လာလီဂါ ထီးနန်းအပြောင်းလဲမှာ ဇီဒန်း နဲ့ ကိုးမန်း ကို ထားခဲ့ လိုက်…

ကမ္ဘာကြီးက အချိန်တိုင်းပြောင်းလဲနေသလို ဒီရေ တွေက အတက် အကျ ရှိစမြဲပါပဲ။ ကမ္ဘာပေါ်မှာ အင်ပါယာကြီးတွေကိုအုပ်စိုးခဲ့တဲ့ ဧက္ကရဇ် များစွာ ထွက်ပေါ်ခဲ့ဖူးသလို အချိန်တန်ရင်တော့ နေဝင်‌သွားတဲ့နောက် ကွယ်မြုပ်သွားစမြဲပါ။သမုဒ္ဒရာကြမ်းပြင်အောက်က မြို့ဟောင်းကြီးတွေက မမြဲသော အမှန်တရားကိုဖော်ကျူးနေသလို အောင်မြင်ခြင်းဟာ တက်ပြီးရင်ကျသွားတဲ့လှိုင်းလုံးတွေ လို ကမ်းခြေရောက်ရင် တော့ ဦးညွတ်သွားရစမြဲ။

ကမ္ဘာကြီး မှာ အမြဲတမ်း အတွက်ဆိုတဲ့ အမှန်တရားက သေခြင်းတစ်မျိုးသာ ရှိပြီး အောင်မြင်ခြင်းနဲ့ ကျရှုံးခြင်းကြားမှာ မျဉ်းပါးပါးလေးတစ်ကြောင်းသာ ခြားထားတယ်ဆို ဘာစီလိုနာ နဲ့ ရီးရဲလ်မက်ဒရစ် တို့ရဲ့ ကျဆုံးမှု့အချိန်‌ ရောက်လာရင်လည်း အံဩစရာတော့မရှိလှပါဘူး။ လာလီဂါ မှာ တစ်ရက်တည်းယှဉ်ပြိုင်ပြီး ပြိုင်တူ ရှုံးလေ့မရှိခဲ့တဲ့ စပိန်ထိပ်သီး နှစ်သင်းက ရှေ့ဆင့်နောက်ဆင့် ရှုံးနိမ့်သွားသလို လာလီဂါ ရဲ့ အိမ်ဖြည့် အသင်းတွေကို ဒူးထောက်ခဲ့ရတာက အရှက်ရစရာ ရှုံးနိမ့်မှု့လိုဆိုရပါလိမ့်မယ်။

ဒီရာသီမှာ ကစားသမားအဝင်မရှိသလို သန်းရာကျော်တန်ကစားသမားဆီက တစ်ရာသီလုံးနေမှသွင်းဂိုးတစ်ဂိုးသာ ရခဲ့တဲ့ ရီးရဲလ်နဲ့ သုံးယောက်ပေါင်းတန်ကြေး သန်း (၅၀၀) နီးပါး ရှိပေမယ့် အသင်းအတွက်ပြောင်းလဲခြင်း သင်ခန်းစာမှာ ကျရှုံးခြင်းကိုပဲ စာအုပ်လှန်နေတဲ့ ဂရဇ်မန်းတို့တသိုက်နဲ့ဘာစီလိုနာ ရဲ့ ကျဆင်းသွားမှု့က ယ‌ခုရာသီမှာ လာလီဂါထီးနန်းကို ပါအပြောင်းလဲဖြစ်စေနိုင်ပါတယ်။ယခုတစ်ပတ်မှာ ရှုံးနိမ့်ခဲ့တဲ့ စပိန်ထိပ်သီးနှစ်သင်းရဲ့ထူးခြားချက်ကတော့ နှစ်သင်းလုံး ပန်းရောင်ဂျာစီ ဝတ်ဆင်ကာ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ပန်းရောင်နဲ့အကျိုးမပေးဘူးလို့ဆိုရပါလိမ့်မယ်။

ဘာစီလိုနာက နည်းပြသစ်ကိုးမန်းနဲ့မတည်ငြိမ်ခြင်း ဖတ်စာမှာ နံပတ်တစ်ဆွဲနေသလို ရီးရဲလ်ရဲ့ ကုဋေရှစ်ဆယ်သူဌေးသားပြဇာတ်အဆုံးမှာ ငွေပြန်ရှာနေရတဲ့အချိန်ဖြစ်လို့ စပိန်ထီးနန်းက ဒီတစ်ချိန်တော့ ကြံတိုင်းလွဲ ဆီမြွန်နီ အတွက် ဖြစ်လာနိုင်ချေများနေပါတယ်။ ဆီမြွန်တစ်ယောက် လာလီဂါနန်းကိုသိမ်းဖို့ နည်းမျိုးစုံသုံးပြီးကြိုးစား‌ခဲ့ပေမယ့် မရတဲ့အဆုံး ကော်စတာကို ဆွာရက်ဇ် ပါ ထပ်ပေါင်းပေးပြီး ဉာဏ်နီဉာဏ်နက် ထက်ပိုမြင့်တဲ့ ယုတ်မာကောက်ကျစ်မှု့တွေပေါင်းထည့်ထားတဲ့နောက် လာလီဂါနန်းဟာ ဒီတစ်ကြိမ်မှာ တော့ ဝန်ဒါမက်ထရိုပိုလီတာနို မှာ စိုက် ရဖို့များနေပါတယ်။ ဘာစီလိုနာကိုလက်စားချေလိုပြီး ဉာဏ်များလွန်းတဲ့ ဆွာရက်ဇ် ၊ ပွဲထဲမှာဘယ်တုံးကမှမရိုးသားခဲ့ဖူးတဲ့ ကော်စတာ နဲ့ အနိုင်ရဖို့ ဘာမဆိုရင်းရဲတဲ့ ‌ဆီမြွန်နီ တို့တွေ့ဆုံမှု့က ဇီဒန်းနဲ့ ကိုးမန်းကို နောက်ကောက်ချနိုင်မလားဆိုတာတော့………..

Zawgyi

ကမၻာႀကီးက အခ်ိန္တိုင္းေျပာင္းလဲေနသလို ဒီေရ ေတြက အတက္ အက် ရွိစျမဲပါပဲ။ ကမၻာေပၚမွာ အင္ပါယာႀကီးေတြကိုအုပ္စိုးခဲ့တဲ့ ဧကၠရဇ္ မ်ားစြာ ထြက္ေပၚခဲ့ဖူးသလို အခ်ိန္တန္ရင္ေတာ့ ေနဝင္‌သြားတဲ့ေနာက္ ကြယ္ျမဳပ္သြားစျမဲပါ။သမုဒၵရာၾကမ္းျပင္ေအာက္က ၿမိဳ႕ေဟာင္းႀကီးေတြက မျမဲေသာ အမွန္တရားကိုေဖာ္က်ဴးေနသလို ေအာင္ျမင္ျခင္းဟာ တက္ၿပီးရင္က်သြားတဲ့လွိုင္းလုံးေတြ လို ကမ္းေျခေရာက္ရင္ ေတာ့ ဦးညြတ္သြားရစျမဲ။

ကမၻာႀကီး မွာ အျမဲတမ္း အတြက္ဆိုတဲ့ အမွန္တရားက ေသျခင္းတစ္မ်ိဳးသာ ရွိၿပီး ေအာင္ျမင္ျခင္းနဲ႔ က်ရႈံးျခင္းၾကားမွာ မ်ဥ္းပါးပါးေလးတစ္ေၾကာင္းသာ ျခားထားတယ္ဆို ဘာစီလိုနာ နဲ႔ ရီးရဲလ္မက္ဒရစ္ တို႔ရဲ့ က်ဆုံးမႈ႔အခ်ိန္‌ ေရာက္လာရင္လည္း အံဩစရာေတာ့မရွိလွပါဘူး။ လာလီဂါ မွာ တစ္ရက္တည္းယွဥ္ၿပိဳင္ၿပီး ၿပိဳင္တူ ရႈံးေလ့မရွိခဲ့တဲ့ စပိန္ထိပ္သီး ႏွစ္သင္းက ေရွ႕ဆင့္ေနာက္ဆင့္ ရႈံးနိမ့္သြားသလို လာလီဂါ ရဲ့ အိမ္ျဖည့္ အသင္းေတြကို ဒူးေထာက္ခဲ့ရတာက အရွက္ရစရာ ရႈံးနိမ့္မႈ႔လိုဆိုရပါလိမ့္မယ္။

ဒီရာသီမွာ ကစားသမားအဝင္မရွိသလို သန္းရာေက်ာ္တန္ကစားသမားဆီက တစ္ရာသီလုံးေနမွသြင္းဂိုးတစ္ဂိုးသာ ရခဲ့တဲ့ ရီးရဲလ္နဲ႔ သုံးေယာက္ေပါင္းတန္ေၾကး သန္း (၅၀၀) နီးပါး ရွိေပမယ့္ အသင္းအတြက္ေျပာင္းလဲျခင္း သင္ခန္းစာမွာ က်ရႈံးျခင္းကိုပဲ စာအုပ္လွန္ေနတဲ့ ဂရဇ္မန္းတို႔တသိုက္နဲ႔ဘာစီလိုနာ ရဲ့ က်ဆင္းသြားမႈ႔က ယ‌ခုရာသီမွာ လာလီဂါထီးနန္းကို ပါအေျပာင္းလဲျဖစ္ေစနိုင္ပါတယ္။ယခုတစ္ပတ္မွာ ရႈံးနိမ့္ခဲ့တဲ့ စပိန္ထိပ္သီးႏွစ္သင္းရဲ့ထူးျခားခ်က္ကေတာ့ ႏွစ္သင္းလုံး ပန္းေရာင္ဂ်ာစီ ဝတ္ဆင္ကာ ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး ပန္းေရာင္နဲ႔အက်ိဳးမေပးဘူးလို႔ဆိုရပါလိမ့္မယ္။

ဘာစီလိုနာက နည္းျပသစ္ကိုးမန္းနဲ႔မတည္ၿငိမ္ျခင္း ဖတ္စာမွာ နံပတ္တစ္ဆြဲေနသလို ရီးရဲလ္ရဲ့ ကုေဋရွစ္ဆယ္သူေဌးသားျပဇာတ္အဆုံးမွာ ေငြျပန္ရွာေနရတဲ့အခ်ိန္ျဖစ္လို႔ စပိန္ထီးနန္းက ဒီတစ္ခ်ိန္ေတာ့ ႀကံတိုင္းလြဲ ဆီႁမြန္နီ အတြက္ ျဖစ္လာနိုင္ေခ်မ်ားေနပါတယ္။ ဆီႁမြန္တစ္ေယာက္ လာလီဂါနန္းကိုသိမ္းဖို႔ နည္းမ်ိဳးစုံသုံးၿပီးႀကိဳးစား‌ခဲ့ေပမယ့္ မရတဲ့အဆုံး ေကာ္စတာကို ဆြာရက္ဇ္ ပါ ထပ္ေပါင္းေပးၿပီး ဉာဏ္နီဉာဏ္နက္ ထက္ပိုျမင့္တဲ့ ယုတ္မာေကာက္က်စ္မႈ႔ေတြေပါင္းထည့္ထားတဲ့ေနာက္ လာလီဂါနန္းဟာ ဒီတစ္ႀကိမ္မွာ ေတာ့ ဝန္ဒါမက္ထရိုပိုလီတာနို မွာ စိုက္ ရဖို႔မ်ားေနပါတယ္။ ဘာစီလိုနာကိုလက္စားေခ်လိုၿပီး ဉာဏ္မ်ားလြန္းတဲ့ ဆြာရက္ဇ္ ၊ ပြဲထဲမွာဘယ္တုံးကမွမရိုးသားခဲ့ဖူးတဲ့ ေကာ္စတာ နဲ႔ အနိုင္ရဖို႔ ဘာမဆိုရင္းရဲတဲ့ ‌ဆီႁမြန္နီ တို႔ေတြ႕ဆုံမႈ႔က ဇီဒန္းနဲ႔ ကိုးမန္းကို ေနာက္ေကာက္ခ်နိုင္မလားဆိုတာေတာ့………..

Leave a Reply

Your email address will not be published. Required fields are marked *