ပရီးမီးယားလိဂ်ရဲ့ ဒုတိယအကောင်းဆုံး ဖန်တီးရှင်ဖြစ်နေတဲ့ ဘရူနိုဖာနန်ဒက်စ်

ပရီးမီးယားလိဂ်ဆိုတာဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးဆိုတဲ့ ကစားသမားတွေကို စုစည်းနေတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ ဒီလိုခက်ခဲကြမ်းတမ်းတဲ့ ပြိုင်ပွဲကို ရောက်ရှိလာတာ တစ်နှစ်မပြည့်ခင်မှာပဲ ပရိသတ်တွေရဲ့ ယုံကြည်ကိုးစားမှုကိုရရှိနေခဲ့သူကတော့ အသက် ၂၆ နှစ်အရွယ် ေပါ်တူဂီသား ကွင်းလည်ဖန်တီးရှင် ဘရူနိုဖာနန်ဒက်စ်ပဲ ဖြစ်ပါတယ်။

MANCHESTER, ENGLAND – OCTOBER 19: Bruno Fernandes and Anthony Martial of Manchester United in action during a first team training session ahead of the UEFA Champions League Group H stage match between Manchester United and Paris Saint-Germain at Aon Training Complex on October 19, 2020 in Manchester, England. (Photo by Matthew Peters/Manchester United via Getty Images)

ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွေ့မှာ ပြောင်းရွေ့ကြေး ယူရို ၅၅ သန်းနဲ့ အသင်းကိုရောက်ရှိလာပြီးနောက်မှာ ပရီးမီးယားလိဂ် သွင်းဂိုး ၈ ဂိုးနဲ့ ဖန်တီးမှု ၇ ကြိမ်ရှိခဲ့ပြီး အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရာသီဝက်သာကစားပြီး ရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဘရူနိုဟာ လက်ရှိအချိန်မှာ PSG အသင်းနဲ့ကစားမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲ အဖွင့်ပွဲစဥ်အတွက် အသင်းခေါင်းဆောင်အဖြစ်ပါ တာဝန်ယူရတော့မှာ ဖြစ်ပါတယ်။

ဒီရာသီမှာ ဘရူနိုဟာ သွင်းဂိုးသုံးဂိုးနဲ့ ဖန်တီးမှု နှစ်ကြိမ်ရှိထားပြီ ဖြစ်ပါတယ်။ နာမည်ကြီး ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ WhoScored ရဲ့ အချက်အလက်တွေအရ ဘရူနိုဖာနန်ဒက်စ်ဟာ ဒီရာသီမှာ အရေးပါတဲ့ပေးပို့မှု တစ်ပွဲပျမ်းမျှ ၃.၅ ကြိမ်ရှိနေပြီးတော့ ဒါဟာ ကီဗင်ဒီဘရိုင်းရဲ့ တစ်ပွဲပျမ်းမျှ ၄.၇ ကြိမ်ပြီးရင် ဒုတိယအကောင်းဆုံးစွမ်းဆောင်ရည်အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘရူနိုဖာနန်ဒက်စ်ဟာ ဖြတ်တင်ဘောပေးပို့မှု တစ်ပွဲပျမ်းမျှ ၂.၃ ကြိမ်နဲ့ အဝေးဘောပေးပို့မှု တစ်ပွဲပျမ်းမျှ ၄.၃ ကြိမ်ဆိုတဲ့ စွမ်းဆောင်ရည်က ဒီဘရိုင်း ဂရေးလစ်ရှ် မေဆန်မောင့်တို့ အားလုံးထက် သာနေခဲ့တာပါ။

အသင်းကို စရောက်တဲ့နေကစပြီး ထိပ်တန်းစွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီး တိုက်စစ်သာမက ခံစစ်စွမ်းဆောင်ရည်ကောင်းတွေနဲ့ပါ အသင်းကို ကူညီပေးနိုင်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းရဲ့ အသက်သွေးကြောတစ်ခုဖြစ်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ နိမ့်မြင့်တက်ကျတွေ များနေတဲ့ ယူနိုက်တက်အသင်းကို သူ့ရဲ့ ခြေစွမ်းကောင်းတွေနဲ့ ဘယ်လောက်အထိသယ်ဆောင်သွားပေးနိုင်မလဲဆိုတာ စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။

Zawgyi

ပရီးမီးယားလိဂ္ဆိုတာဟာ ကမၻာေပၚမွာ အေကာင္းဆုံးဆိုတဲ့ ကစားသမားေတြကို စုစည္းေနတဲ့ ၿပိဳင္ပြဲတစ္ခုျဖစ္ပါတယ္။ ဒီလိုခက္ခဲၾကမ္းတမ္းတဲ့ ၿပိဳင္ပြဲကို ေရာက္ရွိလာတာ တစ္ႏွစ္မျပည့္ခင္မွာပဲ ပရိသတ္ေတြရဲ့ ယုံၾကည္ကိုးစားမႈကိုရရွိေနခဲ့သူကေတာ့ အသက္ ၂၆ ႏွစ္အရြယ္ ေပၚတူဂီသား ကြင္းလည္ဖန္တီးရွင္ ဘ႐ူနိုဖာနန္ဒက္စ္ပဲ ျဖစ္ပါတယ္။

ဘ႐ူနိုဖာနန္ဒက္စ္ဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီအေျပာင္းအေရြ႕မွာ ေျပာင္းေရြ႕ေၾကး ယူရို ၅၅ သန္းနဲ႔ အသင္းကိုေရာက္ရွိလာၿပီးေနာက္မွာ ပရီးမီးယားလိဂ္ သြင္းဂိုး ၈ ဂိုးနဲ႔ ဖန္တီးမႈ ၇ ႀကိမ္ရွိခဲ့ၿပီး အသင္းရဲ့ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ရာသီဝက္သာကစားၿပီး ရယူနိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ဘ႐ူနိုဟာ လက္ရွိအခ်ိန္မွာ PSG အသင္းနဲ႔ကစားမယ့္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ အဖြင့္ပြဲစဥ္အတြက္ အသင္းေခါင္းေဆာင္အျဖစ္ပါ တာဝန္ယူရေတာ့မွာ ျဖစ္ပါတယ္။

ဒီရာသီမွာ ဘ႐ူနိုဟာ သြင္းဂိုးသုံးဂိုးနဲ႔ ဖန္တီးမႈ ႏွစ္ႀကိမ္ရွိထားၿပီ ျဖစ္ပါတယ္။ နာမည္ႀကီး ဝက္ဘ္ဆိုက္တစ္ခုျဖစ္တဲ့ WhoScored ရဲ့ အခ်က္အလက္ေတြအရ ဘ႐ူနိုဖာနန္ဒက္စ္ဟာ ဒီရာသီမွာ အေရးပါတဲ့ေပးပို႔မႈ တစ္ပြဲပ်မ္းမၽွ ၃.၅ ႀကိမ္ရွိေနၿပီးေတာ့ ဒါဟာ ကီဗင္ဒီဘရိုင္းရဲ့ တစ္ပြဲပ်မ္းမၽွ ၄.၇ ႀကိမ္ၿပီးရင္ ဒုတိယအေကာင္းဆုံးစြမ္းေဆာင္ရည္အျဖစ္ ရပ္တည္ေနတာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဘ႐ူနိုဖာနန္ဒက္စ္ဟာ ျဖတ္တင္ေဘာေပးပို႔မႈ တစ္ပြဲပ်မ္းမၽွ ၂.၃ ႀကိမ္နဲ႔ အေဝးေဘာေပးပို႔မႈ တစ္ပြဲပ်မ္းမၽွ ၄.၃ ႀကိမ္ဆိုတဲ့ စြမ္းေဆာင္ရည္က ဒီဘရိုင္း ဂေရးလစ္ရွ္ ေမဆန္ေမာင့္တို႔ အားလုံးထက္ သာေနခဲ့တာပါ။

အသင္းကို စေရာက္တဲ့ေနကစၿပီး ထိပ္တန္းစြမ္းေဆာင္ရည္ကို ျပသနိုင္ခဲ့ၿပီး တိုက္စစ္သာမက ခံစစ္စြမ္းေဆာင္ရည္ေကာင္းေတြနဲ႔ပါ အသင္းကို ကူညီေပးနိုင္ခဲ့တဲ့ ဘ႐ူနိုဖာနန္ဒက္စ္ဟာ ယူနိုက္တက္အသင္းရဲ့ အသက္ေသြးေၾကာတစ္ခုျဖစ္လာခဲ့ၿပီပဲ ျဖစ္ပါတယ္။ နိမ့္ျမင့္တက္က်ေတြ မ်ားေနတဲ့ ယူနိုက္တက္အသင္းကို သူ႔ရဲ့ ေျခစြမ္းေကာင္းေတြနဲ႔ ဘယ္ေလာက္အထိသယ္ေဆာင္သြားေပးနိုင္မလဲဆိုတာ ေစာင့္ၾကည့္ရေတာ့မွာပဲ ျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *