ပေါင် ၂၃ သန်း အရှုံးပေါ်နေတဲ့ ယူနိုက်တက်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အခက်အခဲတွေ ကြုံတွေ့နေရတဲ့ ဘောလုံးအသင်းတွေထဲမှာ ယူနိုက်တက်အသင်းကလဲ အပါအဝင်ဖြစ်ခဲ့ပါတယ်။ ဇွန်လ ၃၀ ရက်နေ့မှ ကုန်ဆုံးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် အစီရင်ခံစာတွေ ထုတ်ပြန်ခဲ့ရာမှာ ယူနိုက်တက်အသင်းဟာ ပေါင်၂၃ သန်း အရှုံးပေါ်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

ယူနိုက်တက်အသင်းရဲ့ဝင်ငွေ ၂၀ ရာခိုင်နှုန်းအထိလျော့ကျခဲ့ပြီး ၂၀၁၉ ဘဏ္ဍာရေးနှစ်ကုန်မှာ ဝင်ငွေ ပေါင် ၆၇ သန်းရှိခဲ့ရာကနေ ဒီနှစ်မှာ ၅၀၉ သန်းသာ ရှိခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ လွဲချော်ခဲ့တာကြောင့် ဒီနှစ်မှာ ဝင်ငွေ ပေါင်သန်း ၅၆၀ နဲ့ ၅၈၀ ကြားရှိမယ်လို့ ခန့်မှန်းခဲ့ပေမယ်​့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ရိုက်ခတ်မှုကြောင့် ခန့်မှန်းမှုထက် လျော့ကျခဲ့တာဖြစ်ပါတယ်။

ရုပ်သံဝင်ငွေမှာလဲ အရင်နှစ်က ပေါင် ၂၄၁ သန်းကနေ ဒီနှစ်မှာ ပေါင်သန်း ၁၄၀ သာရှိခဲ့ပြီး ၄၉ ရာခိုင်နှုန်းလျော့ကျခဲ့တာ ဖြစ်ပါတယ်။ ကွင်းဝင်ကြေးမှာလဲ အရင်နှစ်ကထက် ၇၇ ရာခိုင်နှုန်းလျော့ကျခဲ့ပြီး ပေါင် ၈၉ သန်းသာ ရရှိခဲ့ပါတယ်။ ဒါ့အပြင် အသားတင်အကြွေးပမာဏက နှစ်ဆကျော်တိုးလာခဲ့ပြီး ပေါင် ၄၇၄ သန်းထိ ရှိလာခဲ့ပါတယ်။

ဒီအကြောင်းအရာနဲ့ပါတ်သတ်ပြီး အသင်းဘုတ်အဖွဲ့ဝင်ဖြစ်သူ အက်ဝုဒ်ဝါဒ့်က ခုလို ပြောကြားခဲ့ပါတယ်။ ” ကျွန်တော်တို့ ပရိသတ်တွေ အလုပ်အတူလုပ်နေသူတွေနဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးကို အကာအကွယ်ပေးဖို့ အာရုံစိုက်ထားပါတယ်။ ကမ္ဘာ့ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုတွေကိုလဲ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေရပါတယ်။ ကျွန်တော်တို့ရဲ့ အဓိကဦးစားပေးကတော့ သတ်မှတ်ချက်တွေနဲ့အညီ ပရိသတ်တွေကို အန္တရာယ်ကင်းကင်းနဲ့ ကွင်းထဲပြန်ဝင်ခွင့်ရစေဖို့ပဲ ဖြစ်ပါတယ်။

Zawgyi

ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ အခက္အခဲေတြ ၾကဳံေတြ႕ေနရတဲ့ ေဘာလုံးအသင္းေတြထဲမွာ ယူနိုက္တက္အသင္းကလဲ အပါအဝင္ျဖစ္ခဲ့ပါတယ္။ ဇြန္လ ၃၀ ရက္ေန႔မွ ကုန္ဆုံးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘ႑ာေရးႏွစ္အတြက္ အစီရင္ခံစာေတြ ထုတ္ျပန္ခဲ့ရာမွာ ယူနိုက္တက္အသင္းဟာ ေပါင္၂၃ သန္း အရႈံးေပၚခဲ့ေၾကာင္း ေၾကညာခဲ့ပါတယ္။

ယူနိုက္တက္အသင္းရဲ့ဝင္ေငြ ၂၀ ရာခိုင္ႏႈန္းအထိေလ်ာ့က်ခဲ့ၿပီး ၂၀၁၉ ဘ႑ာေရးႏွစ္ကုန္မွာ ဝင္ေငြ ေပါင္ ၆၇ သန္းရွိခဲ့ရာကေန ဒီႏွစ္မွာ ၅၀၉ သန္းသာ ရွိခဲ့တာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီမွာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲနဲ႔ လြဲေခ်ာ္ခဲ့တာေၾကာင့္ ဒီႏွစ္မွာ ဝင္ေငြ ေပါင္သန္း ၅၆၀ နဲ႔ ၅၈၀ ၾကားရွိမယ္လို႔ ခန္႔မွန္းခဲ့ေပမယ္​့ ကိုရိုနာဗိုင္းရပ္စ္ရဲ့ ရိုက္ခတ္မႈေၾကာင့္ ခန္႔မွန္းမႈထက္ ေလ်ာ့က်ခဲ့တာျဖစ္ပါတယ္။

႐ုပ္သံဝင္ေငြမွာလဲ အရင္ႏွစ္က ေပါင္ ၂၄၁ သန္းကေန ဒီႏွစ္မွာ ေပါင္သန္း ၁၄၀ သာရွိခဲ့ၿပီး ၄၉ ရာခိုင္ႏႈန္းေလ်ာ့က်ခဲ့တာ ျဖစ္ပါတယ္။ ကြင္းဝင္ေၾကးမွာလဲ အရင္ႏွစ္ကထက္ ၇၇ ရာခိုင္ႏႈန္းေလ်ာ့က်ခဲ့ၿပီး ေပါင္ ၈၉ သန္းသာ ရရွိခဲ့ပါတယ္။ ဒါ့အျပင္ အသားတင္အေႂကြးပမာဏက ႏွစ္ဆေက်ာ္တိုးလာခဲ့ၿပီး ေပါင္ ၄၇၄ သန္းထိ ရွိလာခဲ့ပါတယ္။

ဒီအေၾကာင္းအရာနဲ႔ပါတ္သတ္ၿပီး အသင္းဘုတ္အဖြဲ႕ဝင္ျဖစ္သူ အက္ဝုဒ္ဝါဒ့္က ခုလို ေျပာၾကားခဲ့ပါတယ္။ ” ကၽြန္ေတာ္တို႔ ပရိသတ္ေတြ အလုပ္အတူလုပ္ေနသူေတြနဲ႔ ျပည္သူေတြရဲ့ က်န္းမာေရးကို အကာအကြယ္ေပးဖို႔ အာ႐ုံစိုက္ထားပါတယ္။ ကမၻာ့ကပ္ေရာဂါေၾကာင့္ စီးပြားေရးထိခိုက္မႈေတြကိုလဲ လိုက္ေလ်ာညီေထြျဖစ္ေအာင္ ႀကိဳးစားေနရပါတယ္။ ကၽြန္ေတာ္တို႔ရဲ့ အဓိကဦးစားေပးကေတာ့ သတ္မွတ္ခ်က္ေတြနဲ႔အညီ ပရိသတ္ေတြကို အႏၲရာယ္ကင္းကင္းနဲ႔ ကြင္းထဲျပန္ဝင္ခြင့္ရေစဖို႔ပဲ ျဖစ္ပါတယ္။ ”

Leave a Reply

Your email address will not be published. Required fields are marked *