ယူနိုက်တက်ရဲ့ နိုင်ပွဲမှာ အရေးပါခဲ့တဲ့ ဆိုးရှားလ်ရဲ့ ဆုံးဖြတ်ချက် ၃ ခု

နည်းပြကြီး ဆိုးရှားလ်ကတော့ ပြင်သစ်မြေကို သူ့ရဲ့အောင်မြေအလားသတ်မှတ်ထားပုံရပြီးတော့ နိုင်ပွဲနဲ့အတူ ဝေဖန်သံတွေကို တိတ်ဆိတ်စေခဲ့ပြီး ဖိအားတွေအောက်က ခဏတာ ရုန်းထွက်နိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲအတွက် ဆိုးရှားလ်ဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ခဲ့ပြီးတော့ အရေးပါခဲ့တဲ့အချက် ၃ ချက်ရှိပါတယ်။

၁။ ကစားကွက် နေရာချထားမှု

ဒါဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ ခံစစ်အတွက် ဆိုးရှားလ်က ၃ ယောက်တန်းခံစစ်နဲ့ ပွဲထွက်လာခဲ့ပြီးတော့ လုခ်ရှောနဲ့ ဒါဏ်ရာကပြန်ကောင်းလာတဲ့ တူအမ်ဇီဘီတို့က လင်ဒီလော့ဖ်နဲ့ တွဲဖက်ပွဲထုတ်ခဲ့ပါတယ်။တူအမ်ဇီဘီဟာ ဒီပွဲမှာ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီးတော့ ဒီပွဲရဲ့ ပွဲကြိုအစီအမံတွေက အလုပ်ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။

၂။ ပေါ့ဂ်ဘာကို လူစားထိုးအသုံးပြုမှု

PARIS, FRANCE – OCTOBER 20: Paul Pogba of Manchester United competes with Abdou Diallo of Paris Saint-Germain during the UEFA Champions League Group H stage match between Paris Saint-Germain and Manchester United at Parc des Princes on October 20, 2020 in Paris, France. Sporting stadiums around Europe remain under strict restrictions due to the Coronavirus Pandemic as Government social distancing laws prohibit fans inside venues resulting in games being played behind closed doors. (Photo by Ash Donelon/Manchester United via Getty Images)

ဝေဖန်မှုတွေခံနေရပြီး ဖိအားတွေများနေတဲ့ပေါ့ဂ်ဘာကို ဒီပွဲရဲ့ ပွဲထွက်လူစာရင်းက ချန်လှပ်ထားခဲ့ပါတယ်။ သူ့အစား PSG အသင်းရဲ့ လျင်မြန်တဲ့တိုက်စစ်ကို တားဆီးနိုင်မယ့် တွမ်မီနေးနဲ့ ဖရက်ဒ်တို့ကို ပွဲထွက်စေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အဲလက်စ်တဲလက်စ်အစား ပေါ့ဂါဘာကို လူစားဝင်ကစားစေခဲ့ရာမှာ သိသာတဲ့ကစားကွက်အပြောင်းအလဲနဲ့အတူ အနိုင်ဂိုးကိုပါ ဖန်တီးပေးနိုင်ခဲ့ပါတယ်။

၃။ ၂၀၁၉ ရဲ့ သူရဲကောင်းတွေကို ယုံကြည်ခဲ့ခြင်း

လွန်ခဲ့တဲ့ တစ်နှစ်ကျော်က PSG အသင်းကို အနိုင်ယူခဲ့ရာမှာ အဓိကကျခဲ့တဲ့ တွမ်မီနေးနဲ့ ဖရက်ဒ်တို့ကို အဓိကကစားသမားတွေဖြစ်တဲ့ ပေါ့ဂ်ဘာနဲ့ မာတစ်တို့ထက် ပိုပြီး ယုံကြည်ပေးခဲ့ပါတယ်။ ဆိုးရှားလ်ရဲ့ ယုံကြည်မှုအတိုင်း ဒီကွင်းလည်အတွဲက PSG ရဲ့ တိုက်စစ်ဆင်မှုတွေကို ခုခံကာကွယ်နိုင်ဖို့ အကောင်းဆုံး ကူညီပေးနိုင်ခဲ့ပြီး နိုင်ပွဲရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

Zawgyi

နည္းျပႀကီး ဆိုးရွားလ္ကေတာ့ ျပင္သစ္ေျမကို သူ႔ရဲ့ေအာင္ေျမအလားသတ္မွတ္ထားပုံရၿပီးေတာ့ နိုင္ပြဲနဲ႔အတူ ေဝဖန္သံေတြကို တိတ္ဆိတ္ေစခဲ့ၿပီး ဖိအားေတြေအာက္က ခဏတာ ႐ုန္းထြက္နိုင္ခဲ့ပါတယ္။ ဒီနိုင္ပြဲအတြက္ ဆိုးရွားလ္ဟာ မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ေတြကို ခ်မွတ္နိုင္ခဲ့ၿပီးေတာ့ အေရးပါခဲ့တဲ့အခ်က္ ၃ ခ်က္ရွိပါတယ္။

၁။ ကစားကြက္ ေနရာခ်ထားမႈ

ဒါဏ္ရာျပႆနာေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ခံစစ္အတြက္ ဆိုးရွားလ္က ၃ ေယာက္တန္းခံစစ္နဲ႔ ပြဲထြက္လာခဲ့ၿပီးေတာ့ လုခ္ေရွာနဲ႔ ဒါဏ္ရာကျပန္ေကာင္းလာတဲ့ တူအမ္ဇီဘီတို႔က လင္ဒီေလာ့ဖ္နဲ႔ တြဲဖက္ပြဲထုတ္ခဲ့ပါတယ္။တူအမ္ဇီဘီဟာ ဒီပြဲမွာ အေကာင္းဆုံးစြမ္းေဆာင္ရည္ကို ျပသနိုင္ခဲ့ၿပီးေတာ့ ဒီပြဲရဲ့ ပြဲႀကိဳအစီအမံေတြက အလုပ္ျဖစ္ခဲ့တယ္လို႔ ဆိုရမွာပါ။

၂။ ေပါ့ဂ္ဘာကို လူစားထိုးအသုံးျပဳမႈ

ေဝဖန္မႈေတြခံေနရၿပီး ဖိအားေတြမ်ားေနတဲ့ေပါ့ဂ္ဘာကို ဒီပြဲရဲ့ ပြဲထြက္လူစာရင္းက ခ်န္လွပ္ထားခဲ့ပါတယ္။ သူ႔အစား PSG အသင္းရဲ့ လ်င္ျမန္တဲ့တိုက္စစ္ကို တားဆီးနိုင္မယ့္ တြမ္မီေနးနဲ႔ ဖရက္ဒ္တို႔ကို ပြဲထြက္ေစခဲ့ပါတယ္။ ဒုတိယပိုင္းမွာေတာ့ အဲလက္စ္တဲလက္စ္အစား ေပါ့ဂါဘာကို လူစားဝင္ကစားေစခဲ့ရာမွာ သိသာတဲ့ကစားကြက္အေျပာင္းအလဲနဲ႔အတူ အနိုင္ဂိုးကိုပါ ဖန္တီးေပးနိုင္ခဲ့ပါတယ္။

၃။ ၂၀၁၉ ရဲ့ သူရဲေကာင္းေတြကို ယုံၾကည္ခဲ့ျခင္း

လြန္ခဲ့တဲ့ တစ္ႏွစ္ေက်ာ္က PSG အသင္းကို အနိုင္ယူခဲ့ရာမွာ အဓိကက်ခဲ့တဲ့ တြမ္မီေနးနဲ႔ ဖရက္ဒ္တို႔ကို အဓိကကစားသမားေတြျဖစ္တဲ့ ေပါ့ဂ္ဘာနဲ႔ မာတစ္တို႔ထက္ ပိုၿပီး ယုံၾကည္ေပးခဲ့ပါတယ္။ ဆိုးရွားလ္ရဲ့ ယုံၾကည္မႈအတိုင္း ဒီကြင္းလည္အတြဲက PSG ရဲ့ တိုက္စစ္ဆင္မႈေတြကို ခုခံကာကြယ္နိုင္ဖို႔ အေကာင္းဆုံး ကူညီေပးနိုင္ခဲ့ၿပီး နိုင္ပြဲရယူေပးနိုင္ခဲ့တာ ျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *