ဂျူဗီမှာ အဆင်မပြေဖြစ်နေတဲ့ ဒိုင်ဘာလာကို ယူနိုက်တက် စောင့်ကြည့်နေ

ယူဗင်းတပ်စ် အသင်းနဲ့ပေါ်လိုဒိုင်ဘာလား ကြားမှာ သဘောထားကွဲလွဲမှု့တွေရှိလာပြီး အီတလီကလပ်ဖက်က သူတို့ရဲ့နံပတ်(၁၀) ကို ရောင်းချဖို့စီစဉ်နေတယ်လို့အီတလီကသတင်း‌တွေက ဆိုပါတယ်။ ဒိုင်ဘာလားကို လက်ရှိမှာ ချဲလ်ဆီး အသင်းက ချိတ်ဆက်နေတယ်လို့ သတင်းထွက်ပေမယ့် ဒီရာသီမှာ တိုက်စစ်တစ်ခုတည်းကိုသန်းဘ(၂၀၀) သုံးထားတဲ့ လမ်းပတ်အနေနဲ့ နောက်တစ်ရာသီမှာလည်းတိုက်စစ်ကိုပဲ ယူရိုသန်း ရာချီသုံးဖို့က ပြသနာရှိနိုင်သလို ချဲလ်ဆီးရဲ့ အဓိကခေါ်ယူမှု့က ဒီကလန်ရိုက်စ်နဲ့ ခံစစ် ပိုင်းအတွက် သာ ဖြစ်ဖို့များနေလို့ ဒိုင်ဘာလား အပြောင်းအရွှေ့မှာ နောက်ဆုတ်နိုင်ပါတယ်။

ဒိုင်ဘာလား ကို မန်ယူနိုက်တဒ်က ၂၀၁၈ နွေရာသီမှာ ခေါ်ယူဖို့နီးစပ်ခဲ့ဖူးပြီး ထိုစဉ်က လူကာကူ နဲ့ အလဲလှယ်လုပ်ဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။သို့ပေမယ့် လူကာကူက ယူဗင်းတပ်စ်ကို ပြောင်းရွှေ့ဖို့ငြင်းဆန်ခဲ့တာကြောင့် ပျက်ပြယ်ခဲ့ရပေမယ့် ယခုတစ်ကြိမ်မှာတော့ ယူနိုက်တဒ်က ဒိုင်ဘာလား အပြောင်းအရွှေ့ကိုပြန်လည်စိတ်ဝင်စားလာနိုင်ပါတယ်။ဒိုင်ဘာလား ကညာခြမ်းတိုက်စစ် အဓိက ကစားပြီး ကွင်းလယ်နဲ့ ချိတ်ဆက်ရာမှာ ထူးခြားကောင်းမွန်သလို အဝေးကန်ချက်တွေ နဲ့ မဖြစ်နိုင်တဲ့ ဖန်တီးမှု့တွေ ပြုလုပ်နိုင်စွမ်းရှိသူဖြစ်ပါတယ်။

ယူနိုက်တဒ်မှာ ဒိုင်ဘာလား နဲ့ ကစားပေါက်ဆင်တူသူက ဟွမ်မာတာ ရှိပြီး ယူနိုက်တဒ်က အသက် (၃၅) နှစ်အရွယ် မာတာ ကို လာမယ့်ရာသီမှာ အသင်းနဲ့လမ်းခွဲ ဖို့ စီစဉ်ထားရှိတာကြောင့် စပိန်မှော်ကဝေနေရာကို အကောင်းဆုံးအစားထိုးမှု့ဖြစ်လာပါလိမ့်မယ်။ ယူနိုက်တဒ် အတွက် ဂရင်းဝုဒ်ကညာခြမ်းအဖြေမဟုတ်သလို ဆန်ချို က ငယ်ရွယ်လွန်းပြီး ပြောင်းရွှေ့ကြေးမြင့်မားတယ်ဆိုရင် ယူရိုသန်း(၆၀)နီးပါးနဲ့ရရှိနိုင်ပြီး ဥရောပအတွေ့ကြုံ မြင့်မားလွန်းတဲ့ အသက် (၂၅) နှစ်အရွယ် ဒိုင်ဘာလား က ပြီးပြည့်စုံတဲ့ ပစ်မှတ်ဖြစ်လာပါလိမ့်မယ်။

ယူနိုက်တဒ်အနေနဲ့ ဒိုင်ဘာလား ကိုခေါ်ယူနိုင်ရင် ဆန်ချို အပြောင်းအရွှေ့ကို မေ့နိုင်သလို ဒိုင်ဘာလား က အသင်းကို ကွင်းတွင်း/ကွင်းပြင် အောင်မြင်မှု့များစွာဆောင်ကျဉ်းလာနိုင်ပါတယ်။ ရော်နယ်ဒို ရဲ့နောက် လူမှု့ကွန်ရက်မှာ စိတ်ဝင်စားမှု့အများဆုံးရရှိထားတဲ့ ကစားသမားဖြစ်သလို ဒိုင်ဘာလား နဲ့ ပေါဂ့်ဘာ ကြားက ဆက်ဆံရေးက ပြင်သစ်သားကို စာချုပ်သစ်ချုပ်ဆိုရာမှာပါ များစွာအထောက်ကူဖြစ်နိုင်ပါတယ်။ ဒိုင်ဘာလား အပြောင်းအရွှေ့ကယူနိုက်တဒ်အတွက် ငွေကုန်ကျမများသလို သက်သေပြပြီး သား ဥရောပထိပ်တန်း တိုက်စစ်ကစားသမားဖြစ်ပြီး အသင်းနဲ့လည်းအံဝင်ဂွင်ကျ ရှိစေပါလိမ့်မယ်။ ဒိုင်ဘာလားရဲ့ ကစားပုံကြောင့် ယူနိုက်တဒ်အနေနဲ့ build up playမှာ ဘရူနို ကိုမှီခိုထားရတာကိုလျှော့ချနိုင်ပြီး ကွင်းပြင်ပစီးပွားရေးကိုလည်းများစွာအထောက်ကူပြုနိုင်ပါလိမ့်မယ်။

Zawgyi

ယူဗင္းတပ္စ္ အသင္းနဲ႔ေပၚလိုဒိုင္ဘာလား ၾကားမွာ သေဘာထားကြဲလြဲမႈ႔ေတြရွိလာၿပီး အီတလီကလပ္ဖက္က သူတို႔ရဲ့နံပတ္(၁၀) ကို ေရာင္းခ်ဖို႔စီစဥ္ေနတယ္လို႔အီတလီကသတင္း‌ေတြက ဆိုပါတယ္။ ဒိုင္ဘာလားကို လက္ရွိမွာ ခ်ဲလ္ဆီး အသင္းက ခ်ိတ္ဆက္ေနတယ္လို႔ သတင္းထြက္ေပမယ့္ ဒီရာသီမွာ တိုက္စစ္တစ္ခုတည္းကိုသန္းဘ(၂၀၀) သုံးထားတဲ့ လမ္းပတ္အေနနဲ႔ ေနာက္တစ္ရာသီမွာလည္းတိုက္စစ္ကိုပဲ ယူရိုသန္း ရာခ်ီသုံးဖို႔က ျပသနာရွိနိုင္သလို ခ်ဲလ္ဆီးရဲ့ အဓိကေခၚယူမႈ႔က ဒီကလန္ရိုက္စ္နဲ႔ ခံစစ္ ပိုင္းအတြက္ သာ ျဖစ္ဖို႔မ်ားေနလို႔ ဒိုင္ဘာလား အေျပာင္းအေရႊ႕မွာ ေနာက္ဆုတ္နိုင္ပါတယ္။

ဒိုင္ဘာလား ကို မန္ယူနိုက္တဒ္က ၂၀၁၈ ေႏြရာသီမွာ ေခၚယူဖို႔နီးစပ္ခဲ့ဖူးၿပီး ထိုစဥ္က လူကာကူ နဲ႔ အလဲလွယ္လုပ္ဖို႔စီစဥ္ခဲ့တာျဖစ္ပါတယ္။သို႔ေပမယ့္ လူကာကူ က ယူဗင္းတပ္စ္ကို ေျပာင္းေရႊ႕ဖို႔ျငင္းဆန္ခဲ့တာေၾကာင့္ ပ်က္ျပယ္ခဲ့ရေပမယ့္ ယခုတစ္ႀကိမ္မွာေတာ့ ယူနိုက္တဒ္က ဒိုင္ဘာလား အေျပာင္းအေရႊ႕ကိုျပန္လည္စိတ္ဝင္စားလာနိုင္ပါတယ္။ဒိုင္ဘာလား ကညာျခမ္းတိုက္စစ္ အဓိက ကစားၿပီး ကြင္းလယ္နဲ႔ ခ်ိတ္ဆက္ရာမွာ ထူးျခားေကာင္းမြန္သလို အေဝးကန္ခ်က္ေတြ နဲ႔ မျဖစ္နိုင္တဲ့ ဖန္တီးမႈ႔ေတြ ျပဳလုပ္နိုင္စြမ္းရွိသူျဖစ္ပါတယ္။

ယူနိုက္တဒ္မွာ ဒိုင္ဘာလား နဲ႔ ကစားေပါက္ဆင္တူသူက ဟြမ္မာတာ ရွိၿပီး ယူနိုက္တဒ္က အသက္ (၃၅) ႏွစ္အရြယ္ မာတာ ကို လာမယ့္ရာသီမွာ အသင္းနဲ႔လမ္းခြဲ ဖို႔ စီစဥ္ထားရွိတာေၾကာင့္ စပိန္ေမွာ္ကေဝေနရာကို အေကာင္းဆုံးအစားထိုးမႈ႔ျဖစ္လာပါလိမ့္မယ္။ ယူနိုက္တဒ္ အတြက္ ဂရင္းဝုဒ္ကညာျခမ္းအေျဖမဟုတ္သလို ဆန္ခ်ိဳ က ငယ္ရြယ္လြန္းၿပီး ေျပာင္းေရႊ႕ေၾကးျမင့္မားတယ္ဆိုရင္ ယူရိုသန္း(၆၀)နီးပါးနဲ႔ရရွိနိုင္ၿပီး ဥေရာပအေတြ႕ၾကဳံ ျမင့္မားလြန္းတဲ့ အသက္ (၂၅) ႏွစ္အရြယ္ ဒိုင္ဘာလား က ၿပီးျပည့္စုံတဲ့ ပစ္မွတ္ျဖစ္လာပါလိမ့္မယ္။

ယူနိုက္တဒ္အေနနဲ႔ ဒိုင္ဘာလား ကိုေခၚယူနိုင္ရင္ ဆန္ခ်ိဳ အေျပာင္းအေရႊ႕ကို ေမ့နိုင္သလို ဒိုင္ဘာလား က အသင္းကို ကြင္းတြင္း/ကြင္းျပင္ ေအာင္ျမင္မႈ႔မ်ားစြာေဆာင္က်ဥ္းလာနိုင္ပါတယ္။ ေရာ္နယ္ဒို ရဲ့ေနာက္ လူမႈ႔ကြန္ရက္မွာ စိတ္ဝင္စားမႈ႔အမ်ားဆုံးရရွိထားတဲ့ ကစားသမားျဖစ္သလို ဒိုင္ဘာလား နဲ႔ ေပါဂ့္ဘာ ၾကားက ဆက္ဆံေရးက ျပင္သစ္သားကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုရာမွာပါ မ်ားစြာအေထာက္ကူျဖစ္နိုင္ပါတယ္။ ဒိုင္ဘာလား အေျပာင္းအေရႊ႕ကယူနိုက္တဒ္အတြက္ ေငြကုန္က်မမ်ားသလို သက္ေသျပၿပီး သား ဥေရာပထိပ္တန္း တိုက္စစ္ကစားသမားျဖစ္ၿပီး အသင္းနဲ႔လည္းအံဝင္ဂြင္က် ရွိေစပါလိမ့္မယ္။ ဒိုင္ဘာလားရဲ့ ကစားပုံေၾကာင့္ ယူနိုက္တဒ္အေနနဲ႔ build up playမွာ ဘ႐ူနို ကိုမွီခိုထားရတာကိုေလၽွာ့ခ်နိုင္ၿပီး ကြင္းျပင္ပစီးပြားေရးကိုလည္းမ်ားစြာအေထာက္ကူျပဳနိုင္ပါလိမ့္မယ္။

Leave a Reply

Your email address will not be published. Required fields are marked *