ခြေစွမ်းပြပြီဟေ့ဆို ဒဏ်ရာရတတ်တဲ့ ကံဆိုးမှုကို မရှောင်လွှဲနိုင်သေးတဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်

အဲဗာတန်အသင်းရဲ့ ယခုရာသီ ကားလိုစ့်အန်စလော့တီ လက်အောက် ခြေစွမ်းပြနေမှု့က အတော်လေး အားရစရုကောင်းခဲ့သလို ပရီးမီးယားလိဂ်ဖလားကို မာဆေးဆိုဒ် ရဲ့အပြာရောင်အခြမ်းက ထိန်းသိမ်းနိုင်တော့မှာလားဆိုတဲ့မေးခွန်းတွေ ပရီးမီးယားလိဂ် ရပ်ဝန်းမှာ ပျံနှံသွားခဲ့ပါသေးတယ်။ အလန်၊ဒွန်ကူရာ၊ဟားမိစ့်ရိုဒရီဂွတ်ဇ် တို့ကိုခေါ်ယူပြီးနောက် ကလိုက်ဗက်လီဝင် ကိုပထမတန်းအဆင့်တိုက်စစ်မှုးဖြစ်လာအောင် ပုံပြောင်းပေးခဲ့တဲ့နောက် အဲဗာတန် အသင်းရဲ့ ကစားကွက်အလိုက်နဲ့ တစ်ဦးချင်းကစားအားက တိုးတက်လာခဲ့သလို လက်ရှိမှာလည်း ပရီးမီးယားလိဂ်အဆင့်တစ်နေရာကိုသိမ်းပိုက်ထားခဲ့ပါတယ်။

အဲဗာတန်အတွက် ရိုဒရီဂွတ်ဇ်က အဓိကဘခြေစွမ်းပြနေပြီး ယခုလာမယ့်တစ်ပတ် ပွဲစဉ်ဖြစ်တဲ့ ဆောက်တပ်တန် နဲ့ ပွဲကိုတော့ လွဲချော်မယ့်အကြောင်းနည်းပြ ကားလိုစ့်က အတည်ပြုခဲ့ပါတယ်။အန်စလော့တီက “ကံမကောင်းစွာနဲ့ပဲဂျိမ်းစ် က လီဗာပူးလ်နဲ့ ပွဲမှာ ဒဏ်ရာပြသနာအချို့ရှိနေခဲ့ပါတယ်။ပွဲအစပိုင်းမှာ သူနဲ့ ဗန်ဒိုက်ထိခိုက်ခဲ့မိတာဖြစ်ပြီး ဆောက်တပ်တန် နဲ့ ပွဲမှာ သူပါဝင်ဖို့မသေချာတော့ပါဘူး။ကျနော်တို့ကပြီးခဲ့တဲ့ရက်တွေထဲကဘဒီအခြေအနေအတွက် ပြင်ဆင်ထားပြီးဖြစ်သလို အကောင်းဆုံးဖြစ်မယ့် လူစာရင်းကိုလည်းရွေးချယ်ပွဲထုတ်သွားမှာပါ”

အဲလက်စ် က အလုပ်ကြိုးစားတဲ့ကစားသမားတစ်ယောက်ဖြစ်သလို သူ့ရဲ့အရည်အသွေးအရဒီလိုပွဲမျိုးမှာသေချာပေါက် ခြေစွမ်းပြနိုင်ပါလိမ့်မယ်။သူ့အနေနဲ့ ပွဲထွက်ခွင့်ရနိုင်သလို ကျနော်တို့မှာ ဘားနဒ် နဲ့ အန်သိုနီဂေါ်ဒွန်တို့လည်း ရှိသေးလို့ ရီချက်လီဆင်နဲ့ ရိုဒရီဂွတ်ဇ် နေရာကိုအစားထိုင်းနိုင်သူတွေ များစွာရှ်ပါတယ်”လို့ဆိုပါတယ်။ အဲဗာတန် ရဲ့ ယခုရာသီ အမြင့်ပျံနေမှု့မှာ ဟားမိစ့်ရိုဒရီဂွတ်ဇ် က အခရာကျနေပြီး ကိုလံဘီယာ တိုက်စစ်ကစားသမားက ပရီးမီးယားလိဂ် (၅) ပွဲမှာအခွင့်အရေးဖန်တီးမှု့ (၁၅) ကြိမ်နဲ့ အကောင်းဆုံးခြေစွမ်းပြနေတာဖြစ်ပါတယ်။

သို့ပေမယ့်လည်း ကံမကောင်းစွာပဲ ယခုတစ်ပတ်ယှဉ်ပြိုင်ရမယ့် ဆောက်တပ်တန်နဲ့ ပွဲကိုတော့ လွဲချော်မှာဖြစ်တယ်လို့အန်စလော့တီက အတည်ပြုလိုက်တဲ့နောက်အဲဗာတန် အသင်းရဲ့ ပထမဆုံး ရိုဒရီဂွတ်ဇ်မပါဝင်တဲ့ ပွဲရဲ့ အခြေအနေကိုမြင်တွေ့ရမှာလည်းဖြစ်ပါတယ်။အဲဗာတန်အသင်းမှာ ဂူလ်ဖီဆီဂတ်ဆန် ရှိသေးပေမယ့် ရီချက်လီဆင် လည်း ပွဲပယ်ပြစ်ဒဏ်ကြောင့်မပါဝင်နိုင်လို့ ရိုဒရီဂွတ်ဇ် မပါဝင်နိုင်မယ့် သတင်းက အပြာရောင်မာဆေးဆိုဒ်သားတွေအတွက်စိတ်ပျက်စရာဖြစ်လာခဲ့ပါတယ်။

Zawgyi

အဲဗာတန္အသင္းရဲ့ ယခုရာသီ ကားလိုစ့္အန္စေလာ့တီ လက္ေအာက္ ေျခစြမ္းျပေနမႈ႔က အေတာ္ေလး အားရစ႐ုေကာင္းခဲ့သလို ပရီးမီးယားလိဂ္ဖလားကို မာေဆးဆိုဒ္ ရဲ့အျပာေရာင္အျခမ္းက ထိန္းသိမ္းနိုင္ေတာ့မွာလားဆိုတဲ့ေမးခြန္းေတြ ပရီးမီးယားလိဂ္ ရပ္ဝန္းမွာ ပ်ံႏွံသြားခဲ့ပါေသးတယ္။ အလန္၊ဒြန္ကူရာ၊ဟားမိစ့္ရိုဒရီဂြတ္ဇ္ တို႔ကိုေခၚယူၿပီးေနာက္ ကလိုက္ဗက္လီဝင္ ကိုပထမတန္းအဆင့္တိုက္စစ္မႈးျဖစ္လာေအာင္ ပုံေျပာင္းေပးခဲ့တဲ့ေနာက္ အဲဗာတန္ အသင္းရဲ့ ကစားကြက္အလိုက္နဲ႔ တစ္ဦးခ်င္းကစားအားက တိုးတက္လာခဲ့သလို လက္ရွိမွာလည္း ပရီးမီးယားလိဂ္အဆင့္တစ္ေနရာကိုသိမ္းပိုက္ထားခဲ့ပါတယ္။

အဲဗာတန္အတြက္ ရိုဒရီဂြတ္ဇ္က အဓိကဘေျခစြမ္းျပေနၿပီး ယခုလာမယ့္တစ္ပတ္ ပြဲစဥ္ျဖစ္တဲ့ ေဆာက္တပ္တန္ နဲ႔ ပြဲကိုေတာ့ လြဲေခ်ာ္မယ့္အေၾကာင္းနည္းၿပ ကားလိုစ့္က အတည္ျပဳခဲ့ပါတယ္။အန္စေလာ့တီက “ကံမေကာင္းစြာနဲ႔ပဲဂ်ိမ္းစ္ က လီဗာပူးလ္နဲ႔ ပြဲမွာ ဒဏ္ရာျပသနာအခ်ိဳ႕ရွိေနခဲ့ပါတယ္။ပြဲအစပိုင္းမွာ သူနဲ႔ ဗန္ဒိုက္ထိခိုက္ခဲ့မိတာျဖစ္ၿပီး ေဆာက္တပ္တန္ နဲ႔ ပြဲမွာ သူပါဝင္ဖို႔မေသခ်ာေတာ့ပါဘူး။က်ေနာ္တို႔ကၿပီးခဲ့တဲ့ရက္ေတြထဲကဘဒီအေျခအေနအတြက္ ျပင္ဆင္ထားၿပီးျဖစ္သလို အေကာင္းဆုံးျဖစ္မယ့္ လူစာရင္းကိုလည္းေရြးခ်ယ္ပြဲထုတ္သြားမွာပါ”

အဲလက္စ္ က အလုပ္ႀကိဳးစားတဲ့ကစားသမားတစ္ေယာက္ျဖစ္သလို သူ႔ရဲ့အရည္အေသြးအရဒီလိုပြဲမ်ိဳးမွာေသခ်ာေပါက္ ေျခစြမ္းျပနိုင္ပါလိမ့္မယ္။သူ႔အေနနဲ႔ ပြဲထြက္ခြင့္ရနိုင္သလို က်ေနာ္တို႔မွာ ဘားနဒ္ နဲ႔ အန္သိုနီေဂၚဒြန္တို႔လည္း ရွိေသးလို႔ ရီခ်က္လီဆင္နဲ႔ ရိုဒရီဂြတ္ဇ္ ေနရာကိုအစားထိုင္းနိုင္သူေတြ မ်ားစြာရွ္ပါတယ္”လို႔ဆိုပါတယ္။ အဲဗာတန္ ရဲ့ ယခုရာသီ အျမင့္ပ်ံေနမႈ႔မွာ ဟားမိစ့္ရိုဒရီဂြတ္ဇ္ က အခရာက်ေနၿပီး ကိုလံဘီယာ တိုက္စစ္ကစားသမားက ပရီးမီးယားလိဂ္ (၅) ပြဲမွာအခြင့္အေရးဖန္တီးမႈ႔ (၁၅) ႀကိမ္နဲ႔ အေကာင္းဆုံးေျခစြမ္းျပေနတာျဖစ္ပါတယ္။

သို႔ေပမယ့္လည္း ကံမေကာင္းစြာပဲ ယခုတစ္ပတ္ယွဥ္ၿပိဳင္ရမယ့္ ေဆာက္တပ္တန္နဲ႔ ပြဲကိုေတာ့ လြဲေခ်ာ္မွာျဖစ္တယ္လို႔အန္စေလာ့တီက အတည္ျပဳလိုက္တဲ့ေနာက္အဲဗာတန္ အသင္းရဲ့ ပထမဆုံး ရိုဒရီဂြတ္ဇ္မပါဝင္တဲ့ ပြဲရဲ့ အေျခအေနကိုျမင္ေတြ႕ရမွာလည္းျဖစ္ပါတယ္။အဲဗာတန္အသင္းမွာ ဂူလ္ဖီဆီဂတ္ဆန္ ရွိေသးေပမယ့္ ရီခ်က္လီဆင္ လည္း ပြဲပယ္ျပစ္ဒဏ္ေၾကာင့္မပါဝင္နိုင္လို႔ ရိုဒရီဂြတ္ဇ္ မပါဝင္နိုင္မယ့္ သတင္းက အျပာေရာင္မာေဆးဆိုဒ္သားေတြအတြက္စိတ္ပ်က္စရာျဖစ္လာခဲ့ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *