နေမာ အမ်ဘာပေး နဲ့ တူချယ်ဘာတွေ မှားခဲ့လဲ?

မန်ယူနိုက်တဒ် အသင်းကို အရေးနိမ့်ခဲ့တဲ့ ပွဲမှာ ကွင်းလယ်က ဗာရက်တီ နဲ့ တိုက်စစ်မှုးအိုင်ကာဒီ မပါဝင်တာကို အကြောင်းပြနိုင်ပေမယ့် တူချယ်အတွက်တော့ နေမာ နဲ့ အမ်ဘာပေး တို့ပါနေတဲ့ အနေထားမှာ အကြောင်းပြချက်ပေးဖို့ လုံလောက်တဲ့အနေထားမှာ မရှိပါဘူး။ ပီအက်စ်ဂျီ ပိုင်ရှင်ကသာ စိတ်ဆတ်သူဆိုရင် အထုတ်ခံလိုက်ရနိုင်သလို ထုချေလွှာရေးတင်ရဖွယ်အထိ ဖြစ်သွားနိုင်ပါတယ်။ ရှုံးပွဲရဲ့အားနည်းချက်ကတော့ ပွဲကြိုအစီစဉ် ဖြစ်ပြီး ပွဲတွင်း စီမံကွပ်ကဲမှု့ ညံဖျင်းတာကလည်း အဓိ‌ကနေရာကပါဝင်နေပါတယ်။

တူချယ်က နေမာကို ဘယ်ခြမ်း တိုက်စစ် မှာထားသုံးပြီး ကူဇာဝါ ကို တိုက်စစ်လိုက်စေသလို အမ်ဘာပေး ကိုလည်း နံပတ် -၉ နေရာ‌ကနေ သွေဖယ်ကာ ဘယ်ခြမ်းတိုက်စစ် နဲ့ half space ကြားထဲဝင်ကစားစေခဲ့ပါတယ်။ တူချယ်က ယူနိုက်တဒ် ခံစစ်ပိတ်ကစားမှာကိုသိသလို တန်ပြန်တိုက်စစ်ကို ကြောက်တာကြောင့် ခံစစ်အားသန် ကွင်းလယ်လူ သုံးဦးထည့်သွင်းခဲ့ရတာကြောင့် တိုက်စစ်အားနည်းတာကိုဖြေရှင်းဖို့အတွက် ဘယ်ခြမ်း ကို ဖိအားပေးဖို့ဆုံးဖြတ်ခဲ့ပုံရပြီး ဒါကပဲကြီးမားတဲ့အမှားဖြစ်သွားစေပါတယ်။တူချယ်ရဲ့ပွဲကြိူအစီမံကြောင့် ပီအက်စ်ဂျီ ဘယ်ခြမ်းမှာ နေမာ၊ကူဇာဝါ၊ ဘာပေးတို့ရှိနေပြီး ဟာရဲရားက နံပတ်တစ်ဆယ်နေရာတက်ကစားကာ ဒီမာစီရယာ ကို လည်း အမ်ဘာပေး နေမာ တို့နဲ့ နီးကပ်စေဖို့ ညာခြမ်းတောင်ပံကနေ half space ထဲဝင်ကစားစေခဲ့ပါတယ်။

ဖလော်ရန်ဇီကို တော့ ညာခြမ်းတိုက်စစ်မလိုက်ပါစေပဲ ခံစစ်အတွက် တာဝန်ပေးခဲ့လို့ ယူနိုက်တဒ် ဘယ်ခြမ်းက တဲလက်စ်တစ်ယောက် အလယ်မှာ နေရာလွတ်များစွာရခဲ့သလို လု ခ်ရှောပါ ရှေ့တက်ကစားနိုင်ခဲ့ပါတယ်။ပီအက်စ်ဂျီက ခံစစ်ကိုအပြည့်အဝကာကွယ်ပြီး တိုက်စစ်ကိုတော့ ယူနိုက်တဒ် ကစားသမားတွေ ကိုတစ်ဦးချင်းစီရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ယူနိုက်တဒ်ဖက်ကလည်း တိုက်စစ်ထက် ခံစစ်ကို ပိုမိုအသားပေးလိုက်တာကြောင့် တူချယ်တစ်ယောက်ပျားတုတ်သွားပါတယ်။

တူချယ်ရဲ့ ဘယ်ခြမ်း ဝန်ပိုကစားမယ့်အကြံကို ဆိုးလ်ရှားက ကြိုတင်ရိပ်မိခဲ့ဟန်တူပြီး နေမာ အတွက် ဘစ်ဆာကာနဲ့တော်မနေး အမ်ဘာပေး အတွက် ဖရဒ် နဲ့ တွမ်ဇမ်ဘီ ကို တာဝန်ပေးပြီး ဘရူနို ကို နောက်ထိဆင်းခိုင်းကာ ဟာရဲရား အတွက်တာဝန်ပေးခဲ့သလို ဒီမာရီယာကို တော့ လုခ်ရှော နဲ့ လင်ဒီလောဖ့်ကတာဝန်ယူလိုက်ပါတယ်။ဒီလို နှစ်ယောက်တစ်တွဲတာဝန်ယူတဲ့အပြင် ခံစစ်ကိုအလွှာလိုက် တစ်ဆင့်စီ ဖျတ်ထုတ်လို့ PSG တိုက်စစ်မှုးသုံးယောက်လုံး အဆင့်သတ်မှတ်ချက်မှာ (၇)မကျော်ပဲ ဆိုးရွားတဲ့ ညတစ်ညကိုကြုံခဲ့ရတာလည်းဖြစ်ပါတယ်။

ပထမပိုင်းမှာပဲယူနိုက်တဒ်ကဦးဆောင်ဂိုးရထားလို့ သူ့ဗျူဟာကို ကိုယ်တိုင်ပဲဖျတ်ပြီး ဖဲတစ်ချက်အရင်လှန်လိုက်ရပါတယ်။ အလျှင်လိုသွားတဲ့တူချယ်ကို ဆိုးလ်ရှားက ခပ်အေးအေး ဆက်ထားခဲ့ပြီး တူချယ် အတော်လေးရဲတင်းစွာ ကျွံဝင်လာချိန်မှ ပေါဂ့်ဘာကို ဘယ်ခြမ်းအပိုင်ပေးကာ (၄-၃-၃) နဲ့ တိုက်စစ်ချွန်း အကုန်ဖွင့်ကစားလာပါတယ်။ တစ်ချိန်လူံးရေမြွေလုပ်နေတဲ့ မားကပ်စ်ရရှ်ဖိုဒ့်က မိနစ်(၇၀) ကျော်လာမှ ဒုန်းဆိုင်းကစားတာက အကြောင်းမဲ့မဟုတ်သလို တော်မနေးကို နောက်ချန် ထားခဲ့ပြီး ဘရူနို ညာခြမ်းယူကာ ဖရဒ်ပါ ရှေ့တက်လာတဲ့နောက် ပြင်သစ်မြေက ယူနိုက်တဒ်အတွက်တော့ အောင်လံစိုက်ဖို့လက်တစ်ကမ်းအလိုရောက်သွားခဲ့ပါတယ်။

ဒီနောက်ပိုင်းတော့အားလုံးသိတဲ့အတိုင်း ပြင်သစ်မြေမှာ ပြင်သစ်ကလပ်ကို မန်ချက်စတာယူနိုက်တဒ် အသင်း အနုကြမ်းစီးခဲ့ပြီး တူချယ်တစ်ယောက် သွေးရူးသွေးတမ်း နဲ့ ညာခြမ်းခံစစ်မှုးအပြောင်းလဲလုပ်ရတဲ့ထိ သွေးပျက်သွားခဲ့ရပါတယ်။ ဒီနေ့နိုင်ပွဲက ကံ‌၊လူစာရင်း၊ကစားသမားတွေကြောင့်ဆိုတာထက် ဆိုးလ်ရှားရဲ့ပွဲကြိုအစီမံ၊မဟာဗျူဟာ၊လူစားလဲထိုးမှု့ အားလုံးအံဝင်ဂွင်ကျရှိပြီး ပွဲကြီးတွေဆို ဆိုးလ်ရှားက ယခုထက်တိုင်ပြန်လှည့်ကြည့်စရာမလိုတဲ့အနေထားမှာ ရှိနေဆဲပါပဲ။

Zawgyi

မန္ယူနိုက္တဒ္ အသင္းကို အေရးနိမ့္ခဲ့တဲ့ ပြဲမွာ ကြင္းလယ္က ဗာရက္တီ နဲ႔ တိုက္စစ္မႈးအိုင္ကာဒီ မပါဝင္တာကို အေၾကာင္းျပနိုင္ေပမယ့္ တူခ်ယ္အတြက္ေတာ့ ေနမာ နဲ႔ အမ္ဘာေပး တို႔ပါေနတဲ့ အေနထားမွာ အေၾကာင္းျပခ်က္ေပးဖို႔ လုံေလာက္တဲ့အေနထားမွာ မရွိပါဘူး။ ပီအက္စ္ဂ်ီ ပိုင္ရွင္ကသာ စိတ္ဆတ္သူဆိုရင္ အထုတ္ခံလိုက္ရနိုင္သလို ထုေခ်လႊာေရးတင္ရဖြယ္အထိ ျဖစ္သြားနိုင္ပါတယ္။ ရႈံးပြဲရဲ့အားနည္းခ်က္ကေတာ့ ပြဲႀကိဳအစီစဥ္ ျဖစ္ၿပီး ပြဲတြင္း စီမံကြပ္ကဲမႈ႔ ညံဖ်င္းတာကလည္း အဓိ‌ကေနရာကပါဝင္ေနပါတယ္။

တူခ်ယ္က ေနမာကို ဘယ္ျခမ္း တိုက္စစ္ မွာထားသုံးၿပီး ကူဇာဝါ ကို တိုက္စစ္လိုက္ေစသလို အမ္ဘာေပး ကိုလည္း နံပတ္ -၉ ေနရာ‌ကေန ေသြဖယ္ကာ ဘယ္ျခမ္းတိုက္စစ္ နဲ႔ half space ၾကားထဲဝင္ကစားေစခဲ့ပါတယ္။ တူခ်ယ္က ယူနိုက္တဒ္ ခံစစ္ပိတ္ကစားမွာကိုသိသလို တန္ျပန္တိုက္စစ္ကို ေၾကာက္တာေၾကာင့္ ခံစစ္အားသန္ ကြင္းလယ္လူ သုံးဦးထည့္သြင္းခဲ့ရတာေၾကာင့္ တိုက္စစ္အားနည္းတာကိုေျဖရွင္းဖို႔အတြက္ ဘယ္ျခမ္း ကို ဖိအားေပးဖို႔ဆုံးျဖတ္ခဲ့ပုံရၿပီး ဒါကပဲႀကီးမားတဲ့အမွားျဖစ္သြားေစပါတယ္။တူခ်ယ္ရဲ့ပြဲႀကိဴအစီမံေၾကာင့္ ပီအက္စ္ဂ်ီ ဘယ္ျခမ္းမွာ ေနမာ၊ကူဇာဝါ၊ ဘာေပးတို႔ရွိေနၿပီး ဟာရဲရားက နံပတ္တစ္ဆယ္ေနရာတက္ကစားကာ ဒီမာစီရယာ ကို လည္း အမ္ဘာေပး ေနမာ တို႔နဲ႔ နီးကပ္ေစဖို႔ ညာျခမ္းေတာင္ပံကေန half space ထဲဝင္ကစားေစခဲ့ပါတယ္။

ဖေလာ္ရန္ဇီကို ေတာ့ ညာျခမ္းတိုက္စစ္မလိုက္ပါေစပဲ ခံစစ္အတြက္ တာဝန္ေပးခဲ့လို႔ ယူနိုက္တဒ္ ဘယ္ျခမ္းက တဲလက္စ္တစ္ေယာက္ အလယ္မွာ ေနရာလြတ္မ်ားစြာရခဲ့သလို လု ခ္ေရွာပါ ေရွ႕တက္ကစားနိုင္ခဲ့ပါတယ္။ပီအက္စ္ဂ်ီက ခံစစ္ကိုအျပည့္အဝကာကြယ္ၿပီး တိုက္စစ္ကိုေတာ့ ယူနိုက္တဒ္ ကစားသမားေတြ ကိုတစ္ဦးခ်င္းစီရင္ဆိုင္ဖို႔ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး ယူနိုက္တဒ္ဖက္ကလည္း တိုက္စစ္ထက္ ခံစစ္ကို ပိုမိုအသားေပးလိုက္တာေၾကာင့္ တူခ်ယ္တစ္ေယာက္ပ်ားတုတ္သြားပါတယ္။တူခ်ယ္ရဲ့ ဘယ္ျခမ္း ဝန္ပိုကစားမယ့္အႀကံကို ဆိုးလ္ရွားက ႀကိဳတင္ရိပ္မိခဲ့ဟန္တူၿပီး ေနမာ အတြက္ ဘစ္ဆာကာနဲ႔ေတာ္မေနး အမ္ဘာေပး အတြက္ ဖရဒ္ နဲ႔ တြမ္ဇမ္ဘီ ကို တာဝန္ေပးၿပီး ဘ႐ူနို ကို ေနာက္ထိဆင္းခိုင္းကာ ဟာရဲရား အတြက္တာဝန္ေပးခဲ့သလို ဒီမာရီယာကို ေတာ့ လုခ္ေရွာ နဲ႔ လင္ဒီေလာဖ့္ကတာဝန္ယူလိုက္ပါတယ္။ဒီလို ႏွစ္ေယာက္တစ္တြဲတာဝန္ယူတဲ့အျပင္ ခံစစ္ကိုအလႊာလိုက္ တစ္ဆင့္စီ ဖ်တ္ထုတ္လို႔ PSG တိုက္စစ္မႈးသုံးေယာက္လုံး အဆင့္သတ္မွတ္ခ်က္မွာ (၇)မေက်ာ္ပဲ ဆိုးရြားတဲ့ ညတစ္ညကိုၾကဳံခဲ့ရတာလည္းျဖစ္ပါတယ္။

ပထမပိုင္းမွာပဲယူနိုက္တဒ္ကဦးေဆာင္ဂိုးရထားလို႔ သူ႔ဗ်ဴဟာကို ကိုယ္တိုင္ပဲဖ်တ္ၿပီး ဖဲတစ္ခ်က္အရင္လွန္လိုက္ရပါတယ္။ အလၽွင္လိုသြားတဲ့တူခ်ယ္ကို ဆိုးလ္ရွားက ခပ္ေအးေအး ဆက္ထားခဲ့ၿပီး တူခ်ယ္ အေတာ္ေလးရဲတင္းစြာ ကၽြံဝင္လာခ်ိန္မွ ေပါဂ့္ဘာကို ဘယ္ျခမ္းအပိုင္ေပးကာ (၄-၃-၃) နဲ႔ တိုက္စစ္ခၽြန္း အကုန္ဖြင့္ကစားလာပါတယ္။ တစ္ခ်ိန္လူံးေရေႁမြလုပ္ေနတဲ့ မားကပ္စ္ရရွ္ဖိုဒ့္က မိနစ္(၇၀) ေက်ာ္လာမွ ဒုန္းဆိုင္းကစားတာက အေၾကာင္းမဲ့မဟုတ္သလို ေတာ္မေနးကို ေနာက္ခ်န္ ထားခဲ့ၿပီး ဘ႐ူနို ညာျခမ္းယူကာ ဖရဒ္ပါ ေရွ႕တက္လာတဲ့ေနာက္ ျပင္သစ္ေျမက ယူနိုက္တဒ္အတြက္ေတာ့ ေအာင္လံစိုက္ဖို႔လက္တစ္ကမ္းအလိုေရာက္သြားခဲ့ပါတယ္။ဒီေနာက္ပိုင္းေတာ့အားလုံးသိတဲ့အတိုင္း ျပင္သစ္ေျမမွာ ျပင္သစ္ကလပ္ကို မန္ခ်က္စတာယူနိုက္တဒ္ အသင္း အႏုၾကမ္းစီးခဲ့ၿပီး တူခ်ယ္တစ္ေယာက္ ေသြး႐ူးေသြးတမ္း နဲ႔ ညာျခမ္းခံစစ္မႈးအေျပာင္းလဲလုပ္ရတဲ့ထိ ေသြးပ်က္သြားခဲ့ရပါတယ္။ ဒီေန႔နိုင္ပြဲက ကံ‌၊လူစာရင္း၊ကစားသမားေတြေၾကာင့္ဆိုတာထက္ ဆိုးလ္ရွားရဲ့ပြဲႀကိဳအစီမံ၊မဟာဗ်ဴဟာ၊လူစားလဲထိုးမႈ႔ အားလုံးအံဝင္ဂြင္က်ရွိၿပီး ပြဲႀကီးေတြဆို ဆိုးလ္ရွားက ယခုထက္တိုင္ျပန္လွည့္ၾကည့္စရာမလိုတဲ့အေနထားမွာ ရွိေနဆဲပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *