ့ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *