ဆွစ်ဇာလန်နောက်ခံလူ ကို ခေါ်ယူဖို့ ယူနိုက်တက် နဲ့အပြိုင်ဖြစ်လာတဲ့ ချယ်လ်ဆီး ၊ မန်စီးတီး

မိုချန်ဂလာဘတ် အသင်းရဲ့ကွင်းလယ်ခံစစ်ကစားသမား ဇာခါရီရာ ကို ဥရောပအသင်းကြီး အများအပြားက မျက်စိကျလာတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

ဇာခါရီရာ ကို လက်ရှိအချိန်မှာ မန်ချက်စတာယူနိုက်တက် အသင်းအပြင် ချယ်လ်ဆီးနဲ့ မန်စီးတီး အသင်းတို့ကလည်း စိတ်ဝင်စားလာကြတာဖြစ်ပါတယ်။

မိုချန်ဂလာဘတ် ကစားသမားကို လီဗာပူးလ် အသင်းကလည်း အရင်က ကာလကြာရှည်စိတ်ဝင်စားခဲ့ပြီး မန်ချက်စတာယူနိုက်တက် နဲ့ မန်စီးတီး အသင်းတို့ကလည်း မကြာသေးခင် က ချိတ်ဆက်ခဲ့ကြပါတယ်။

အသက်(၂၃)နှစ်အရွယ်ကစားသမားဟာ အခုနှစ်ရာသီဘွန်ဒစ်လီဂါ ပြိုင်ပွဲမှာ မိုချန်ဂလာဘတ် အသင်းအတွက် ခြေစွမ်းပြနေတာဖြစ်ပြီး ဆွစ်ဇာလန် လက်ရွေးစင် အသင်းမှာလည်း ပုံမှန်ကစားခွင့်ရရှိနေတာဖြစ်ပါတယ်။

ဂျာမနီသတင်းစာ Bild ရဲ့ဖော်ပြမှုအရ ဇာခါရီရာ ကို ခေါ်ယူဖို့ ချယ်လ်ဆီး အသင်းက မျက်စိကြနေတာနဲ့ အတူ အင်္ဂလန်ကလပ်အသင်းတွေက စိတ်ဝင်စားနေကြတယ်လို့ ဆိုထားပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းမှာ ကွင်းလယ်ကစားသမားတွေအများအပြားရှိပေမယ့် ကွင်းလယ်ခံစစ်ပိုင်း ပိုမိုအားကောင်းဖို့ မိုချန်ဂလာဘတ် ကစားသမားကို စိတ်ဝင်စားနေတာဖြစ်ပါတယ်။

GENEVA, SWITZERLAND – OCTOBER 15: Denis Zakaria of Switzerland looks on during the UEFA Euro 2020 qualifier between Switzerland and Republic of Ireland on October 15, 2019 in Geneva, Switzerland. (Photo by TF-Images/Getty Images)

ချယ်လ်ဆီး အသင်းနည်းပြ လမ်းပတ်ကလည်း အသင်းရဲ့ခံစစ်ပိုင်းကို ပိုမိုအားကောင်းစေဖို့ အတွက် ဇာခါရီရာ ကို စိတ်ဝင်စားနေတာဖြစ်ပါတယ်။ချယ်လ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က ပေါင်သန်း (၂၂၀) ကျော်အသုံးပြုပြီး ကစားသမားအများအပြား ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi

မိုခ်န္ဂလာဘတ္ အသင္းရဲ့ကြင္းလယ္ခံစစ္ကစားသမား ဇာခါရီရာ ကို ဥေရာပအသင္းႀကီး အမ်ားအျပားက မ်က္စိက်လာတယ္လို႔ သတင္းေတြမွာ ေဖာ္ျပပါတယ္။

ဇာခါရီရာ ကို လက္ရွိအခ်ိန္မွာ မန္ခ်က္စတာယူနိုက္တက္ အသင္းအျပင္ ခ်ယ္လ္ဆီးနဲ႔ မန္စီးတီး အသင္းတို႔ကလည္း စိတ္ဝင္စားလာၾကတာျဖစ္ပါတယ္။

မိုခ်န္ဂလာဘတ္ ကစားသမားကို လီဗာပူးလ္ အသင္းကလည္း အရင္က ကာလၾကာရွည္စိတ္ဝင္စားခဲ့ၿပီး မန္ခ်က္စတာယူနိုက္တက္ နဲ႔ မန္စီးတီး အသင္းတို႔ကလည္း မၾကာေသးခင္ က ခ်ိတ္ဆက္ခဲ့ၾကပါတယ္။

အသက္(၂၃)ႏွစ္အရြယ္ကစားသမားဟာ အခုႏွစ္ရာသီဘြန္ဒစ္လီဂါ ၿပိဳင္ပြဲမွာ မိုခ်န္ဂလာဘတ္ အသင္းအတြက္ ေျခစြမ္းျပေနတာျဖစ္ၿပီး ဆြစ္ဇာလန္ လက္ေရြးစင္ အသင္းမွာလည္း ပုံမွန္ကစားခြင့္ရရွိေနတာျဖစ္ပါတယ္။

ဂ်ာမနီသတင္းစာ Bild ရဲ့ေဖာ္ျပမႈအရ ဇာခါရီရာ ကို ေခၚယူဖို႔ ခ်ယ္လ္ဆီး အသင္းက မ်က္စိၾကေနတာနဲ႔ အတူ အဂၤလန္ကလပ္အသင္းေတြက စိတ္ဝင္စားေနၾကတယ္လို႔ ဆိုထားပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္းမွာ ကြင္းလယ္ကစားသမားေတြအမ်ားအျပားရွိေပမယ့္ ကြင္းလယ္ခံစစ္ပိုင္း ပိုမိုအားေကာင္းဖို႔ မိုခ်န္ဂလာဘတ္ ကစားသမားကို စိတ္ဝင္စားေနတာျဖစ္ပါတယ္။

ခ်ယ္လ္ဆီး အသင္းနည္းၿပ လမ္းပတ္ကလည္း အသင္းရဲ့ခံစစ္ပိုင္းကို ပိုမိုအားေကာင္းေစဖို႔ အတြက္ ဇာခါရီရာ ကို စိတ္ဝင္စားေနတာျဖစ္ပါတယ္။ခ်ယ္လ္ဆီး အသင္းဟာ ၿပီးခဲ့တဲ့ အေျပာင္းအေရႊ႕က ေပါင္သန္း (၂၂၀) ေက်ာ္အသုံးျပဳၿပီး ကစားသမားအမ်ားအျပား ေခၚယူခဲ့တာလည္းျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *