ဆွာရက်ဇ်ထွက်သွားလည်း သူရှိပါ‌သေးတယ်လို့ ဘာကာပရိသတ်တွေကို သတင်းပို့လိုက်တဲ့ အန်ဆုဖာတီ

ဘာစီလိုနာ အသင်းဟာ ဒီမနက်က ကစားခဲ့တဲ့ စပိန်လာလီဂါ ပွဲစဉ်မှာတော့ ဗီလာရီးရယ်လ် အသင်းကို (၄)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး သူတို့ရဲ့လာလီဂါအဖွင့်ပွဲကို ဂိုးပြတ်အနိုင်နဲ့ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာ အသင်းဟာ အခုအပြောင်းအရွှေ့မှာ အဓိက ကစားသမားတွေဖြစ်တဲ့ ဆွာရက်စ်၊ ဗီဒယ်လ်၊ အာသာနဲ့ ဆီမီဒို တို့ကို ရောင်းထုတ်ခဲ့ပြီး ယာနစ် တစ်ဦးထဲကိုသာ ခေါ်ထားတာဖြစ်ပါတယ်။

အဲဒါကြောင့် အခုရာသီမှာ ဘာစီလိုနာ အသင်းဟာ အောင်မြင်နိုင်ဖွယ်မရှိဘူးလို့ သုံးသပ်မှုတွေလည်းရှိနေကြတာပါ။ဒါပေမယ့် နည်းပြသစ် ရော်နယ်လ်ကိုးမန်း ကတော့ သူ့ရဲ့လာလီဂါအဖွင့်ပွဲစဉ်မှာပဲ ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာ အန်ဆုဖာတီ က (၂)ဂိုး၊ မက်ဆီက (၁)ဂိုးသွင်းယူခဲ့ပြီး ဗီလာရီးရယ်လ်နောက်ခံလူ က ကိုယ့်ဂိုးကိုယ်တစ်ဂိုးသွင်းယူခဲ့တာပါ။အန်ဆုဖာတီ ကတော့ ဆွာရက်စ် ထွက်ခွာသွားပြီးနောက် အသင်းရဲ့တိုက်စစ်ပိုင်းကို ဖြည့်တင်းနိုင်ခဲ့ပြီး ဂိုးသွင်းယူကာ ခြေစွမ်းပြသနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အသက်(၁၇)နှစ်ကျော်သာရှိသေးတဲ့ အန်ဆုဖာတီ ဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာ အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့တာကြောင့် အသင်းက မကြာသေးခင်ကမှ စာချုပ်သစ်ချုပ်ဆိုထားတာပါ။ဘာစီလိုနာ အသင်းဟာ အန်ဆုဖာတီ ကို စာချုပ်ဖျက်သိမ်းကြေးပေါင်(၃၆၇)သန်းနဲ့ (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဘာစီလိုနာ အသင်းဟာ အန်ဆုဖာတီ ကို ကျောနံပတ်(၂၂)ဂျာစီပါ ပေးခဲ့ပါတယ်။ဘာစီလိုနာ အသင်းမှာ တိုက်စစ်ကစားသမားအဖြစ် ဂရစ်ဇ်မန်းလည်း ရှိပေမယ့် အန်ဆုဖာတီ ကတော့ ဗီလာရီးရယ်လ်နဲ့ ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။ဆွာရက်စ် ကလည်း မနေ့ညက အသလက်တီကို အသင်းအတွက် မိနစ်(၂၀)သာပါဝင်ကစားခဲ့ပြီး (၂)ဂိုးသွင်းယူကာ (၁)ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

Zawgyi

ဘာစီလိုနာ အသင္းဟာ ဒီမနက္က ကစားခဲ့တဲ့ စပိန္လာလီဂါ ပြဲစဥ္မွာေတာ့ ဗီလာရီးရယ္လ္ အသင္းကို (၄)ဂိုး-ဂိုးမရွိနဲ႔ အနိုင္ရၿပီး သူတို႔ရဲ့လာလီဂါအဖြင့္ပြဲကို ဂိုးျပတ္အနိုင္နဲ႔ဖြင့္လွစ္နိုင္ခဲ့တာျဖစ္ပါတယ္။ဘာစီလိုနာ အသင္းဟာ အခုအေျပာင္းအေရႊ႕မွာ အဓိက ကစားသမားေတြျဖစ္တဲ့ ဆြာရက္စ္၊ ဗီဒယ္လ္၊ အာသာနဲ႔ ဆီမီဒို တို႔ကို ေရာင္းထုတ္ခဲ့ၿပီး ယာနစ္ တစ္ဦးထဲကိုသာ ေခၚထားတာျဖစ္ပါတယ္။

အဲဒါေၾကာင့္ အခုရာသီမွာ ဘာစီလိုနာ အသင္းဟာ ေအာင္ျမင္နိုင္ဖြယ္မရွိဘူးလို႔ သုံးသပ္မႈေတြလည္းရွိေနၾကတာပါ။ဒါေပမယ့္ နည္းျပသစ္ ေရာ္နယ္လ္ကိုးမန္း ကေတာ့ သူ႔ရဲ့လာလီဂါအဖြင့္ပြဲစဥ္မွာပဲ ဂိုးျပတ္အနိုင္ရခဲ့တာျဖစ္ပါတယ္။ဒီပြဲမွာ အန္ဆုဖာတီ က (၂)ဂိုး၊ မက္ဆီက (၁)ဂိုးသြင္းယူခဲ့ၿပီး ဗီလာရီးရယ္လ္ေနာက္ခံလူ က ကိုယ့္ဂိုးကိုယ္တစ္ဂိုးသြင္းယူခဲ့တာပါ။အန္ဆုဖာတီ ကေတာ့ ဆြာရက္စ္ ထြက္ခြာသြားၿပီးေနာက္ အသင္းရဲ့တိုက္စစ္ပိုင္းကို ျဖည့္တင္းနိုင္ခဲ့ၿပီး ဂိုးသြင္းယူကာ ေျခစြမ္းျပသနိုင္ခဲ့တာလည္းျဖစ္ပါတယ္။

အသက္(၁၇)ႏွစ္ေက်ာ္သာရွိေသးတဲ့ အန္ဆုဖာတီ ဟာ ၿပီးခဲ့တဲ့ရာသီက ဘာစီလိုနာ အသင္းအတြက္ ေျခစြမ္းျပနိုင္ခဲ့တာေၾကာင့္ အသင္းက မၾကာေသးခင္ကမွ စာခ်ဳပ္သစ္ခ်ဳပ္ဆိုထားတာပါ။ဘာစီလိုနာ အသင္းဟာ အန္ဆုဖာတီ ကို စာခ်ဳပ္ဖ်က္သိမ္းေၾကးေပါင္(၃၆၇)သန္းနဲ႔ (၅)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ဘာစီလိုနာ အသင္းဟာ အန္ဆုဖာတီ ကို ေက်ာနံပတ္(၂၂)ဂ်ာစီပါ ေပးခဲ့ပါတယ္။ဘာစီလိုနာ အသင္းမွာ တိုက္စစ္ကစားသမားအျဖစ္ ဂရစ္ဇ္မန္းလည္း ရွိေပမယ့္ အန္ဆုဖာတီ ကေတာ့ ဗီလာရီးရယ္လ္နဲ႔ ပြဲမွာ ေျခစြမ္းျပနိုင္ခဲ့တာျဖစ္ပါတယ္။ဆြာရက္စ္ ကလည္း မေန႔ညက ကစားခဲ့တဲ့ အသလက္တီကို အသင္းနဲ႔ ပြဲမွာ မိနစ္(၂၀)သာပါဝင္ကစားခဲ့ၿပီး (၂)ဂိုးသြင္းယူကာ (၁)ဂိုးဖန္တီးမႈျပဳလုပ္နိုင္ခဲ့တာျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *