အီတလီအားကစားဝန်ကြီးကို လူလိမ်လို့ပြောပြီး ပွဲပြန်ကြမ်းပေးလိုက်တဲ့ ရော်နယ်ဒို

အီတလီကို ပြန်လည်ရောက်ရှိခဲ့ရာမှာ ကျန်းမာရေးစည်းကမ်းတွေကို ချိုးဖောက််ခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့အပေါ် ပေါ်တူဂီနဲ့ ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူးရော်နယ်ဒိုက ပြန်လည်တုံ့ပြန်မှုတွေပြုလုပ်သွားခဲ့ပါတယ်။ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေကို ရော်နယ်ဒိုက အကြောင်းကြားချင်းမရှိဘဲ ပြန်လာခဲ့တယ်လို့ အီတလီအားကစားဝန်ကြီးက ပြောဆိုခဲ့တာကို ရော်နယ်ဒိုက တုံ့ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတဲ့ ရော်နယ်ဒိုဟာ တူရင်မှာ နေအိမ်ကွာရန်တင်းဝင်ဖို့ ပြန်လည်ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ကျန်းမာရေးအာဏာပိုင်တွေကို ရော်နယ်ဒိုဘက်က အကြောင်းကြားခဲ့ပြီး လိုအပ်တဲ့ပြင်ဆင်မှုတွေလည်း ပြုလုပ်ခဲ့ကာ ခွင့်ပြုချက်ရဖို့အတွက် စစ်ဆေးခံခဲ့တယ်လို့ သိရပြီး ဂျူဗင်တပ်စ်အသင်းကလည်း သူတို့အသင်းသားဟာ လိုအပ်တဲ့တာဝန်တွေကို ဆောင်ရွက်ခဲ့တယ်လို့ လူသိရှင်ကြားပြောဆိုခဲ့ပါတယ်။

“ကျွန်တော် ဘာစည်းကမ်းမှမချိုးဖောက်ခဲ့ပါဘူး၊ သူတို့က ကျွန်တော် အီတလီဥပဒေကို ချိုးဖောက်ခဲ့တယ်လို့ ပြောနေတာ လိမ်နေတာပါ၊ ကျွန်တော်အသင်းနဲ့ စကားပြောဆိုခဲ့သလို လိုအပ်တဲ့ တာဝန်ယူမှုတွေကိုလည်း မှန်မှန်ကန်ကန်ပြုလုပ်ခဲ့ပါတယ်၊ အာဏာပိုင်တွေနဲ့ အားလုံးကိုပူးပေါင်းလုပ်ကိုင်ခဲ့ပါတယ်၊ ကျွန်တော်အဲဒီလိုမလုပ်ခဲ့ဘူးလို့ ပြောတဲ့သူက လိမ်နေတာပါ၊ ကျွန်တော်လုပ်ထုံးလုပ်နည်းအားလုံးကို လိုက်နာခဲ့ပါတယ်”

“အခုဆိုရင် ကျွန်တော်က သီးသန့်နေထိုင်နေပြီး ကလေးတွေက အခြားနေရာတစ်ခုမှာပါ၊ နောက်ထပ်ဆယ်ရက်လောက်အထိ အဲဒီအတိုင်းနေသွားရမှာပါ၊ သူတို့နဲ့ ဆက်သွယ်ဖို့က အဲလောက်ထိမခက်ခဲပါဘူး၊ ဒါပေမယ့် စည်းမျဉ်းစည်းကမ်းတွေကို ကျွန်တော်တို့ လေးစားဖို့လိုပါတယ်” လို့ ရော်နယ်ဒိုက သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားကာ ဖြေရှင်းသွားခဲ့ပါတယ်။

LISBON, PORTUGAL – OCTOBER 7: Cristiano Ronaldo of Portugal during the International Friendly match between Portugal v Spain at the Jose Alvalade stadium on October 7, 2020 in Lisbon Portugal (Photo by David S. Bustamante/Soccrates/Getty Images)

ရော်နယ်ဒိုကတော့ အထူးစီစဉ်ထားတဲ့ လေယာဉ်နဲ့ ပြန်လာခဲ့တာဖြစ်ပြီး အဆိုပါလေယာဉ်ကို ဆေးဘက်ဆိုင်ရာလေယာဉ်အဖြစ် ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ လိုအပ်တဲ့ပြင်ဆင်မှုတွေကို ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာအီတလီအာဏာပိုင်တွေကို တင်ပြခဲ့ကာ ခွင့်ပြုချက်ရရှိမှသာ အီတလီကို ပြန်လာခဲ့တာဖြစ်ပြီး ကာယကံရှင်ဖြစ်သူက အလုံးစုံတာဝန်ယူဖို့ သဘောတူညီခဲ့ရတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *