နေမာကြောင့် ပထမပိုင်းကို မျက်စိတဖက်မမြင်ဘဲ ကစားခဲ့ရတဲ့ တော်မီနေး

ပီအက်စ်ဂျီနဲ့ ယူနိုက်တဒ် ရဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာ ယူနိုက်တဒ် ကွင်းလယ်ကစားသမား တော်မနေး ကို နေမာ က မျက်စိ ထိခိုက်အောင်ပြုလုပ်ခဲ့မိပြီး ပထမပိုင်းကို မျက်ကပ်မှန် ကြွတ်ကျသွားတာကြောင့် မျက်စိ တစ်ဖက်ထဲနဲ့ ကစားခဲ့ရတယ်လို့သိရပါတယ်။ အဆိုပါအခြေအနေကို ဒိုင်က ရှင်းလင်းစွာ မမြင်ခဲ့သလို ပွဲကြည့်သူတွေတင်မက အသင်းဖော်တွေပါ သတိမထားမိခဲ့ပဲ ပထမပိုင်းနားချိန်မှသာ အဝတ်လဲခန်းအတွင်း တော်မနေးကရှင်းပြခဲ့တာဖြစ်ပြီး နည်းပြဆိူးလ်ရှားက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ‌ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

ဆိုးလ်ရှားက “တော်မနေးက ပထမပိုင်းတစ်ခုလုံးနီးပါးကို မျက်စိတစ်ဖက်ထဲနဲ့ ကစားခဲ့ရတာပါ။သူ့ရဲ့ မျက်ကပ်မှန်က ကျပျောက်သွားလို့ မျက်စိတစ်ဖက်ဝေဝါးနေပြီး ကျန်တစ်ဖက်နဲ့ပဲ တစ်ပိုင်းလုံးကစားခဲ့ရတာက သိပ်ကိုထူးခြားတဲ့အချက်လို့ဆိုရပါမယ်။”လို့ ပီအက်စ်ဂျီ ကိုအနိုင်ရပြီးနောက် ပြောဆိုသွားပါတယ်။ တော်မနေးကလည်း အဆိုပါအဖြစ်ပျက်ကို လူမှု့ကွန်ရက်ကနေ အတည်ပြုခဲ့ပြီး “ကျနော့်မျက်ကပ်မှန်ပြုတ်ကျသွားလို့ ပထမပိုင်းမှာ ဒုက္ခရောက်ပေမယ့် မားကပ်စ်ရဲ့ဂိုးက ကျနော့်မျက်လုံးကိုအမြင်အာရုံတွေ ပိုရစေခဲ့ပါတယ်”လို့ စနောက်ပြီးတင်ခဲ့တာဖြစ်ပါတယ်။

တော်မနေးက ယမန်နေ့ညမှာ နေမာ ကို ထိန်းချုပ်ဖို့ ကြိုးစားရင်း ဘောလုံးယှဉ်လုရာမှာ နေမာ လက်က တော်မနေး မျက်စိ ကို ထိုးမိခဲ့တာဖြစ်ပြီး အဆိုပါအခြေအနေကြောင့် မျက်ကပ်မှန်ကျွတ်ထွက်သွားတာ ဖြစ်ပါတယ်။တော်မနေးကတော့ မျက်စိတစ်ဖက်သာ ရှင်းလင်းစွာမြင်ရပေမယ့် ပထမပိုင်းမှာတင် ဖျတ်ထုတ်မှု့ (၇)ကြိမ်ပြုလုပ်ပြီး (၆)ကြိမ်အောင်မြင်ခဲ့ပါတယ်။

နေမာ လို ကမ္ဘာ့အကောင်းဆုံး ဘောလုံးလိမ်ခေါက်နိုင်သူ နဲ့ အမ်ဘာပေး လို တစ်ယောက်ခြင်းထိန်းချုပ်ရအခက်ဆုံး ကစားသမားတွေကို မျက်စိတစ်ဖက်နဲ့ ရင်ဆိုင်ခဲ့တဲ့ တော်မနေးကို အားလုံးကချီးကျူးနေကြပြီး သရဲနီ ပီသသူ လို့လည်း အမွှန်းတင်နေကြပါသေးတယ်။

Zawgyi

ပီအက္စ္ဂ်ီနဲ႔ ယူနိုက္တဒ္ ရဲ့ ခ်န္ပီယံလိဂ္ အဖြင့္ပြဲစဥ္မွာ ယူနိုက္တဒ္ ကြင္းလယ္ကစားသမား ေတာ္မေနး ကို ေနမာ က မ်က္စိ ထိခိုက္ေအာင္ျပဳလုပ္ခဲ့မိၿပီး ပထမပိုင္းကို မ်က္ကပ္မွန္ ႂကြတ္က်သြားတာေၾကာင့္ မ်က္စိ တစ္ဖက္ထဲနဲ႔ ကစားခဲ့ရတယ္လို႔သိရပါတယ္။ အဆိုပါအေျခအေနကို ဒိုင္က ရွင္းလင္းစြာ မျမင္ခဲ့သလို ပြဲၾကည့္သူေတြတင္မက အသင္းေဖာ္ေတြပါ သတိမထားမိခဲ့ပဲ ပထမပိုင္းနားခ်ိန္မွသာ အဝတ္လဲခန္းအတြင္း ေတာ္မေနးကရွင္းျပခဲ့တာျဖစ္ၿပီး နည္းျပဆိူးလ္ရွားက ပြဲအၿပီး သတင္းစာရွင္းလင္းပြဲမွာ ‌ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဆိုးလ္ရွားက “ေတာ္မေနးက ပထမပိုင္းတစ္ခုလုံးနီးပါးကို မ်က္စိတစ္ဖက္ထဲနဲ႔ ကစားခဲ့ရတာပါ။သူ႔ရဲ့ မ်က္ကပ္မွန္က က်ေပ်ာက္သြားလို႔ မ်က္စိတစ္ဖက္ေဝဝါးေနၿပီး က်န္တစ္ဖက္နဲ႔ပဲ တစ္ပိုင္းလုံးကစားခဲ့ရတာက သိပ္ကိုထူးျခားတဲ့အခ်က္လို႔ဆိုရပါမယ္။”လို႔ ပီအက္စ္ဂ်ီ ကိုအနိုင္ရၿပီးေနာက္ ေျပာဆိုသြားပါတယ္။ ေတာ္မေနးကလည္း အဆိုပါအျဖစ္ပ်က္ကို လူမႈ႔ကြန္ရက္ကေန အတည္ျပဳခဲ့ၿပီး “က်ေနာ့္မ်က္ကပ္မွန္ျပဳတ္က်သြားလို႔ ပထမပိုင္းမွာ ဒုကၡေရာက္ေပမယ့္ မားကပ္စ္ရဲ့ဂိုးက က်ေနာ့္မ်က္လုံးကိုအျမင္အာ႐ုံေတြ ပိုရေစခဲ့ပါတယ္”လို႔ စေနာက္ၿပီးတင္ခဲ့တာျဖစ္ပါတယ္။

ေတာ္မေနးက ယမန္ေန႔ညမွာ ေနမာ ကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားရင္း ေဘာလုံးယွဥ္လုရာမွာ ေနမာ လက္က ေတာ္မေနး မ်က္စိ ကို ထိုးမိခဲ့တာျဖစ္ၿပီး အဆိုပါအေျခအေနေၾကာင့္ မ်က္ကပ္မွန္ကၽြတ္ထြက္သြားတာ ျဖစ္ပါတယ္။ေတာ္မေနးကေတာ့ မ်က္စိတစ္ဖက္သာ ရွင္းလင္းစြာျမင္ရေပမယ့္ ပထမပိုင္းမွာတင္ ဖ်တ္ထုတ္မႈ႔ (၇)ႀကိမ္ျပဳလုပ္ၿပီး (၆)ႀကိမ္ေအာင္ျမင္ခဲ့ပါတယ္။

ေနမာ လို ကမၻာ့အေကာင္းဆုံး ေဘာလုံးလိမ္ေခါက္နိုင္သူ နဲ႔ အမ္ဘာေပး လို တစ္ေယာက္ျခင္းထိန္းခ်ဳပ္ရအခက္ဆုံး ကစားသမားေတြကို မ်က္စိတစ္ဖက္နဲ႔ ရင္ဆိုင္ခဲ့တဲ့ ေတာ္မေနးကို အားလုံးကခ်ီးက်ဴးေနၾကၿပီး သရဲနီ ပီသသူ လို႔လည္း အမႊန္းတင္ေနၾကပါေသးတယ္။

Leave a Reply

Your email address will not be published. Required fields are marked *