အိုဇေးလ်ကို ပညာပြပြီး ချန်လှပ်ခဲ့တာမဟုတ်ပါဘူးလို့ ဗြောင်ငြင်းခဲ့တဲ့ အာတီတာ

အာဆင်နယ်အသင်းနည်းပြ အာတီတာက ကွင်းလယ်ကြယ်ပွင့် အိုဇေးလ်ကို အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်လူစာရင်းကနေ ချန်လှပ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ ဘောလုံးပိုင်းဆိုင်ရာဆုံးဖြတ်ချက်စစ်စစ်သာဖြစ်ပြီး လစာလျှော့ယူဖို့ ငြင်းပယ်တဲ့အတွက် တုံ့ပြန်မှုမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဂျာမနီလက်ရွေးစင်ဟောင်း အိုဇေးလ်ဟာ တစ်ပတ်လုပ်ခလစာ ပေါင် ၃၅၀၀၀၀ နဲ့ အာဆင်နယ်မှာ လစာအများဆုံးရရှိနေတဲ့ ကစားသမားဖြစ်ပြီး ယူရိုပါလိဂ်ရော ပရီးမီးယားလိဂ်မှာပါ အသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီးနောက် မြောက်လန်ဒန်အသင်းအတွက် နောက်ထပ်ကစားပေးရဖွယ်မရှိတော့သူဖြစ်ပါတယ်။ အိုဇေးလ်က ပရီးမီးယားလိဂ်လူစာရင်းကနေ ထုတ်ပယ်ခြင်းခံခဲ့ရပြီဖြစ်ကြောင်း အတည်ပြုသိရှိခဲ့ရပြီးနောက် လူမှုကွန်ရက်မှာ ကြေကွဲဝမ်းနည်းဖွယ်ထုတ်ပြန်ကြေညာချက်တစ်ခုကို တင်ခဲ့ပြီး ၎င်းရဲ့အာဆင်နယ်ကစားသမားဘဝကို ကယ်တင်ဖို့အတွက် ဆက်လက်တိုက်ပွဲဝင်ဖို့ ကတိပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာတီတာက အာဆင်နယ်အတွက် အိုဇေးလ် နောက်ထပ်တစ်ကြိမ် ကစားပေးနိုင်ခြေနဲ့ပတ်သက်ပြီး တံခါးပိတ်ခဲ့ပုံရပြီး ဂျာမန်ကွင်းလယ်ကစားသမားကို လူစာရင်းကနေ ထုတ်ပယ်ခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် ကာကွယ်ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

“အားလုံးက သူတို့ရဲ့ ခံစားချက်တွေကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ခွင့်ရှိပါတယ်။ ကျွန်တော့်ရဲ့အသိစိတ်က အရမ်းတည်ငြိမ်နေပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် သူနဲ့ပတ်သက်ပြီး အရမ်းကို တရားမျှတခဲ့လို့ပါ။ ကျွန်တော့်ရဲ့ သူနဲ့ ပြောဆိုဆက်ဆံရေးအဆင့်ကလည်း အရမ်းကို မြင့်မားခဲ့ပါတယ်”

“ကျွန်တော် ဒီစာရင်းထဲက ကစားသမား ၃ ဦးကို ချန်ထားခဲ့ရတဲ့အတွက် ဝမ်းနည်းမိပါတယ်။ ကျွန်တော် ပြောချင်တာက မျက်လုံးထဲမှာ အားလုံးကို ကြည့်ဖို့နဲ့ သူတို့နဲ့ပတ်သက်ပြီး သက်တောင့်သက်သာရှိဖို့ ကြိုးစားနေပါတယ်”

“မီဆွတ်နဲ့ ကျွန်တော် ဒီခံစားချက်မျိုးရှိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က ဒီအသင်းကို စရောက်လာကတည်းက အရမ်းရိုးဖြောင့်ခဲ့လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *