၂၁ရာစုရဲ့ လာလီဂါမှာ သူ့ထက်သာတာ ရော်နယ်ဒိုပဲရှိတယ်လို့ ပြသခဲ့တဲ့ ဆွာရက်ဇ်

အသလက်တီကို အသင်းတိုက်စစ်မှုး ဆွာရက်စါ ကတော့ မနေ့ညက ကစားခဲ့တဲ့ ဆယ်လ်တာဗီဂို အသင်းကို အနိုင်ရတဲ့ ပွဲမှာ ဂိုးသွင်းယူပြီးနောက် လာလီဂါသွင်းဂိုး(၁၅၀)ပြည့်မြောက်သွားခဲ့ပြီလည်းဖြစ်ပါတယ်။(၂၁)ရာစုအတွင်း လာလီဂါပြိုင်ပွဲမှာ ဆွာရက်စ်ထက် အမြန်ဆုံးသွင်းယူနိုင်တဲ့ ကစားသမားဆိုလို့ စီရော်နယ်ဒို တစ်ဦးထဲသာ ရှိတာဖြစ်ပါတယ်။

ဥရုဂွေးတိုက်စစ်မှုးဟာ လာလီဂါပွဲပေါင်း (၁၉၅)ပွဲကစားအပြီးမှာ (၁၅၀)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ရီးရယ်လ် အသင်းတိုက်စစ်မှုးဟောင်း စီရော်နယ်ဒို ကတော့ (၁၄၀)ပွဲကစားအပြီးမှာ (၁၅၀)ဂိုးသွင်းယူကာ စံချိန်တင်ထားတာဖြစ်ပါတယ်။ဆွာရက်စ် ဟာ (၂၀၁၄) က လီဗာပူးလ် အသင်းကနေ ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဂိုးတွေအများအပြားသွင်းယူကာ ‌သက်သေပြနိုင်ခဲ့တာပါ။

ဆွာရက်စ် ဟာ ဘာစီလိုနာ အသင်းမှာ (၆)ရာသီကြာ (၂၈၃)ပွဲပါဝင်ကစားကာ (၁၉၈)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ဒီထဲက (၁၄၇)ဂိုးက လာလီဂါမှာ သွင်းခဲ့တာဖြစ်ပါတယ်။အခုရာသီမှာတော့ ဥရုဂွေးတိုက်စစ်မှုးဟာ ဘာစီလိုနာ အသင်းကနေ ထွက်ခွာပြီး စပိန်ပြိုင်ဘက် အသလက်တီကို အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ဆွာရက်စ် ဟာ အသလက်တီကို အသင်းအတွက်(၄)ပွဲကစားပြီးချိန်မှာတော့ (၃)ဂိုးသွင်းယူကာခြေစွမ်းပြနိုင်ခဲ့တာပါ။

ဆွာရက်စ်ရဲ့အသလက်တီကို အသင်းဟာ လာလီဂါပွဲစဉ်(၄)ပွဲကစားပြီးချိန်မှာ (၂)ပွဲနိုင် (၂)ပွဲသရေကျထားတာဖြစ်ပါတယ်။အသလက်ကို အသင်းဟာ ကြားရက်ထဲမှာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ဒီပွဲပြီးရင်တော့ လာလီဂါ ပွဲစဉ်အဖြစ် ဘက်တစ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Zawgyi

အသလက္တီကို အသင္းတိုက္စစ္မႈး ဆြာရက္စါ ကေတာ့ မေန႔ညက ကစားခဲ့တဲ့ ဆယ္လ္တာဗီဂို အသင္းကို အနိုင္ရတဲ့ ပြဲမွာ ဂိုးသြင္းယူၿပီးေနာက္ လာလီဂါသြင္းဂိုး(၁၅၀)ျပည့္ေျမာက္သြားခဲ့ၿပီလည္းျဖစ္ပါတယ္။(၂၁)ရာစုအတြင္း လာလီဂါၿပိဳင္ပြဲမွာ ဆြာရက္စ္ထက္ အျမန္ဆုံးသြင္းယူနိုင္တဲ့ ကစားသမားဆိုလို႔ စီေရာ္နယ္ဒို တစ္ဦးထဲသာ ရွိတာျဖစ္ပါတယ္။

ဥ႐ုေဂြးတိုက္စစ္မႈးဟာ လာလီဂါပြဲေပါင္း (၁၉၅)ပြဲကစားအၿပီးမွာ (၁၅၀)ဂိုးသြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။ရီးရယ္လ္ အသင္းတိုက္စစ္မႈးေဟာင္း စီေရာ္နယ္ဒို ကေတာ့ (၁၄၀)ပြဲကစားအၿပီးမွာ (၁၅၀)ဂိုးသြင္းယူကာ စံခ်ိန္တင္ထားတာျဖစ္ပါတယ္။ဆြာရက္စ္ ဟာ (၂၀၁၄) က လီဗာပူးလ္ အသင္းကေန ဘာစီလိုနာ အသင္းကို ေျပာင္းေရႊ႕လာခဲ့တာျဖစ္ၿပီး ဂိုးေတြအမ်ားအျပားသြင္းယူကာ ‌သက္ေသျပနိုင္ခဲ့တာပါ။

ဆြာရက္စ္ ဟာ ဘာစီလိုနာ အသင္းမွာ (၆)ရာသီၾကာ (၂၈၃)ပြဲပါဝင္ကစားကာ (၁၉၈)ဂိုး သြင္းယူနိုင္ခဲ့ပါတယ္။ဒီထဲက (၁၄၇)ဂိုးက လာလီဂါမွာ သြင္းခဲ့တာျဖစ္ပါတယ္။အခုရာသီမွာေတာ့ ဥ႐ုေဂြးတိုက္စစ္မႈးဟာ ဘာစီလိုနာ အသင္းကေန ထြက္ခြာၿပီး စပိန္ၿပိဳင္ဘက္ အသလက္တီကို အသင္းကို ေျပာင္းေရႊ႕ခဲ့တာျဖစ္ပါတယ္။ဆြာရက္စ္ ဟာ အသလက္တီကို အသင္းအတြက္(၄)ပြဲကစားၿပီးခ်ိန္မွာေတာ့ (၃)ဂိုးသြင္းယူကာေျခစြမ္းျပနိုင္ခဲ့တာပါ။

ဆြာရက္စ္ရဲ့အသလက္တီကို အသင္းဟာ လာလီဂါပြဲစဥ္(၄)ပြဲကစားၿပီးခ်ိန္မွာ (၂)ပြဲနိုင္ (၂)ပြဲသေရက်ထားတာျဖစ္ပါတယ္။အသလက္ကို အသင္းဟာ ၾကားရက္ထဲမွာ ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္အျဖစ္ လက္ရွိခ်န္ပီယံ ဘိုင္ယန္ျမဴးနစ္ အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ဒီပြဲၿပီးရင္ေတာ့ လာလီဂါ ပြဲစဥ္အျဖစ္ ဘက္တစ္ အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *