အဲဗာတန်မှာခြေစွမ်းပြနေတဲ့ဂျိမ်းရိုဒရီကိုရောင်းလိုက်လို့ ဇီဒန်းကို တင်းနေတဲ့ ပီရက်ဇ်

အဲဗာတန် အသင်းနဲ့ အတူ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေတဲ့ ဂျိမ်းစ်ရိုဒရီဂွက်စ် ကို ဇီဒန်းရဲ့ကိုင်တွယ်ပုံတွေကြောင့် ရီးရယ်လ်အသင်းအကြီးအကဲ က စိတ်ပျက်နေတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။အသက်(၂၉)နှစ်အရွယ်ကစားသမား ဟာ စက်တင်ဘာလက ဘာနေဗျုးကနေ အဲဗာတန် အသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ဂျိမ်းစ်ရိုဒရီဂွက်စ် ဟာ အဲဗာတန် အသင်းကို ရောက်ရောက်ချင်းထဲက ခြေစွမ်းပြနေတာဖြစ်ပြီး အသင်းအတွက် ပါဝင်ကစားပေးခဲ့တဲ့ (၆)ပွဲမှာ (၃)ဂိုးသွင်းယူကာ (၄)ဂိုးဖန်တီးနိုင်ခဲ့တာပါ။ရီးရယ်လ် အသင်းအကြီးအကဲ က ဂျိမ်းစ်ရိုဒရီဂွက်စ် ကို အသုံးအပြုတော့ပဲ အသင်းက ထွက်ခွာခွင့်ပေးခဲ့တဲ့ ဇီဒန်းရဲ့လုပ်ဆောင်ပုံကို စိတ်ပျက်နေခဲ့တာဖြစ်ပါတယ်။

အချို့ကိန်းဂဏန်းအချက်အလက်တွေအရ ဂါရတ်ဘေးလ် ၊ ရီဂွီလွန် နဲ့ ဆီဘယ်လော့စ် တို့ဟာ အခုနှစ်ရာသီ လာလီဂါချန်ပီယံ အသင်းအတွက် အသုံးဝင်နိုင်တဲ့ ကစားသမားတွေအဖြစ် ယုံကြည်နေကြတာပါ။ဂါရတ်ဘေးလ် နဲ့ ဆီဘယ်လော့စ် တို့ဟာ စပါးနဲ့ အာဆင်နယ် အသင်းကို အငှားနဲ့ ပြောင်းရွှေ့ခဲ့ကြပြီး ရီဂွီလွန် ကတော့ စပါး အသင်းကို အပြီးသတ်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဂျိမ်းစ်ရိုဒရီဂွက်စ် ဟာ ရီးရယ်လ် အသင်းအတွက် ပွဲပေါင်း(၁၂၅)ပွဲပါဝင်ကစားခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီကတော့ နည်းပြ ဇီဒန်းက (၁၄)ပွဲသာ အသုံပြုခဲ့တာဖြစ်ပါတယ်။ဂျိမ်းစ်ရိုဒရီဂွက်စ် ဟာ ပြီးခဲ့တဲ့ရာသီ မတိုင်ခင်ကလည်း ဘိုင်ယန်မြူးနစ် အသင်းထံ အငှားသွားရောက်ကစားခဲ့ရပါတယ်။

Zawgyi

အဲဗာတန္ အသင္းနဲ႔ အတူ ပရီးမီးယားလိဂ္မွာ ေျခစြမ္းျပေနတဲ့ ဂ်ိမ္းစ္ရိုဒရီဂြက္စ္ ကို ဇီဒန္းရဲ့ကိုင္တြယ္ပုံေတြေၾကာင့္ ရီးရယ္လ္အသင္းအႀကီးအကဲ က စိတ္ပ်က္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပထားပါတယ္။အသက္(၂၉)ႏွစ္အရြယ္ကစားသမား ဟာ စက္တင္ဘာလက ဘာေနဗ်ဳးကေန အဲဗာတန္ အသင္းကို ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။

ဂ်ိမ္းစ္ရိုဒရီဂြက္စ္ ဟာ အဲဗာတန္ အသင္းကို ေရာက္ေရာက္ခ်င္းထဲက ေျခစြမ္းျပေနတာျဖစ္ၿပီး အသင္းအတြက္ ပါဝင္ကစားေပးခဲ့တဲ့ (၆)ပြဲမွာ (၃)ဂိုးသြင္းယူကာ (၄)ဂိုးဖန္တီးနိုင္ခဲ့တာပါ။ရီးရယ္လ္ အသင္းအႀကီးအကဲ က ဂ်ိမ္းစ္ရိုဒရီဂြက္စ္ ကို အသုံးအျပဳေတာ့ပဲ အသင္းက ထြက္ခြာခြင့္ေပးခဲ့တဲ့ ဇီဒန္းရဲ့လုပ္ေဆာင္ပုံကို စိတ္ပ်က္ေနခဲ့တာျဖစ္ပါတယ္။

အခ်ိဳ႕ကိန္းဂဏန္းအခ်က္အလက္ေတြအရ ဂါရတ္ေဘးလ္ ၊ ရီဂြီလြန္ နဲ႔ ဆီဘယ္ေလာ့စ္ တို႔ဟာ အခုႏွစ္ရာသီ လာလီဂါခ်န္ပီယံ အသင္းအတြက္ အသုံးဝင္နိုင္တဲ့ ကစားသမားေတြအျဖစ္ ယုံၾကည္ေနၾကတာပါ။ဂါရတ္ေဘးလ္ နဲ႔ ဆီဘယ္ေလာ့စ္ တို႔ဟာ စပါးနဲ႔ အာဆင္နယ္ အသင္းကို အငွားနဲ႔ ေျပာင္းေရႊ႕ခဲ့ၾကၿပီး ရီဂြီလြန္ ကေတာ့ စပါး အသင္းကို အၿပီးသတ္ေျပာင္းေရႊ႕ခဲ့တာျဖစ္ပါတယ္။

ဂ်ိမ္းစ္ရိုဒရီဂြက္စ္ ဟာ ရီးရယ္လ္ အသင္းအတြက္ ပြဲေပါင္း(၁၂၅)ပြဲပါဝင္ကစားခဲ့ေပမယ့္ ၿပီးခဲ့တဲ့ရာသီကေတာ့ နည္းၿပ ဇီဒန္းက (၁၄)ပြဲသာ အသုံျပဳခဲ့တာျဖစ္ပါတယ္။ဂ်ိမ္းစ္ရိုဒရီဂြက္စ္ ဟာ ၿပီးခဲ့တဲ့ရာသီ မတိုင္ခင္ကလည္း ဘိုင္ယန္ျမဴးနစ္ အသင္းထံ အငွားသြားေရာက္ကစားခဲ့ရပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *