မော်ရင်ဟိုကို အပျော်တွေပေးပြီးမှ စိတ်မချမ်းသာမှုတွေ ပြန်ဖြစ်စေခဲ့တဲ့ ဆွန်ဟောင်မင်

စပါးအသင်းတိုက်စစ်ကစားသမား ဆွန်ဟောင်မင် ဟာ နယူးကာဆယ် အသင်းနဲ့ ပွဲမှာရရှိခဲ့တဲ့ ဒဏ်ရာကြောင့် အနည်းငယ်အနားယူရမယ်လို့ နည်းပြမော်ရင်ဟို က ပြောလိုက်ပါတယ်။ဆွန်‌ဟောင်မင် ဟာ နယူးကာဆယ် အသင်းနဲ့ သရေကျခဲ့တဲ့ ဒီပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရသွားတာကြောင့် ဒုတိယပိုင်းအစမှာပဲ လူစားလဲခံခဲ့ရတာပါ။

Soccer Football – Premier League – Tottenham Hotspur v Newcastle United – Tottenham Hotspur Stadium, London, Britain – September 27, 2020 Tottenham Hotspur’s Son Heung-min shoots at goal Pool via REUTERS/Andrew Boyers

ဆွန်ဟောင်မင် ဟာ စပါး အသင်းအတွက် အခုနှစ်ရာသီမှာ အဓိကျခြေစွမ်းပြသနေတာဖြစ်ပြီး ဒဏ်ရာကြောင့် အနားယူရမယ့် အခြေအနေဟာ နည်းပြမော်ရင်ဟို အတွက်တော့ စိတ်ညစ်စရာဖြစ်ခဲ့ရပါတယ်။ဆွန်ဟောင်မင် ဟာ ဆောက်သမ်တန် အသင်းကို (၅)ဂိုး-(၂)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ (၄)ဂိုးသွင်းယူနိုင်ခဲ့သလို ၊ ကြားရက်က ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာလည်း စပါးအသင်းသွင်းယူခဲ့တဲ့ (၃)ဂိုးလုံးမှာ ပါဝင်ပတ်သက်ခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ် နဲ့ ပွဲအပြီးမှာတော့ နည်းပြမော်ရင်ဟို က “ဒဏ်ရာရရှိသွားခဲ့ပါတယ်။သူ့ကို ကျွန်တော်တို့ ခဏတာ လက်လွှတ်ရပါမယ်။သူဟာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာပါ”လို့ဆိုခဲ့တာဖြစ်ပါတယ်။စပါး အသင်းဟာ ဒီပွဲမှာ လူးကပ်စ်မော်ရာ ရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ပေးလိုက်ရတဲ့ ပင်နယ်တီကြောင့် တစ်ဖက်တစ်ဂိုးစီသရေကျသွားခဲ့တာဖြစ်ပါတယ်။

ဆွန်ဟောင်မင် ဟာ ဒဏ်ရာကြောင့် ကြားရက်မှာ ချယ်လ်ဆီး အသင်းနဲ့ ကစားမယ့် ကာရာဘောင်းဖလားပွဲစဉ်ကို ပါဝင်နိုင်တော့မှာမဟုတ်ပါဘူး။ဒါ့အပြင် တောင်ကိုရီးယား ကစားသမား ဟာ မက္ကာဘီဟိုင်ဖာ နဲ့ ကစားမယ့် ယူရိုပါလိဂ်ပလေးအောဖ့် နဲ့ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေကို ပါဝင်နိုင်ဖွယ်မရှိတော့ဘူးလို့ Sky Sports သတင်းမှာ ဖော်ပြထားပါတယ်။

Zawgyi

စပါးအသင္းတိုက္စစ္ကစားသမား ဆြန္ေဟာင္မင္ ဟာ နယူးကာဆယ္ အသင္းနဲ႔ ပြဲမွာရရွိခဲ့တဲ့ ဒဏ္ရာေၾကာင့္ အနည္းငယ္အနားယူရမယ္လို႔ နည္းျပေမာ္ရင္ဟို က ေျပာလိုက္ပါတယ္။ဆြန္‌ေဟာင္မင္ ဟာ နယူးကာဆယ္ အသင္းနဲ႔ သေရက်ခဲ့တဲ့ ဒီပြဲစဥ္မွာ တံေကာက္ေၾကာဒဏ္ရာရသြားတာေၾကာင့္ ဒုတိယပိုင္းအစမွာပဲ လူစားလဲခံခဲ့ရတာပါ။

ဆြန္ေဟာင္မင္ ဟာ စပါး အသင္းအတြက္ အခုႏွစ္ရာသီမွာ အဓိက်ေျခစြမ္းျပသေနတာျဖစ္ၿပီး ဒဏ္ရာေၾကာင့္ အနားယူရမယ့္ အေျခအေနဟာ နည္းျပေမာ္ရင္ဟို အတြက္ေတာ့ စိတ္ညစ္စရာျဖစ္ခဲ့ရပါတယ္။ဆြန္ေဟာင္မင္ ဟာ ေဆာက္သမ္တန္ အသင္းကို (၅)ဂိုး-(၂)ဂိုးနဲ႔ အနိုင္ရခဲ့တဲ့ ပြဲမွာ (၄)ဂိုးသြင္းယူနိုင္ခဲ့သလို ၊ ၾကားရက္က ကစားခဲ့တဲ့ ယူရိုပါလိဂ္ပြဲစဥ္မွာလည္း စပါးအသင္းသြင္းယူခဲ့တဲ့ (၃)ဂိုးလုံးမွာ ပါဝင္ပတ္သက္ခဲ့တာျဖစ္ပါတယ္။

နယူးကာဆယ္ နဲ႔ ပြဲအၿပီးမွာေတာ့ နည္းျပေမာ္ရင္ဟို က “ဒဏ္ရာရရွိသြားခဲ့ပါတယ္။သူ႔ကို ကၽြန္ေတာ္တို႔ ခဏတာ လက္လႊတ္ရပါမယ္။သူဟာ တံေကာက္ေၾကာဒဏ္ရာရရွိခဲ့တာပါ”လို႔ဆိုခဲ့တာျဖစ္ပါတယ္။စပါး အသင္းဟာ ဒီပြဲမွာ လူးကပ္စ္ေမာ္ရာ ရဲ့ဂိုးနဲ႔ ဦးေဆာင္နိုင္ခဲ့ေပမယ့္ ပြဲၿပီးခါနီးမွာ ေပးလိုက္ရတဲ့ ပင္နယ္တီေၾကာင့္ တစ္ဖက္တစ္ဂိုးစီသေရက်သြားခဲ့တာျဖစ္ပါတယ္။

ဆြန္ေဟာင္မင္ ဟာ ဒဏ္ရာေၾကာင့္ ၾကားရက္မွာ ခ်ယ္လ္ဆီး အသင္းနဲ႔ ကစားမယ့္ ကာရာေဘာင္းဖလားပြဲစဥ္ကို ပါဝင္နိုင္ေတာ့မွာမဟုတ္ပါဘူး။ဒါ့အျပင္ ေတာင္ကိုရီးယား ကစားသမား ဟာ မကၠာဘီဟိုင္ဖာ နဲ႔ ကစားမယ့္ ယူရိုပါလိဂ္ပေလးေအာဖ့္ နဲ႔ မန္ခ်က္စတာယူနိုက္တက္ အသင္းနဲ႔ကစားမယ့္ ပရီးမီးယားလိဂ္ ပြဲစဥ္ေတြကို ပါဝင္နိုင္ဖြယ္မရွိေတာ့ဘူးလို႔ Sky Sports သတင္းမွာ ေဖာ္ျပထားပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *