စပါးမှာခြေစွမ်းပြနေလို့ ရီဂူလွန်ကို ပြန်ခေါ်ဖို့ ရီးရဲလ်စဉ်းစားပြင်ဆင်နေ

တော့တင်ဟမ်ဟော့စပါး အသင်းက ယခြနွေရာသမီမှ ခေါ်ယူထားတဲ့ ဘယ်နောက်ခံလူ ရီဂူလွန် ကြောင့် အတော်လေး ခေါင်းခဲနေရပါတယ်။ ရီဂူလွန်က ပရီးမီးယားလိဂ် မှာခြေစွာနေတဲ့နောက် ရီးရဲလ်မက်ဒရစ် အသင်းက ပြန်လည်စိတ်ဝင်စားနေပြီး လာမယ့် ဆောင်းရာသီမှာ ပြန်လည်ခေါ်ယူခွင့်ကို အသက်သွင်းဖို့ စီစဉ် လာပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းအနေနဲ့ မာဆယ်လို ကိုအဓိက အားထားနေပေမယ့် မန်ဒီက အားကိုးလို့မရနိုင်တာကြောင့် ဘယ်နောက်ခံ ပြသနာကိုဖြေရှင်းဖို့ ရီဂူလွန်ကိုပြန်လည်ခေါ်ယူဖို့ စီစဉ်လာတာဖြစ်ပါတယ်။

ရီဂူလွန် ကို တော့တင်ဟမ် ထက်အရင် ဆီဗီလာ အသင်းနဲ့ ယူနိုက်တဒ်တို့က ကမ်းလှမ်းခဲ့တာဖြစ်ပြီး မန်ယူနိုက်တဒ်အသင်း အနေနဲ့ ခေါ်ယူဖို့ အနီးစပ်ဆုံးအနေထားထိ ရောက်ရှိခဲ့ပေမယ့် ရီးရဲလ်အသင်း ရဲ့ တောင်းဆိုမှု့ကြောင့်မန်ချက်စတာကလပ်ဖက်ကပယ်ချခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်အသင်းက ယူရို(၃၅)သန်း နဲ့ အပြီးသတ် ရောင်းချလိုပြီး စာချုပ်မှာ ယူရိူ(၄၂) သန်းနဲ့ ကစားသမားရဲ့ ခွင့်ပြုချက် ရရှိရုံနဲ့ ပြန်လည်ခေါ်ယူခွင့်ရရှိမယ့် Buy Back Optionကိုထည့်သွင်းလိုခဲ့တာဖြစ်ပါတယ်။ ယူနိုက်တဒ် အနေနဲ့ အဆိုပါအချက်က အသင်းကြီးအချင်းချင်း ရောင်းချမှု့မှာ တစ်ဖက်သတ် ကြော ခံရတယ်လို့ ယူဆပြီး နောက်ဆုတ်ခဲ့တာဖြစ်ပါတယ်။

တော့တင်ဟမ် အသင်းက တော့ အဆိုပါအချက်ကို လက်ခံခဲ့ပြီး ရီဂူလွန် ကို ခေါ်ယူခဲ့ပေမယ့် ယခုအချိန်မှာတော့ အဆိုပါအချက်က ပြန်လည်ဒုက္ခရောက်လာပါတယ်။ ရီးရဲလ်အနေနဲ့ ရီဂူလွန်ရဲ့ ခြေစွမ်းကို ကြိုက်နှစ်သက်မှု့ ရှိနေပြီး ရောင်းချဖို့ ခွင့်ပြုခဲ့တဲ့ ဇီဒန်း အပေါ် စိတ်ပျက်လျက်ရှိတယ် လို့ AS ကဖော်ပြလာပါတယ်။

LONDON, ENGLAND – SEPTEMBER 29: Sergio Reguilon of Tottenham Hotspur during the Carabao Cup fourth round match between Tottenham Hotspur and Chelsea at Tottenham Hotspur Stadium on September 29, 2020 in London, England. Football Stadiums around United Kingdom remain empty due to the Coronavirus Pandemic as Government social distancing laws prohibit fans inside venues resulting in fixtures being played behind closed doors. (Photo by Tottenham Hotspur FC/Tottenham Hotspur FC via Getty Images)

မာကာ ကလည်း ပီရက်ဇ် အနေနဲ့ ဇီဒန်းရဲ့ဆုံးဖြတ်ချက်ကြောင့် ယူရို(၁၀) သန်းနီးပါး အပိုကုန်ကျမှာ ကို စိတ်ပျက်နေပေမယ့် ရီဂူလွန် ရဲ့ စပိန် လက်ရွေးစင် စီနီယာ ဖြစ်သွားတဲ့ အချက်ကြောင့်လာမယ့် ဆောင်းရာသီမှာပြန်လည်ခေါ်ယူဖို့ကြိုးစားလာပါလိမ့်မယ်။

Zawgyi

ေတာ့တင္ဟမ္ေဟာ့စပါး အသင္းက ယျခေႏြရာသမီမွ ေခၚယူထားတဲ့ ဘယ္ေနာက္ခံလူ ရီဂူလြန္ ေၾကာင့္ အေတာ္ေလး ေခါင္းခဲေနရပါတယ္။ ရီဂူလြန္က ပရီးမီးယားလိဂ္ မွာေျခစြာေနတဲ့ေနာက္ ရီးရဲလ္မက္ဒရစ္ အသင္းက ျပန္လည္စိတ္ဝင္စားေနၿပီး လာမယ့္ ေဆာင္းရာသီမွာ ျပန္လည္ေခၚယူခြင့္ကို အသက္သြင္းဖို႔ စီစဥ္ လာပါတယ္။ ရီးရဲလ္မက္ဒရစ္ အသင္းအေနနဲ႔ မာဆယ္လို ကိုအဓိက အားထားေနေပမယ့္ မန္ဒီက အားကိုးလို႔မရနိုင္တာေၾကာင့္ ဘယ္ေနာက္ခံ ျပသနာကိုေျဖရွင္းဖို႔ ရီဂူလြန္ကိုျပန္လည္ေခၚယူဖို႔ စီစဥ္လာတာျဖစ္ပါတယ္။

ရီဂူလြန္ ကို ေတာ့တင္ဟမ္ ထက္အရင္ ဆီဗီလာ အသင္းနဲ႔ ယူနိုက္တဒ္တို႔က ကမ္းလွမ္းခဲ့တာျဖစ္ၿပီး မန္ယူနိုက္တဒ္အသင္း အေနနဲ႔ ေခၚယူဖို႔ အနီးစပ္ဆုံးအေနထားထိ ေရာက္ရွိခဲ့ေပမယ့္ ရီးရဲလ္အသင္း ရဲ့ ေတာင္းဆိုမႈ႔ေၾကာင့္မန္ခ်က္စတာကလပ္ဖက္ကပယ္ခ်ခဲ့တာျဖစ္ပါတယ္။ ရီးရဲလ္အသင္းက ယူရို(၃၅)သန္း နဲ႔ အၿပီးသတ္ ေရာင္းခ်လိုၿပီး စာခ်ဳပ္မွာ ယူရိူ(၄၂) သန္းနဲ႔ ကစားသမားရဲ့ ခြင့္ျပဳခ်က္ ရရွိ႐ုံနဲ႔ ျပန္လည္ေခၚယူခြင့္ရရွိမယ့္ Buy Back Optionကိုထည့္သြင္းလိုခဲ့တာျဖစ္ပါတယ္။ ယူနိုက္တဒ္ အေနနဲ႔ အဆိုပါအခ်က္က အသင္းႀကီးအခ်င္းခ်င္း ေရာင္းခ်မႈ႔မွာ တစ္ဖက္သတ္ ေၾကာ ခံရတယ္လို႔ ယူဆၿပီး ေနာက္ဆုတ္ခဲ့တာျဖစ္ပါတယ္။

ေတာ့တင္ဟမ္ အသင္းက ေတာ့ အဆိုပါအခ်က္ကို လက္ခံခဲ့ၿပီး ရီဂူလြန္ ကို ေခၚယူခဲ့ေပမယ့္ ယခုအခ်ိန္မွာေတာ့ အဆိုပါအခ်က္က ျပန္လည္ဒုကၡေရာက္လာပါတယ္။ ရီးရဲလ္အေနနဲ႔ ရီဂူလြန္ရဲ့ ေျခစြမ္းကို ႀကိဳက္ႏွစ္သက္မႈ႔ ရွိေနၿပီး ေရာင္းခ်ဖို႔ ခြင့္ျပဳခဲ့တဲ့ ဇီဒန္း အေပၚ စိတ္ပ်က္လ်က္ရွိတယ္ လို႔ AS ကေဖာ္ျပလာပါတယ္။

မာကာ ကလည္း ပီရက္ဇ္ အေနနဲ႔ ဇီဒန္းရဲ့ဆုံးျဖတ္ခ်က္ေၾကာင့္ ယူရို(၁၀) သန္းနီးပါး အပိုကုန္က်မွာ ကို စိတ္ပ်က္ေနေပမယ့္ ရီဂူလြန္ ရဲ့ စပိန္ လက္ေရြးစင္ စီနီယာ ျဖစ္သြားတဲ့ အခ်က္ေၾကာင့္လာမယ့္ ေဆာင္းရာသီမွာျပန္လည္ေခၚယူဖို႔ႀကိဳးစားလာပါလိမ့္မယ္။

Leave a Reply

Your email address will not be published. Required fields are marked *