စပါးအသင်းနဲ့အပြိုင်နာပိုလီတိုက်စစ်မှုးကို ခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ယူနိုက်တက်

မန်ချက်စတာယူနိုက်တက် အသင်းဟာ အပြောင်း အရွှေ့ပိတ်မယ့် အောက်တိုဘာ (၅)ရက်မတိုင်မှာ နာပိုလီ အသင်းတိုက်စစ်မှုး မီလစ် ကို ခေါ်ယူဖို့ စဉ်းစားနေပြီလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။လာမယ့်နွေရာသီမှာ နာပိုလီ အသငနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် မီလစ် ကို ခေါ်ယူဖို့ စပါး အသင်းကလည်း စိတ်ဝင်စားနေတာဖြစ်ပါတယ်။

အခုအပြောင်းအရွှေ့မှာ ပိုလန်တိုက်စစ်မှုး ကို ပေါင်သန်း(၂၀) ကျော်နဲ့ ခေါ်ယူလို့ရဖွယ်ရှိတယ်လို့သတင်းတွေကဖော်ပြပါတယ်။စပါးအသင်းနဲ့ နာပိုလီ အသင်းတို့ဟာ ကစားသမားရဲ့အပြောင်းအရွှေ့အတွက်ဆွေးနွေးမှုတွေပြုလုပ်ရာမှာအဆင်မပြေခဲ့ပေမယ့် မီလစ် ကတော့ နာပိုလီအသင်းက ထွက်ခွာနိုင်ဖို့မျှော်လင့်နေဆဲဖြစ်ပါတယ်။

ROME, ITALY – MARCH 31: Arkadiusz Milik of SSC Napoli celebrates after scoring a goal during the Serie A match between AS Roma and SSC Napoli at Stadio Olimpico on March 31, 2019 in Rome, Italy. (Photo by Giampiero Sposito/Getty Images)

အီတလီဂျာနယ်လစ် ဗီနီရာတို က ယူနိုက်တက် အသင်းအပါအဝင် အသင်းအများအပြားက မီလစ် ကို ခေါ်ယူဖို့စောင့်ကြည့်နေကြတယ်လို့ဆိုထားပါတယ်။မီလစ် ကို ခေါ်ယူဖို့ ရိုးမားအသင်းကလည်း ဆွေးနွေးခဲ့ပေမယ့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့တာပါတယ်။

ဗီနီရာတို ရဲ့ပြောဆိုမှုအရ မန်ချက်စတာယူနိုက်တက် အသင်းဟာ မီလစ် ကို ခေါ်ယူဖို့ အလွတ်သဘောဆွေးနွမှုတွေပြုလုပ်ခဲ့တာလို့ သိရပါတယ်။

ROME, ITALY – MARCH 31: Arkadiusz Milik of SSC Napoli celebrates after scoring a goal during the Serie A match between AS Roma and SSC Napoli at Stadio Olimpico on March 31, 2019 in Rome, Italy. (Photo by Giampiero Sposito/Getty Images)

မီလစ် ဟာ ပြီးခဲ့တဲ့ရာသီက နာပိုလီ အသင်းအတွက် (၃၅)ပွဲပါဝင်ကစားပြီး (၁၄)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ကစားသမားဟာ ပါးမား၊ဂျီနိုအာ တို့နဲ့ ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်(၂)ပွဲလုံးမှာ အသင်းရဲ့လူစာရင်းမှာ မပါဝင်ခဲ့ဘူးလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

Zawgyi






Leave a Reply

Your email address will not be published. Required fields are marked *