ဆွာရက်ဇ်ကို ဘာစီလိုနာက ဘာလို့ရောင်းတာလဲ သူနားမလည်ဘူးဆိုတဲ့ ဒီယေဂိုကော်စတာ

အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူးဒီယေဂိုကော်စတာက အသင်းဖော်သစ်လူးဝစ္စဆွာရက်ဇ်ကို ချီးကျူးစကားတွေပြောဆိုသွားခဲ့ပြီး ဘာစီလိုနာက ဘာကြောင့်လက်လွှတ်ခံခဲ့ရတာလဲဆိုတာကို သူ နားမလည်နိုင်အောင်ဖြစ်နေရတယ်လို့လည်း ပြောဆိုခဲ့ပြီး သူနဲ့ ဆွာရက်ဇ်တို့ရဲ့ တိုက်စစ်အတွဲဟာ လာလီဂါမှာ ကောင်းကောင်းဒုက္ခပေးနိုင်လိမ့်မယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ဆွာရက်ဇ်ဟာ မနေ့ညက ကစားခဲ့တဲ့ ဂရန်နာဒါနဲ့့ပွဲမှာ အသင်းအတွက် ၇၀ မိနစ်မှာ လူစားဝင်ကစားခဲ့ပြီး ခြေစွမ်းပြကာ ၂ဂိုးသွင်း၊ ၁ကြိမ်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒီယေဂိုကော်စတာကလည်း ခေါင်းတိုက်သွင်းဂိုးတစ်ဂိုးရယူနိုင်ခဲ့ပြီးတော့ နည်းပြဆီမြွန်နီအတွက်တော့ သူ့ရဲ့ တိုက်စစ်အတွဲအဖက်က ဂိုးတွေအများကြီးရခဲ့လို့ တော်တော်လေးကျေနပ်စရာဖြစ််ခဲ့ရပါတယ်။

ကော်စတာက “သူကအရမ်းကောင်းတဲ့ကစားသမားပါ၊ တစ်ယောက်ကတ တိုက်ပွဲဝင်နိုင်တယ်၊ တစ်ယောက်က ကိုက်ခဲနိုင်တယ်၊ လူးဝစ္စကို ရလိုက်တာ ကျွန်တော်တို့အရမ်းကံကောင်းပါတယ်၊ ဘာစီလိုနာက သူ့ကိုဘာလို့လက်လွှတ်လိုက်တာလဲဆိုတာကို ကျွန်တော်လုံးဝနားမလည်နိုင်အောင်ပါပဲ၊ သူက ကျွန်တော်တို့ကို တိုက်ပွဲဝင်စိတ်အပြည့်နဲ့ အများကြီးကူညီပေးခဲ့ပါတယ်”

“ပြီးတော့ သူက အောင်မြင်မှုတွေကို ဆာလောင်နေသူပါ၊ သူ ကျွန်တော်တို့ပရိသတ်တွေအတွက် ဆုဖလားတွေရယူပေးနိုင်မယ်လို့ ထင်ပါတယ်၊ ဒါပေမယ့်လည်း ကျွန်တော်တို့ လာမယ့်ပွဲတစ်ပွဲချင်းစီကိုပဲ အာရုံစိုက်ဖို့တော့ လိုပါတယ်” လို့ ကော်စတာက ပြောဆို သွားခဲ့ပါတယ်။ မနေ့ညကပွဲမှာတော့ သူတို့နှစ်ဦးကို ပူးတွဲကစားတာမမြင်ခဲ့ရပေမယ့် လာမယ့်ပွဲတွေမှာတော့ ကော်စတာ+ဆွာရက်ဇ်တိုက်စစ်အတွဲကို မြင်တွေ့ရမယ်လို့လည်း မျှော်လင့်ရပါတယ်။

Zawgyi

အက္သလက္တီကိုမက္ဒရစ္အသင္းရဲ့ တိုက္စစ္မႉးဒီေယဂိုေကာ္စတာက အသင္းေဖာ္သစ္လူးဝစၥဆြာရက္ဇ္ကို ခ်ီးက်ဴးစကားေတြေျပာဆိုသြားခဲ့ၿပီး ဘာစီလိုနာက ဘာေၾကာင့္လက္လႊတ္ခံခဲ့ရတာလဲဆိုတာကို သူ နားမလည္နိုင္ေအာင္ျဖစ္ေနရတယ္လို႔လည္း ေျပာဆိုခဲ့ၿပီး သူနဲ႔ ဆြာရက္ဇ္တို႔ရဲ့ တိုက္စစ္အတြဲဟာ လာလီဂါမွာ ေကာင္းေကာင္းဒုကၡေပးနိုင္လိမ့္မယ္လို႔လည္း ေျပာဆိုခဲ့ပါတယ္။

ဆြာရက္ဇ္ဟာ မေန႔ညက ကစားခဲ့တဲ့ ဂရန္နာဒါနဲ႔့ပြဲမွာ အသင္းအတြက္ ၇၀ မိနစ္မွာ လူစားဝင္ကစားခဲ့ၿပီး ေျခစြမ္းျပကာ ၂ဂိုးသြင္း၊ ၁ႀကိမ္ဖန္တီးေပးနိုင္ခဲ့ပါတယ္။ ဒီေယဂိုေကာ္စတာကလည္း ေခါင္းတိုက္သြင္းဂိုးတစ္ဂိုးရယူနိုင္ခဲ့ၿပီးေတာ့ နည္းျပဆီႁမြန္နီအတြက္ေတာ့ သူ႔ရဲ့ တိုက္စစ္အတြဲအဖက္က ဂိုးေတြအမ်ားႀကီးရခဲ့လို႔ ေတာ္ေတာ္ေလးေက်နပ္စရာျဖစ္္ခဲ့ရပါတယ္။

ေကာ္စတာက “သူကအရမ္းေကာင္းတဲ့ကစားသမားပါ၊ တစ္ေယာက္ကတ တိုက္ပြဲဝင္နိုင္တယ္၊ တစ္ေယာက္က ကိုက္ခဲနိုင္တယ္၊ လူးဝစၥကို ရလိုက္တာ ကၽြန္ေတာ္တို႔အရမ္းကံေကာင္းပါတယ္၊ ဘာစီလိုနာက သူ႔ကိုဘာလို႔လက္လႊတ္လိုက္တာလဲဆိုတာကို ကၽြန္ေတာ္လုံးဝနားမလည္နိုင္ေအာင္ပါပဲ၊ သူက ကၽြန္ေတာ္တို႔ကို တိုက္ပြဲဝင္စိတ္အျပည့္နဲ႔ အမ်ားႀကီးကူညီေပးခဲ့ပါတယ္”

“ၿပီးေတာ့ သူက ေအာင္ျမင္မႈေတြကို ဆာေလာင္ေနသူပါ၊ သူ ကၽြန္ေတာ္တို႔ပရိသတ္ေတြအတြက္ ဆုဖလားေတြရယူေပးနိုင္မယ္လို႔ ထင္ပါတယ္၊ ဒါေပမယ့္လည္း ကၽြန္ေတာ္တို႔ လာမယ့္ပြဲတစ္ပြဲခ်င္းစီကိုပဲ အာ႐ုံစိုက္ဖို႔ေတာ့ လိုပါတယ္” လို႔ ေကာ္စတာက ေျပာဆို သြားခဲ့ပါတယ္။ မေန႔ညကပြဲမွာေတာ့ သူတို႔ႏွစ္ဦးကို ပူးတြဲကစားတာမျမင္ခဲ့ရေပမယ့္ လာမယ့္ပြဲေတြမွာေတာ့ ေကာ္စတာ+ဆြာရက္ဇ္တိုက္စစ္အတြဲကို ျမင္ေတြ႕ရမယ္လို႔လည္း ေမၽွာ္လင့္ရပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *