ဂျူဗီရဲ့ အရေးပါတဲ့ပုဂ္ဂိုလ်တစ်ဦးနဲ့ ပြသနာတက်ခဲ့တဲ့ ဒိုင်ဘာလာ

ယူဗင်းတပ်စ် အသင်းရဲ့ အဓိက ကစားသမားတစ်ယောက် ဖြစ်တဲ့ ပေါ်လိုဒိုင်ဘာလား က ယမန်နေ့ညက တစ်ဂိုးစီသရေကျခဲ့တဲ့ ဆီးရီအေ ပွဲစဉ်မှာ ပွဲထွက်ခွင့်မရသလို ပါဝင်ခွင့်မရခဲ့တာကြောင့် ဥမင်လျှောက်လမ်းမှာ အသင်းအမှု့ဆောင်ချုပ် ပါရာတာစီ ကို မေးခွန်းထုတ်ရာကအချင်းများခဲ့တယ်လို့ tutusport ကိုးကားပြီး Mailက ပြန်လည်ဖော်ပြခဲ့ပါတယ်။ ယူဗင်းတပ်စ်အတွက် ထိပ်သီးကစားသမားအဖြစ် ခြောက်ရာသီနီးပါး ရပ်တည်လာခဲ့ပေမယ့် ဒိုင်ဘာလားကိုနည်းပြ သစ် ပီယာလို ကတော့အကြိုက်မတွေ့လှပဲ ရှင်းထုတ်လိုနေတာဖြစ်ပါတယ်။

ပီယာလိုက ဒိုင်ဘာလား နဲ့ အသင်းဖော်ဖြစ်ဖူးသလို နီးကပ်တဲ့ ဆက်ဆံရေးရှိတာကြောင့် အခြေနေ ကောင်းမယ်လို့ထင်ခဲ့ပေမယ့် လက်ရှိမှာတော့ ခန့်မှန်းချက်က ပြောင်းပြန်ဖြစ်လာခဲ့ပါတယ်။ ဒိုင်ဘာလား က ဒဏ်ရာရရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပီယာလိုက ချန်လှပ်ခဲ့တာဖြစ်ပေမယ့် ပြီးခဲ့တဲ့တစ်ပတ်ထဲကလေ့ကျင့်ခန်းအပြည့်ပြန်ဆင်း နိုင်ခဲ့ပြီ ဖြစ်တာကိုတော့ ပီယာလိုက ထိန်ချန်ထားပါတယ်။ ရော်နယ်ဒို နဲ့ ဒိုင်ဘာလား တွဲဖက်မှု့က ယူဗင်းတပ်စ် အသင်းကို စကူဒက်တိုချန်ပီယံ ဖြစ်စေခဲ့ပေမယ့်လည်း ပီယာလို ကတော့ ငွေကြေးကုန်ကျမှု့များပြားတဲ့ နာမည်ကြီးတွေထက် အီတလီ ထွက် လူငယ်တွေနဲ့သာ အသင်းကို ပြန်လည်မွန်းမံပြင်ဆင်လိုဟန်ရှိပါတယ်။

မာတွိုင်ဒီ၊ဟီဂွာအင် တို့ကိုအလွတ်ထွက်ခွာခွင့်ပေးခဲ့သလို ယူဗင်းတပ်စ်အနေနဲ့ ပီယာနစ်လို ဝါရင့်ကွင်းလယ်ကစားသမားကို အာသာနဲ့အလဲထပ်ပြုလုပ်ခဲ့သလို အသင်းရဲ့မြင့်မားတဲ့အသက်ရွယ်အပိုင်းအခြားကိုလျှော့ချလိုနေဟန်ရှိနေပါတယ်။ တစ်ဖက်မှာလည်း ယူဗင်းတပ်စ် အသင်းက ဘဏ္ဏာရေး ပြသနာရှိနေပြီး ဝင်ငွေထိခိုက်လာတာကြောင့် လစာလျှော့ချဖို့ကိုပြင်ဆင်နေရပြီလည်းဖြစ်ပါတယ်။ ရော်နယ်ဒိူကိုတစ်ရာသီယူရိုသန်း(၃၀) ပေးချေနေရတာက ကျန်ကစားသမား (၅) ဦးနီးပါးရဲ့ လစာငွေနဲ့ညီမျှပေမယ့် ပေါ်တူဂီစတား ကို ထိလို့မရတာကြောင့် အခြားထိပ်သီးကစားသမားတစ်ဦးကို လျှော့ချဖို့ပြင်ဆင်လာတာဖြစ်ပါတယ်။

ဒိုင်ဘာလား က တစ်နှစ်ကိုယူရို (၁၀)သန်း လစာပေးချေနေရသူဖြစ်ပြီး အသစ်ခေါ်ယူထားတဲ့ ညာတောင်ပံတိုက်စစ်ကစားသမား ချီဆာ က ယူရို (၃) သန်းသာပေးချေရတာကြောင့်လည်း ဒိုင်ဘာလားကို ပီယာလိုက လျှော့ချလိုတာဖြစ်လာပါတယ်။ ယူဗင်းတပ်စ် အသင်းဖက်က ဒိုင်ဘာလား နဲ့စာချူပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေပေမယ့် ယမန်နေ့က အသင်းမှု့ဆောင်ချုပ်နဲ့အငြင်းပွားခဲ့တဲ့အနေထားက အဟန့်တားဖြစ်လာနိုင်ပြီး ပရီးမီးယားလိဂ်ထိပ်သီး ယူနိုက်တဒ် နဲ့ ချဲလ်ဆီးက အနီးကပ်စောင့်ကြည့်လျက်ရှိနေပါတယ်။

Zawgyi

ယူဗင္းတပ္စ္ အသင္းရဲ့ အဓိက ကစားသမားတစ္ေယာက္ ျဖစ္တဲ့ ေပၚလိုဒိုင္ဘာလား က ယမန္ေန႔ညက တစ္ဂိုးစီသေရက်ခဲ့တဲ့ ဆီးရီေအ ပြဲစဥ္မွာ ပြဲထြက္ခြင့္မရသလို ပါဝင္ခြင့္မရခဲ့တာေၾကာင့္ ဥမင္ေလၽွာက္လမ္းမွာ အသင္းအမႈ႔ေဆာင္ခ်ဳပ္ ပါရာတာစီ ကို ေမးခြန္းထုတ္ရာကအခ်င္းမ်ားခဲ့တယ္လို႔ tutusport ကိုးကားၿပီး Mailကျပန္လည္ေဖာ္ျပခဲ့ပါတယ္။ ယူဗင္းတပ္စ္အတြက္ ထိပ္သီးကစားသမားအျဖစ္ ေျခာက္ရာသီနီးပါး ရပ္တည္လာခဲ့ေပမယ့္ ဒိုင္ဘာလားကိုနည္းၿပ သစ္ ပီယာလို ကေတာ့အႀကိဳက္မေတြ႕လွပဲ ရွင္းထုတ္လိုေနတာျဖစ္ပါတယ္။

ပီယာလိုက ဒိုင္ဘာလား နဲ႔ အသင္းေဖာ္ျဖစ္ဖူးသလို နီးကပ္တဲ့ ဆက္ဆံေရးရွိတာေၾကာင့္ အေျခေန ေကာင္းမယ္လို႔ထင္ခဲ့ေပမယ့္ လက္ရွိမွာေတာ့ ခန႔္မွန္းခ်က္က ေျပာင္းျပန္ျဖစ္လာခဲ့ပါတယ္။ ဒိုင္ဘာလား က ဒဏ္ရာရရွိေနတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ ပီယာလိုက ခ်န္လွပ္ခဲ့တာျဖစ္ေပမယ့္ ၿပီးခဲ့တဲ့တစ္ပတ္ထဲကေလ့က်င့္ခန္းအျပည့္ျပန္ဆင္း နိုင္ခဲ့ၿပီ ျဖစ္တာကိုေတာ့ ပီယာလိုက ထိန္ခ်န္ထားပါတယ္။ ေရာ္နယ္ဒို နဲ႔ ဒိုင္ဘာလား တြဲဖက္မႈ႔က ယူဗင္းတပ္စ္ အသင္းကို စကူဒက္တိုခ်န္ပီယံ ျဖစ္ေစခဲ့ေပမယ့္လည္း ပီယာလို ကေတာ့ ေငြေၾကးကုန္က်မႈ႔မ်ားျပားတဲ့ နာမည္ႀကီးေတြထက္ အီတလီ ထြက္ လူငယ္ေတြနဲ႔သာ အသင္းကို ျပန္လည္မြန္းမံျပင္ဆင္လိုဟန္ရွိပါတယ္။

မာတြိဳင္ဒီ၊ဟီဂြာအင္ တို႔ကိုအလြတ္ထြက္ခြာခြင့္ေပးခဲ့သလို ယူဗင္းတပ္စ္အေနနဲ႔ ပီယာနစ္လို ဝါရင့္ကြင္းလယ္ကစားသမားကို အာသာနဲ႔အလဲထပ္ျပဳလုပ္ခဲ့သလို အသင္းရဲ့ျမင့္မားတဲ့အသက္ရြယ္အပိုင္းအျခားကိုေလၽွာ့ခ်လိုေနဟန္ရွိေနပါတယ္။ တစ္ဖက္မွာလည္း ယူဗင္းတပ္စ္ အသင္းက ဘဏၰာေရး ျပသနာရွိေနၿပီး ဝင္ေငြထိခိုက္လာတာေၾကာင့္ လစာေလၽွာ့ခ်ဖို႔ကိုျပင္ဆင္ေနရၿပီလည္းျဖစ္ပါတယ္။ ေရာ္နယ္ဒိူကိုတစ္ရာသီယူရိုသန္း(၃၀) ေပးေခ်ေနရတာက က်န္ကစားသမား (၅) ဦးနီးပါးရဲ့ လစာေငြနဲ႔ညီမၽွေပမယ့္ ေပၚတူဂီစတား ကို ထိလို႔မရတာေၾကာင့္ အျခားထိပ္သီးကစားသမားတစ္ဦးကို ေလၽွာ့ခ်ဖို႔ျပင္ဆင္လာတာျဖစ္ပါတယ္။

ဒိုင္ဘာလား က တစ္ႏွစ္ကိုယူရို (၁၀)သန္း လစာေပးေခ်ေနရသူျဖစ္ၿပီး အသစ္ေခၚယူထားတဲ့ ညာေတာင္ပံတိုက္စစ္ကစားသမား ခ်ီဆာ က ယူရို (၃) သန္းသာေပးေခ်ရတာေၾကာင့္လည္း ဒိုင္ဘာလားကို ပီယာလိုက ေလၽွာ့ခ်လိုတာျဖစ္လာပါတယ္။ ယူဗင္းတပ္စ္ အသင္းဖက္က ဒိုင္ဘာလား နဲ႔စာခ်ဴပ္သစ္ခ်ဳပ္ဆိုဖို႔ ျပင္ဆင္ေနေပမယ့္ ယမန္ေန႔က အသင္းမႈ႔ေဆာင္ခ်ဳပ္နဲ႔အျငင္းပြားခဲ့တဲ့အေနထားက အဟန႔္တားျဖစ္လာနိုင္ၿပီး ပရီးမီးယားလိဂ္ထိပ္သီး ယူနိုက္တဒ္ နဲ႔ ခ်ဲလ္ဆီးက အနီးကပ္ေစာင့္ၾကည့္လ်က္ရွိေနပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *