မီဒီယာတွေကို ဂရင်းဝုဒ်၊ ဝီလီယံတို့နဲ့ပတ်သက်ပြီး ရန်တွေ့ခဲ့တဲ့ ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားဟာ ပီအက်စ်ဂျီအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မတိုင်မီ မေဆင်ဂရင်းဝုဒ်နဲ့ ဘရန်ဒန်ဝီလီယံတို့ဟာ စည်းမျဉ်းစည်းကမ်းပိုင်းအရေးယူမှုနဲ့ ရင်ဆိုင်ခဲ့ရတယ်ဆိုတဲ့ ပြောဆိုမှုတွေကို ငြင်းပယ်သွားခဲ့ပါတယ်။

ဂရင်းဝုဒ်နဲ့ ဘရန်ဒန်ဝီလီယံတို့ ၂ ဦးစလုံးဟာ နယူးကာဆယ်အိမ်ကွင်းမှာ ၄-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ် လူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရတာဖြစ်ပြီး တနင်္လာနေ့က အင်္ဂါနေ့ညနေကစားမယ့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မတိုင်မီ လေ့ကျင့်ရေး ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဆိုးလ်ရှားက ဂရင်းဝုဒ်ဟာ ပီအက်စ်ဂျီအသင်းနဲ့ ကစားမယ့်ပွဲစဉ်ကို မဖော်ပြနိုင်တဲ့ဒဏ်ရာကြောင့် လွဲချော်မှာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဝီလီယံရော၊ ဂရင်းဝုဒ်ပါ လူစာရင်းကနေ အပြစ်ပေးခံရတဲ့အနေနဲ့ ချန်လှပ်ခြင်းခံခဲ့ရတာလားလို့ မေးမြန်းခဲ့တဲ့အချိန်မှာ ဆိုးလ်ရှားက အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“အဲဒီလိုသာ တကယ်ဟုတ်တယ်ဆိုရင် ဘာလို့ ဘရန်ဒန်က ဒီမှာရှိနေရတာလဲ။ ဘယ်မှာလဲ ခင်ဗျားတို့ရဲ့ သတင်းရင်းမြစ်တွေ။ ကျွန်တော် ပြောချင်တာ အဲဒါပဲ”

“ကျွန်တော်က ဆေးပညာဆိုင်ရာကိစ္စတွေကို မကြေညာနိုင်ဘူး။ ကြေညာလို့ ရနိုင်လို့လား။ အဲဒါက ပွဲပန်းနေတာလို့ ကျွန်တော်တို့ မျှော်လင့်ပြီး သူနဲ့ပတ်သက်ပြီး ဘယ်လိုအခွင့်အရေးမျိုးမှ မလိုချင်ပါဘူး။ ဒီစနေ၊ တနင်္ဂနွေလောက်ဆိုရင်တော့ နောက်ထပ်တစ်ကြိမ် ပြန်ကစားနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *