အဲလက်စ်တယ်လက်စ်နဲ့ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက် အသင်းဟာ အဲလက်စ်တယ်လက်စ် ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီး အခုအချိန်မှာ ပေါ်တို အသင်းနဲ့ ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။အသက်(၂၇)နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ပေါ်တို အသင်းအတွက် (၄၉)ပွဲပါဝင်ကစားခဲ့ပြီး (၁၃)ဂိုးသွင်းယူကာ (၁၂)ဂိုးဖန်တီးမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဘယ်နောက်ခံကစားသမား ဟာ အခုနှစ်ရာသီအစမှာလည်း ခြေစွမ်းပြကစားနေတာဖြစ်ပြီး လိဂ်ပွဲစဉ်(၂)ပွဲမှာ (၂)ဂိုးသွင်းယူကာ (၁)ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ဘယ်နောက်ခံနေရာကို အားဖြည့်ဖို့ အတွက် ဘရာဇီးနောက်ခံလူကို ပြီးခဲ့တဲ့ အပတ်တွေထဲက ပြင်းပြင်းထန်ထန်ချိတ်ဆက်နေခဲ့တာပါ။

မန်ချက်စတာယူနိုက်တက် အသင်းဟာ လာမယ့်ရာသီမှာ စာချုပ်ကုန်ဆုံးတော့မယ့် ဘရာဇီး ကစားသမားအတွက် ပေါ်တို အသင်းက တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးများပြားနေတာကြောင့် ပြောင်းရွှေ့ကြေးကို အဓိကထားဆွေးနွေးနေတာဖြစ်တယ်လို့ သတင်းတွေမှာ ဆိုပါတယ်။

အီတလီဂျာနယ်လစ် ဖာဘရီဇီယိုရိုမန်နို က မန်ချက်စတာယူနိုက်တက် အသင်းဟာ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ပြီး အခုအချိန်မှာ ပေါ်တိုအသင်းနဲ့ ပြောင်းရွေ့ကြေးကို ဆွေးနွေးနေတယ်လို့ ဆိုထားပါတယ်။ဘရာဇီး ကစားသမားကလည်း အခုအပြောင်းအရွှေ့မပိတ်ခင်မှာ မန်ချက်စတာယူနိုက်တက် အသင်းကို ပြောင်းရွှေ့ဖို့ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ အဲလက္စ္တယ္လက္စ္ ကို ေခၚယူဖို႔ ပုဂၢိဳလ္ေရးဆိုင္ရာသေဘာတူညီမႈရရွိခဲ့ၿပီျဖစ္ၿပီး အခုအခ်ိန္မွာ ေပၚတို အသင္းနဲ႔ ေျပာင္းေရႊ႕ေၾကးနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးမႈေတြျပဳလုပ္ေနတယ္လို႔ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။အသက္(၂၇)ႏွစ္အရြယ္ ကစားသမားဟာ ၿပီးခဲ့တဲ့ရာသီက ေပၚတို အသင္းအတြက္ (၄၉)ပြဲပါဝင္ကစားခဲ့ၿပီး (၁၃)ဂိုးသြင္းယူကာ (၁၂)ဂိုးဖန္တီးမႈျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ဘယ္ေနာက္ခံကစားသမား ဟာ အခုႏွစ္ရာသီအစမွာလည္း ေျခစြမ္းျပကစားေနတာျဖစ္ၿပီး လိဂ္ပြဲစဥ္(၂)ပြဲမွာ (၂)ဂိုးသြင္းယူကာ (၁)ဂိုးဖန္တီးနိုင္ခဲ့ပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ဘယ္ေနာက္ခံေနရာကို အားျဖည့္ဖို႔ အတြက္ ဘရာဇီးေနာက္ခံလူကို ၿပီးခဲ့တဲ့ အပတ္ေတြထဲက ျပင္းျပင္းထန္ထန္ခ်ိတ္ဆက္ေနခဲ့တာပါ။

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ လာမယ့္ရာသီမွာ စာခ်ဳပ္ကုန္ဆုံးေတာ့မယ့္ ဘရာဇီး ကစားသမားအတြက္ ေပၚတို အသင္းက ေတာင္းဆိုထားတဲ့ ေျပာင္းေရႊ႕ေၾကးမ်ားျပားေနတာေၾကာင့္ ေျပာင္းေရႊ႕ေၾကးကို အဓိကထားေဆြးေႏြးေနတာျဖစ္တယ္လို႔ သတင္းေတြမွာ ဆိုပါတယ္။

အီတလီဂ်ာနယ္လစ္ ဖာဘရီဇီယိုရိုမန္နို က မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ကစားသမားနဲ႔ ပုဂၢိဳလ္ေရးသေဘာတူညီမႈရရွိခဲ့ၿပီး အခုအခ်ိန္မွာ ေပၚတိုအသင္းနဲ႔ ေျပာင္းေရြ႕ေၾကးကို ေဆြးေႏြးေနတယ္လို႔ ဆိုထားပါတယ္။ဘရာဇီး ကစားသမားကလည္း အခုအေျပာင္းအေရႊ႕မပိတ္ခင္မွာ မန္ခ်က္စတာယူနိုက္တက္ အသင္းကို ေျပာင္းေရႊ႕ဖို႔ဆုံးျဖတ္ထားတာျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *