စကားတောင်စားမော်ရင်ဟိုကို သွားဆွမိလို့ အချီကြီးခံလိုက်ရတဲ့ ဆိုးလ်ရှား

စပါးနည်းပြ မော်ရင်ဟို က ဂိုးတိုင်နဲ့ပတ်သက်ပြီး သူပြောထားတာကို လှောင်ပြောင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှား ကို ပြန်လည်တုံပြန်လိုက်ပါတယ်။မော်ရင်ဟို ဟာ ကြားရက်က ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ပြိုင်ဘက်အသင်း ရှကန်ဒီဂျာ အသင်းရဲ့ဂိုးတိုင်တွေဟာ နိမ့်နေတာကြောင့် ဂိုးတိုင်တွေကို လဲလှယ်ပေးဖို့တောင်းဆိုခဲ့တာပါ။

မော်ရင်ဟို အခုလိုပြောခဲ့တာကို မန်ချက်စတာယူနိုက်တက် အသင်းနည်းပြ ဆိုးလ်ရှား က ဘရိုက်တန် အသင်းကို (၃)ဂိုး-(၂)ဂိုးနဲ့ အနိုင်ရတဲ့ ပွဲအပြီးမှာ လှောင်ပြောင်သလိုပြောဆိုခဲ့တာဖြစ်ပါတယ်။ဆိုးလ်ရှား က ” ဒီနေရာမှာ ဂိုးတိုင်တွေကိုလိုက်တိုင်းတဲ့ မော်ရင်ဟို မရှိတဲ့အတွက် ကျွန်တော်ပျော်ရွှင်တယ်လို့”ဆိုခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ် အသင်းနဲ့ တစ်ဖက်တစ်ဂိုးစီသရေကျတဲ့ ပွဲအပြီးမှာတော့ မော်ရင်ဟို က ဆိုးလ်ရှားကို ပြန်လည်တုံပြန်ခဲ့တာပါ။မော်ရင်ဟို က “ကျွန်တော်ထင်တာကတော့ အိုလေ က မနေ့က သူ့အသင်းမှာဖြစ်ခဲ့တာတွေအတွက် အရမ်းပျော်ပြီး အံအားသင့်နေလို့ အခုလို နောက်ပြောင်ခဲ့တာလို့ထင်ပါတယ်။

ဒါပေမယ့် ဂိုးတိုင်အရွယ်အစားတွေကိုတိုင်းတာက သူ့အတွက် အရေးမပါဘူးဆိုတာ ကျွန်တော်နားလည်ပြီးသားပါ။သူ့အတွက်အရေးကြီးဆုံးက ဘာလဲဆိုတော့ (၁၈)ကိုက်ရှိတဲ့ ဧရိယာအရွယ်အစားပါ”

“သူဟာ (၁၇)ကိုက်အရွယ်အစားရှိတဲ့ဧရိယာထဲမှာ ကစားဖို့ ဘယ်တော့မှလက်ခံမှာမဟုတ်ပါဘူး။သူ့အတွက်တော့ ဒီဧရိယာကို (၂၂)ကိုက်လောက်တဲ့ဖြစ်စေချင်နေတဲ့ပုံပါပဲ။ဒါဆိုရင် သူ့အတွက်ပိုကောင်းပါလိမ့်မယ်”လို့ ဆိုခဲ့တာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် နဲ့ စပါး အသင်းတို့ဟာ အောက်တိုဘာ(၄)ရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Zawgyi

စပါးနည္းၿပ ေမာ္ရင္ဟို က ဂိုးတိုင္နဲ႔ပတ္သက္ၿပီး သူေျပာထားတာကို ေလွာင္ေျပာင္ခဲ့တဲ့ မန္ခ်က္စတာယူနိုက္တက္အသင္းနည္းၿပ ဆိုးလ္ရွား ကို ျပန္လည္တုံျပန္လိုက္ပါတယ္။ေမာ္ရင္ဟို ဟာ ၾကားရက္က ကစားခဲ့တဲ့ ယူရိုပါလိဂ္ပြဲစဥ္မွာ ၿပိဳင္ဘက္အသင္း ရွကန္ဒီဂ်ာ အသင္းရဲ့ဂိုးတိုင္ေတြဟာ နိမ့္ေနတာေၾကာင့္ ဂိုးတိုင္ေတြကို လဲလွယ္ေပးဖို႔ေတာင္းဆိုခဲ့တာပါ။

‌ေမာ္ရင္ဟို အခုလိုေျပာခဲ့တာကို မန္ခ်က္စတာယူနိုက္တက္ အသင္းနည္းၿပ ဆိုးလ္ရွား က ဘရိုက္တန္ အသင္းကို (၃)ဂိုး-(၂)ဂိုးနဲ႔ အနိုင္ရတဲ့ ပြဲအၿပီးမွာ ေလွာင္ေျပာင္သလိုေျပာဆိုခဲ့တာျဖစ္ပါတယ္။ဆိုးလ္ရွား က ” ဒီေနရာမွာ ဂိုးတိုင္ေတြကိုလိုက္တိုင္းတဲ့ ေမာ္ရင္ဟို မရွိတဲ့အတြက္ ကၽြန္ေတာ္ေပ်ာ္ရႊင္တယ္လို႔”ဆိုခဲ့တာျဖစ္ပါတယ္။

နယူးကာဆယ္ အသင္းနဲ႔ တစ္ဖက္တစ္ဂိုးစီသေရက်တဲ့ ပြဲအၿပီးမွာေတာ့ ေမာ္ရင္ဟို က ဆိုးလ္ရွားကို ျပန္လည္တုံျပန္ခဲ့တာပါ။ေမာ္ရင္ဟို က “ကၽြန္ေတာ္ထင္တာကေတာ့ အိုေလ က မေန႔က သူ႔အသင္းမွာျဖစ္ခဲ့တာေတြအတြက္ အရမ္းေပ်ာ္ၿပီး အံအားသင့္ေနလို႔ အခုလို ေနာက္ေျပာင္ခဲ့တာလို႔ထင္ပါတယ္။

ဒါေပမယ့္ ဂိုးတိုင္အရြယ္အစားေတြကိုတိုင္းတာက သူ႔အတြက္ အေရးမပါဘူးဆိုတာ ကၽြန္ေတာ္နားလည္ၿပီးသားပါ။သူ႔အတြက္အေရးႀကီးဆုံးက ဘာလဲဆိုေတာ့ (၁၈)ကိုက္ရွိတဲ့ ဧရိယာအရြယ္အစားပါ”

“သူဟာ (၁၇)ကိုက္အရြယ္အစားရွိတဲ့ဧရိယာထဲမွာ ကစားဖို႔ ဘယ္ေတာ့မွလက္ခံမွာမဟုတ္ပါဘူး။သူ႔အတြက္ေတာ့ ဒီဧရိယာကို (၂၂)ကိုက္ေလာက္တဲ့ျဖစ္ေစခ်င္ေနတဲ့ပုံပါပဲ။ဒါဆိုရင္ သူ႔အတြက္ပိုေကာင္းပါလိမ့္မယ္”လို႔ ဆိုခဲ့တာျဖစ္ပါတယ္။မန္ခ်က္စတာယူနိုက္တက္ နဲ႔ စပါး အသင္းတို႔ဟာ ေအာက္တိုဘာ(၄)ရက္မွာ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *