မာတာ – ဘရူနို အတွဲအဖက်က ယူနိုက်တက်အတွက် အဖြေတစ်ခုဖြစ်လာမလား

နယူးကာဆယ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ မာတာရဲ့ ဒီရာသီဘပထမဆုံး ပရီးမီးယားလိဂ်ပွဲထွက်ကို ကစားခွင့်ရခဲ့ပါတယ်။ ကာရာဘာအိုဖလားပွဲစဥ် ၂ ပွဲမှာ စွဲမက်ဖွယ်စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီးနောက်မှာ ဂရင်းဝုဒ် ကြံ့ခိုင်မှုမပြည့်ဝ မာရှယ်ပွဲပယ်ခံထားရတာကြောင့် ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ မာတာဟာ ဘရူနိုဖာနန်ဒက်စ်နဲ့ အတွဲညီခဲ့ပြီး မထင်မှတ်လောက်အောင် စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်ခဲ့ပါတယ်။

ဆိုးရှားလ်အတွက် ခေါင်းခဲစရာက ဂရင်းဝုဒ် ကြံ့ခိုင်မှုပြည့်လာတဲ့အခါမှာရော မာတာကို ဆက်ပြီးနေရာပေးမှာလား ဆိုတာပဲ ဖြစ်ပါတယ်။ မာတာကတော့ ဆိုးရှားလ်ကို အ​ကြီးကြီးခေါင်းစားအောင် စွမ်းဆောင်ပြနေပြီပဲ ဖြစ်ပါတယ်။ ဒီစပိန်သားဟာ ဒီရာသီ သူကစားခွင့်ရတဲ့ ပွဲစဥ် ၃ ပွဲမှာ ဂိုးရနိုင်တဲ့အခွင့်အရေး ၁၁ ကြိမ်ထိ ဖန်တီးပေးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ နယူးကာဆယ်နဲ့ပွဲမှာလဲ မက်ဂွိုင်းယားရဲ့ခေါင်းတိုက်ဂိုးကို ဒေါင့်ကန်ဘောကတစ်ဆင့် ဖန်တီးပေးနိုင်ခဲ့ပြီးတော့ ဒီပွဲမှာ သူ့ရဲ့ ပေးပို့မှုတွေက ၉၄ ရာခိုင်နှုန်းအထိ တိကျခဲ့တာ ဖြစ်ပါတယ်။

မာတာဟာ ညာတောင်ပံမှာ ပွဲထွက်ခွင့်ရတဲ့အကြိမ်တွေမှာ သူ့ရဲ့ခြေစွမ်းက ကောင်းလိုက်ဆိုးလိုက် ဖြစ်နေတတ်ပေမယ့် ဘရူနိုဖာနန်ဒက်စ်နဲ့အတူ ပွဲထွက်ရတဲ့အချိန်တွေမှာ ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပါတယ်။ ဘရူဖာနန်ဒက်စ်ရောက်ရှိလာချိန်ကစပြီး မာတာနဲ့ ဘရူနို အတူတွဲ ပွဲထွက်တာ ၆ ပွဲရှိခဲ့ပြီးတော့ ၅ ပွဲအနိုင်ရခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်ရဲ့ပွဲဦးထွက်ဖြစ်တဲ့ ဝုလ်ဗ်အသင်းနဲ့ပွဲကိုသာ သရေကျခဲ့ပါတယ်။ ဒီခြောက်ပွဲမှာ ယူနိုက်တက်အသင်းက ရဂိုး ၁၉ ဂိုးနဲ့ ပေးဂိုး ၁ ဂိုးသာ ရှိခဲ့တာပဲ ဖြစ်ပါတယ်။

PSG နဲ့ ချန်ပီယံလိဂ်ပွဲစဥ်မှာရော မာတာနဲ့ ဘရူနိုဖာနန်ဒက်စ် အတွဲညီညီခြေစွမ်းပြနိုင်မလားဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။ ဂရင်းဝုဒ် ရင့်ကျက်လာမယ့်အချိန်ကိုစောင့်ရင်း မာတာနဲ့ ဘရူနိုဖာနန်ဒက်စ်ကို အတူတွပြီး ပွဲထုတ်တာက ယူနိုက်တက်အတွက် အဖြေတစ်ခုဖြစ်လာမလားဆိုတာ စောင့်ကြည့်ချင်စရာကောင်းနေပြီပဲ ဖြစ်ပါတယ်။

Zawgyi

နယူးကာဆယ္အသင္းကို အနိုင္ရခဲ့တဲ့ပြဲမွာ မာတာရဲ့ ဒီရာသီဘပထမဆုံး ပရီးမီးယားလိဂ္ပြဲထြက္ကို ကစားခြင့္ရခဲ့ပါတယ္။ ကာရာဘာအိုဖလားပြဲစဥ္ ၂ ပြဲမွာ စြဲမက္ဖြယ္စြမ္းေဆာင္ရည္ကို ျပသနိုင္ခဲ့ၿပီးေနာက္မွာ ဂရင္းဝုဒ္ ႀကံ့ခိုင္မႈမျပည့္ဝ မာရွယ္ပြဲပယ္ခံထားရတာေၾကာင့္ ပရီးမီးယားလိဂ္မွာ ပြဲထြက္ခြင့္ရခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ဒီပြဲမွာ မာတာဟာ ဘ႐ူနိုဖာနန္ဒက္စ္နဲ႔ အတြဲညီခဲ့ၿပီး မထင္မွတ္ေလာက္ေအာင္ စြမ္းေဆာင္ရည္ေကာင္းေတြကို ျပသနိုင္ခဲ့ပါတယ္။

ဆိုးရွားလ္အတြက္ ေခါင္းခဲစရာက ဂရင္းဝုဒ္ ႀကံ့ခိုင္မႈျပည့္လာတဲ့အခါမွာေရာ မာတာကို ဆက္ၿပီးေနရာေပးမွာလား ဆိုတာပဲ ျဖစ္ပါတယ္။ မာတာကေတာ့ ဆိုးရွားလ္ကို အ​ႀကီးႀကီးေခါင္းစားေအာင္ စြမ္းေဆာင္ျပေနၿပီပဲ ျဖစ္ပါတယ္။ ဒီစပိန္သားဟာ ဒီရာသီ သူကစားခြင့္ရတဲ့ ပြဲစဥ္ ၃ ပြဲမွာ ဂိုးရနိုင္တဲ့အခြင့္အေရး ၁၁ ႀကိမ္ထိ ဖန္တီးေပးထားနိုင္ခဲ့တာ ျဖစ္ပါတယ္။ နယူးကာဆယ္နဲ႔ပြဲမွာလဲ မက္ဂြိဳင္းယားရဲ့ေခါင္းတိုက္ဂိုးကို ေဒါင့္ကန္ေဘာကတစ္ဆင့္ ဖန္တီးေပးနိုင္ခဲ့ၿပီးေတာ့ ဒီပြဲမွာ သူ႔ရဲ့ ေပးပို႔မႈေတြက ၉၄ ရာခိုင္ႏႈန္းအထိ တိက်ခဲ့တာ ျဖစ္ပါတယ္။

မာတာဟာ ညာေတာင္ပံမွာ ပြဲထြက္ခြင့္ရတဲ့အႀကိမ္ေတြမွာ သူ႔ရဲ့ေျခစြမ္းက ေကာင္းလိုက္ဆိုးလိုက္ ျဖစ္ေနတတ္ေပမယ့္ ဘ႐ူနိုဖာနန္ဒက္စ္နဲ႔အတူ ပြဲထြက္ရတဲ့အခ်ိန္ေတြမွာ ေျပာင္ေျမာက္တဲ့ စြမ္းေဆာင္ရည္ေတြကို ျပသနိုင္ခဲ့ပါတယ္။ ဘ႐ူဖာနန္ဒက္စ္ေရာက္ရွိလာခ်ိန္ကစၿပီး မာတာနဲ႔ ဘ႐ူနို အတူတြဲ ပြဲထြက္တာ ၆ ပြဲရွိခဲ့ၿပီးေတာ့ ၅ ပြဲအနိုင္ရခဲ့ၿပီး ဘ႐ူနိုဖာနန္ဒက္စ္ရဲ့ပြဲဦးထြက္ျဖစ္တဲ့ ဝုလ္ဗ္အသင္းနဲ႔ပြဲကိုသာ သေရက်ခဲ့ပါတယ္။ ဒီေျခာက္ပြဲမွာ ယူနိုက္တက္အသင္းက ရဂိုး ၁၉ ဂိုးနဲ႔ ေပးဂိုး ၁ ဂိုးသာ ရွိခဲ့တာပဲ ျဖစ္ပါတယ္။

PSG နဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္မွာေရာ မာတာနဲ႔ ဘ႐ူနိုဖာနန္ဒက္စ္ အတြဲညီညီေျခစြမ္းျပနိုင္မလားဆိုတာ စိတ္ဝင္စားစရာပဲ ျဖစ္ပါတယ္။ ဂရင္းဝုဒ္ ရင့္က်က္လာမယ့္အခ်ိန္ကိုေစာင့္ရင္း မာတာနဲ႔ ဘ႐ူနိုဖာနန္ဒက္စ္ကို အတူတြၿပီး ပြဲထုတ္တာက ယူနိုက္တက္အတြက္ အေျဖတစ္ခုျဖစ္လာမလားဆိုတာ ေစာင့္ၾကည့္ခ်င္စရာေကာင္းေနၿပီပဲ ျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *