ဖာတီပြေးပုံက ရဲဖမ်းလို့ပြေးရတဲ့ ခိုးဝင်လူမည်းတွေလိုပဲလို့ ပြောခဲ့လို့ တရားစွဲခံရတော့မယ့် သတင်းဌာန

ဘာစီလိုနာရဲ့ ကြယ်တစ်ပွင့်ဖြစ်ပြီး စပိန်လက်ရွေးစင် စီနီယာအဆင့်ကို အသက် (၁၇) မှာ ရရှိခဲ့တဲ့ ဖာတီ အတွက် အရာရာက လှပပြည့်စုံနေသည့်တိုင် မီဒီယာကတော့ အကျည်းတန်ရုပ်ဆိုးတဲ့ညနေခင်းတစ်ခုကိုဖန်တီးလိုက်ပြန်ပါတယ်။ဘာစီလိုနာ အသင်းရဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာ ဖာတီက သွင်းဂိုးတစ်ဂိုးရယူခဲ့သလို ခြေစွမ်းပြကစားခဲ့တာကြောင့် ပွဲအပြီး ရဗျူး ပြန်ရေးမှာ ဖာတီ ရဲ့ခြေစွမ်းကိုချီးကျုးရင်းလက်လွန်သွားခဲ့တာဖြစ်ပါတယ်။

ABS news လို့အမည်ရတဲ့ သတင်းဌာနက‌တင်ပြခဲ့တာဖြစ်ပြီး စပိန်အားကစားကောင်စီ အဖွဲ့ဝင်လည်းဖြစ်တဲ့ ဂျာနယ်လစ်ကရေးသားခဲ့တာကြောင့် ဘာစီလိုနာအသင်းဖက်ကအတော်လေးဒေါသထွက်နေပြီး ယနေ့ ဥပဒေကြောင်းအရ ဖြေရှင်းမယ်လို့ဆိုပါတယ်။ ဘာစီလိုနာ လူငယ်တိုက်စစ်မှုးဖာတီ ရဲ့ပြေးအားကို အဆိုပါသတင်းဌာနကဖော်ပြခဲ့ရာမှာ “ခိုးဝင်တစ်ယောက် ရဲတွေ့လို့ ပြေးသလိုပဲ” လို့တင်စားခဲ့ပြီး ဖာတီ ကို စပိန်လူမျိုး စပ် ဖြစ်တာကြောင့် လူမျိုးရေးအရခွဲခြား တဲ့အသုံးနှုန်းကို အသုံးပြုခဲ့တာဖြစ်ပါတယ်။

ဖာတီက ပေါ်တူဂီ မိဘကနေဆင်းသက်လာသူဖြစ်ပေမယ့် စပိန်‌မြေကို ရောက်ရှိနေတာ ကြာမြင့်ပြီဖြစ်ပြီး လက်ရှိစပိန်စီနီယာ ကစားသမားဘဝကိုဆယ်ကျော်သက်မှာရရှိထားသူလည်းဖြစ်ပါတယ်။ပေါ်တူဂီအသင်းက ကိုယ်စားပြုဖို့ကမ်းလှမ်းခဲ့ဖူးပေမယ့်လည်းဖာတီက စပိန်အတွက်သာ ကစားပေးခဲ့ပေမယ့် စပိန်ရဲ့ အစွန်းရောက်မီဒီယာ‌တွေကတော့ လူငယ်ကစားသမားလေးကို ပြစ်မှတ်ထားလာဟန်ရှိပါတယ်။

BARCELONA, SPAIN – SEPTEMBER 27: Ansu Fati of FC Barcelona celebrates with teammates after scoring his sides second goal during the La Liga Santander match between FC Barcelona and Villarreal CF at Camp Nou on September 27, 2020 in Barcelona, Spain. Football Stadiums around Europe remain empty due to the Coronavirus Pandemic as Government social distancing laws prohibit fans inside venues resulting in fixtures being played behind closed doors. (Photo by David Ramos/Getty Images)

အဆိုပါသတင်းဌာနက စပိန်အစွန်းရောက်ဖက်ဆစ် သတင်းဌာနအဖြစ်နာမည်ကြီးပြီး စပိန်လူမျိုးရေးပြင်းထန်တဲ့ အဖွဲ့စည်းတစ်ခုဖြစ်တယ်လို့ မီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။ဘာစီလိုနာ အသင်းဖော် ဂရဇ်မန်းကတော့ အဆိုပါ သတင်းကို ကူးယူဖော်ပြပြီး ဖာတီလို လူငယ်ကစားသမားကို ယခုလိုမစွပ်စွဲကြဖို့ လူမှု့ကွန်ရက်ကနေသတိပေးခဲ့ပါသေးတယ်။ဘာစီလိုနာကတော့ အသင်းရှေ့နေတွေကနေတစ်ဆင့် အဆိုပါဖြစ်ရပ်ကို ဥပဒေကြောင်းအရ ကိုင်တွယ်သွားမှာဖြစ်ပြီး သူတို့ရဲ့အနာဂတ်ကြယ်ပွင့်အတွက် ဖက်ဆစ်မီဒီယာ အဖွဲ့စည်းကို တရာစွဲဆိုသွားမယ်လို့ဆိုပါတယ်။

Zawgyi

ဘာစီလိုနာရဲ့ ၾကယ္တစ္ပြင့္ျဖစ္ၿပီး စပိန္လက္ေရြးစင္ စီနီယာအဆင့္ကို အသက္ (၁၇) မွာ ရရွိခဲ့တဲ့ ဖာတီ အတြက္ အရာရာက လွပျပည့္စုံေနသည့္တိုင္ မီဒီယာကေတာ့ အက်ည္းတန္႐ုပ္ဆိုးတဲ့ညေနခင္းတစ္ခုကိုဖန္တီးလိုက္ျပန္ပါတယ္။ဘာစီလိုနာ အသင္းရဲ့ ဂိုးျပတ္အနိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ အဖြင့္ပြဲစဥ္မွာ ဖာတီက သြင္းဂိုးတစ္ဂိုးရယူခဲ့သလို ေျခစြမ္းျပကစားခဲ့တာေၾကာင့္ ပြဲအၿပီး ရဗ်ဴး ျပန္ေရးမွာ ဖာတီ ရဲ့ေျခစြမ္းကိုခ်ီးက်ဳးရင္းလက္လြန္သြားခဲ့တာျဖစ္ပါတယ္။

ABS news လို႔အမည္ရတဲ့ သတင္းဌာနက‌တင္ျပခဲ့တာျဖစ္ၿပီး စပိန္အားကစားေကာင္စီ အဖြဲ႕ဝင္လည္းျဖစ္တဲ့ ဂ်ာနယ္လစ္ကေရးသားခဲ့တာေၾကာင့္ ဘာစီလိုနာအသင္းဖက္ကအေတာ္ေလးေဒါသထြက္ေနၿပီး ယေန႔ ဥပေဒေၾကာင္းအရ ေျဖရွင္းမယ္လို႔ဆိုပါတယ္။ ဘာစီလိုနာ လူငယ္တိုက္စစ္မႈးဖာတီ ရဲ့ေျပးအားကို အဆိုပါသတင္းဌာနကေဖာ္ျပခဲ့ရာမွာ “ခိုးဝင္တစ္ေယာက္ ရဲေတြ႕လို႔ ေျပးသလိုပဲ” လို႔တင္စားခဲ့ၿပီး ဖာတီ ကို စပိန္လူမ်ိဳး စပ္ ျဖစ္တာေၾကာင့္ လူမ်ိဳးေရးအရခြဲျခား တဲ့အသုံးႏႈန္းကို အသုံးျပဳခဲ့တာျဖစ္ပါတယ္။

ဖာတီက ေပၚတူဂီ မိဘကေနဆင္းသက္လာသူျဖစ္ေပမယ့္ စပိန္‌ေျမကို ေရာက္ရွိေနတာ ၾကာျမင့္ၿပီျဖစ္ၿပီး လက္ရွိစပိန္စီနီယာ ကစားသမားဘဝကိုဆယ္ေက်ာ္သက္မွာရရွိထားသူလည္းျဖစ္ပါတယ္။ေပၚတူဂီအသင္းက ကိုယ္စားျပဳဖို႔ကမ္းလွမ္းခဲ့ဖူးေပမယ့္လည္းဖာတီက စပိန္အတြက္သာ ကစားေပးခဲ့ေပမယ့္ စပိန္ရဲ့ အစြန္းေရာက္မီဒီယာ‌ေတြကေတာ့ လူငယ္ကစားသမားေလးကို ျပစ္မွတ္ထားလာဟန္ရွိပါတယ္။

အဆိုပါသတင္းဌာနက စပိန္အစြန္းေရာက္ဖက္ဆစ္ သတင္းဌာနအျဖစ္နာမည္ႀကီးၿပီး စပိန္လူမ်ိဳးေရးျပင္းထန္တဲ့ အဖြဲ႕စည္းတစ္ခုျဖစ္တယ္လို႔ မီဒီယာေတြကေဖာ္ျပခဲ့ၾကပါတယ္။ဘာစီလိုနာ အသင္းေဖာ္ ဂရဇ္မန္းကေတာ့ အဆိုပါ သတင္းကို ကူးယူေဖာ္ျပၿပီး ဖာတီလို လူငယ္ကစားသမားကို ယခုလိုမစြပ္စြဲၾကဖို႔ လူမႈ႔ကြန္ရက္ကေနသတိေပးခဲ့ပါေသးတယ္။ဘာစီလိုနာကေတာ့ အသင္းေရွ႕ေနေတြကေနတစ္ဆင့္ အဆိုပါျဖစ္ရပ္ကို ဥပေဒေၾကာင္းအရ ကိုင္တြယ္သြားမွာျဖစ္ၿပီး သူတို႔ရဲ့အနာဂတ္ၾကယ္ပြင့္အတြက္ ဖက္ဆစ္မီဒီယာ အဖြဲ႕စည္းကို တရာစြဲဆိုသြားမယ္လို႔ဆိုပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *