ရော်နယ်ဒိုကို နာကျင်အောင်ဖျက်ထုတ်ခဲ့လို့ လူစာရင်းက ဖယ်ခံခဲ့ရဖူးတဲ့ ရီးရဲလ်ခံစစ်မှူး

ရီးရဲလ်မက်ဒရစ် အသင်းဟာ ရော်နယ်ဒိုရှိစဉ်က ပေါ်တူဂီစတားအပေါ် အလွန်အကျွံ ဂရုစိုက်ခဲ့သလို ဇီဒန်း ရဲ့ လွန်ကျူးတဲ့ ကာကွယ်ပေးမှု့ကအသင်းရဲ့ လူငယ်ကစားသမားအချို့ကိုပါ ထိခိုက်စေခဲ့တယ်လို့ မာကာ က ဖော်ပြလာပါတယ်။ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် ရဲ့ ချန်ပီယံလိဂ် ပွဲစဉ်မတိုင်မှီ ပြုလုပ်တဲ့လေ့ကျင့်ခန်းမှာ လူငယ်ကစားသမားတွေကို ခေါ်ယူလေ့ကျင့်စေခဲ့ပြီး ထိုစဉ်က ဆယ်ကျော်သက်အရွယ် ခံစစ်မှုး ဟာနန်ဒို လည်းပါဝင်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ် ရဲ့ လေ့ကျင့်ခန်းကို အသင်းနှသ်သင်းခွဲကစားစေခဲ့ပြီး ဟာနန်ဒိုက ရော်နယ်ဒို နဲ့ ပြိုင်ဘက်အသင်းမှာ ကျရောက်ခဲ့ကာ ထိုအချိန်ကတော့ လူငယ်ကစားသမားလေးအတွက် ကံဆိုးမိုးမှောင်ကျမယ့်ဘအချိန်တွေ ရောက်လာမယ်မှန်းသိရှိခဲ့မှာ တော့ မဟုတ်ပါဘူး။ ရီးရဲလ်အသင်းရဲ့ ချန်ပီယံလိဂ်လေ့ကျင့်ခန်းမှာ ရော်နယ်ဒို နဲ့ ရင်ဆိုင်ရမယ့် လူငယ်လေးတစ်ယောက်ရဲ့ ရင်ထဲမှာ နည်းပြရဲ့ စိတ်ဝင်စားမှု့ကိုရဖို့ဆိုရင် အကောင်းဆုံးကစားသမားကိုထိန်းချုပ်ပြဖို့ကအဓိက ဖြစ်ပါလိမ့်မယ်။

ရီးရဲလ်အသင်းမှာ ပွဲထွက်ခွင့်ရဖို့ ဥရောပတစ်လွှားက ထိပ်သီးကစားသမားတွေ တောင် အိမ်မက် မက်နေရချိန်မှာ ဒီလို လေ့ကျင့်ခန်းကနေ စတေဒီယာဂိုဘာနေဗြူးကွင်းကြီးရဲ့ လက်ခုပ်သံတွေကြားရမယ့် အခွင့်အရေးကလည်းအချိန်မရွေးရောက်လာနိုင်မှန်း ဟာနန်ဒို တစ်ယောက်ရိပ်မိခဲ့ပေမယ့် ဒီလိုပျော်ရွှင်နေရတာက မုန်တိုင်းအရဲ့အလယ်ဗဟို မှာ သာယာနေတဲ့ အနေထားဆိုတာတော့ သူ သိရှိခဲ့ဟန်မတူပါဘူး။အဆိုပါလေ့ကျင့်ခန်းမှာ ဟာနန်ဒို ကို ဘောလူံး လွတ်သွားတာကို လိုက်ဆယ်ရင်း ရော်နယ်ဒို ကို ပြင်းပြင်းထန်ထန် ဖျတ်ထုတ်မိခဲ့ပြီး ပေါ်တူဂီထိပ်သီးစတားက အတော်လေးဒေါသထွက်ပြီးအော်ဟစ်ခဲ့တယ်လို့ ရီးရဲလ် လေ့ကျင့်ရေးကွင်းကသတင်းက ကိုးကားပြီး မာကာ က ဖော်ပြခဲ့ပါတယ်။

အဆိုပါဖြစ်ရပ်ပြီးနောက် လေ့ကျင့်ခန်းကိုဆက်ကစားပေမယ့် နောက် လေ့ကျင့်ခန်းတွေမှာတော့ လူငယ်တွေကိုမခေါ်ယူတော့သလို ဟာနန်ဒိုရဲ့ အိမ်မက်ကလည်း တစ်စစီ ပြိုကွဲစပြုလာပါတယ်။ဇီဒန်း က ဟာနန်ဒိုကို Racing Santander ကိုအငှားချခဲ့သလို ယခုရာသီမှာ ဒုတိယတန်းလိဂ်က SD Ponferradina အသင်းကိုထပ်မံအငှားချထားခဲ့ပြန်ပါတယ်။ အသက် (၂၂) အရွယ် ရှိပြီဖြစ်ပြီး (၂၀၁၇) မှာ မန်ယူနိုက်တဒ် နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ပွဲထွက်ခဲ့ရသလို ချန်ပီယံလိဂ် လေ့ကျင့်ခန်းအထိ ပါဝင်ခဲ့ရပေမယ့်လည်း မမျှော်လင့်တဲ့ ဖြစ်ရပ်ဆိုးတစ်ခုက ဟာနန်ဒို ရဲ့ ကစားသမားဘဝကို ဆိုးရွားစွာထိခိုက်စေခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi

ရီးရဲလ္မက္ဒရစ္ အသင္းဟာ ေရာ္နယ္ဒိုရွိစဥ္က ေပၚတူဂီစတားအေပၚ အလြန္အကၽြံ ဂ႐ုစိုက္ခဲ့သလို ဇီဒန္း ရဲ့ လြန္က်ဴးတဲ့ ကာကြယ္ေပးမႈ႔ကအသင္းရဲ့ လူငယ္ကစားသမားအခ်ိဳ႕ကိုပါ ထိခိုက္ေစခဲ့တယ္လို႔ မာကာ က ေဖာ္ျပလာပါတယ္။ ၂၀၁၇-၂၀၁၈ ေဘာလုံးရာသီမွာ ရီးရဲလ္မက္ဒရစ္ ရဲ့ ခ်န္ပီယံလိဂ္ ပြဲစဥ္မတိုင္မွီ ျပဳလုပ္တဲ့ေလ့က်င့္ခန္းမွာ လူငယ္ကစားသမားေတြကို ေခၚယူေလ့က်င့္ေစခဲ့ၿပီး ထိုစဥ္က ဆယ္ေက်ာ္သက္အရြယ္ ခံစစ္မႈး ဟာနန္ဒို လည္းပါဝင္ခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ ရဲ့ ေလ့က်င့္ခန္းကို အသင္းႏွသ္သင္းခြဲကစားေစခဲ့ၿပီး ဟာနန္ဒိုက ေရာ္နယ္ဒို နဲ႔ ၿပိဳင္ဘက္အသင္းမွာ က်ေရာက္ခဲ့ကာ ထိုအခ်ိန္ကေတာ့ လူငယ္ကစားသမားေလးအတြက္ ကံဆိုးမိုးေမွာင္က်မယ့္ဘအခ်ိန္ေတြ ေရာက္လာမယ္မွန္းသိရွိခဲ့မွာ ေတာ့ မဟုတ္ပါဘူး။ ရီးရဲလ္အသင္းရဲ့ ခ်န္ပီယံလိဂ္ေလ့က်င့္ခန္းမွာ ေရာ္နယ္ဒို နဲ႔ ရင္ဆိုင္ရမယ့္ လူငယ္ေလးတစ္ေယာက္ရဲ့ ရင္ထဲမွာ နည္းျပရဲ့ စိတ္ဝင္စားမႈ႔ကိုရဖို႔ဆိုရင္ အေကာင္းဆုံးကစားသမားကိုထိန္းခ်ဳပ္ျပဖို႔ကအဓိက ျဖစ္ပါလိမ့္မယ္။

ရီးရဲလ္အသင္းမွာ ပြဲထြက္ခြင့္ရဖို႔ ဥေရာပတစ္လႊားက ထိပ္သီးကစားသမားေတြ ေတာင္ အိမ္မက္ မက္ေနရခ်ိန္မွာ ဒီလို ေလ့က်င့္ခန္းကေန စေတဒီယာဂိုဘာေနျဗဴးကြင္းႀကီးရဲ့ လက္ခုပ္သံေတြၾကားရမယ့္ အခြင့္အေရးကလည္းအခ်ိန္မေရြးေရာက္လာနိုင္မွန္း ဟာနန္ဒို တစ္ေယာက္ရိပ္မိခဲ့ေပမယ့္ ဒီလိုေပ်ာ္ရႊင္ေနရတာက မုန္တိုင္းအရဲ့အလယ္ဗဟို မွာ သာယာေနတဲ့ အေနထားဆိုတာေတာ့ သူ သိရွိခဲ့ဟန္မတူပါဘူး။အဆိုပါေလ့က်င့္ခန္းမွာ ဟာနန္ဒို ကို ေဘာလူံး လြတ္သြားတာကို လိုက္ဆယ္ရင္း ေရာ္နယ္ဒို ကို ျပင္းျပင္းထန္ထန္ ဖ်တ္ထုတ္မိခဲ့ၿပီး ေပၚတူဂီထိပ္သီးစတားက အေတာ္ေလးေဒါသထြက္ၿပီးေအာ္ဟစ္ခဲ့တယ္လို႔ ရီးရဲလ္ ေလ့က်င့္ေရးကြင္းကသတင္းက ကိုးကားၿပီး မာကာ က ေဖာ္ျပခဲ့ပါတယ္။

အဆိုပါျဖစ္ရပ္ၿပီးေနာက္ ေလ့က်င့္ခန္းကိုဆက္ကစားေပမယ့္ ေနာက္ ေလ့က်င့္ခန္းေတြမွာေတာ့ လူငယ္ေတြကိုမေခၚယူေတာ့သလို ဟာနန္ဒိုရဲ့ အိမ္မက္ကလည္း တစ္စစီ ၿပိဳကြဲစျပဳလာပါတယ္။ဇီဒန္း က ဟာနန္ဒိုကို Racing Santander ကိုအငွားခ်ခဲ့သလို ယခုရာသီမွာ ဒုတိယတန္းလိဂ္က SD Ponferradina အသင္းကိုထပ္မံအငွားခ်ထားခဲ့ျပန္ပါတယ္။ အသက္ (၂၂) အရြယ္ ရွိၿပီျဖစ္ၿပီး (၂၀၁၇) မွာ မန္ယူနိုက္တဒ္ နဲ႔ ကစားခဲ့တဲ့ ေျခစမ္းပြဲမွာ ပြဲထြက္ခဲ့ရသလို ခ်န္ပီယံလိဂ္ ေလ့က်င့္ခန္းအထိ ပါဝင္ခဲ့ရေပမယ့္လည္း မေမၽွာ္လင့္တဲ့ ျဖစ္ရပ္ဆိုးတစ္ခုက ဟာနန္ဒို ရဲ့ ကစားသမားဘဝကို ဆိုးရြားစြာထိခိုက္ေစခဲ့တာလည္းျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *