အသင်းသစ်အတွက် မိနစ်၂ဝပဲကစားပေးခဲ့ရပေမယ့် ၂ဂိုးသွင်းပြခဲ့တဲ့ ဆွာရက်ဇ်

အက်သလက်တီကိုမက်ဒရစ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီင်္းနောက် မနေ့ညက အသင်းသစ်အတွက် ပထမဆုံးပါဝင်ကစားပေးခဲ့တဲ့ပွဲမှာပဲ တိုက်စစ်မှူးဆွာရက်ဇ်ဟာ စံချိန်မှတ်တမ်းသစ်တွေ စိုက်ထူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ် တိုက်စစ်မှူးဟာ ဂရန်နာဒါကို ၆-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ လူစားဝင်ကစားပေးခဲ့ပြီး ၂ဂိုးသွင်းသာ ၁ကြိမ်ဖန်တီးပေးနိုင်ခဲ့ပါတယ်။

မိနစ် ၇၀ မှာ ဒီယေဂိုကော်စတာနဲ့ လူစားလဲလှယ်ခဲ့ကာ ပါဝင်ခဲ့ပြီး ဆွာရက်ဇ်က သွင်းဂိုး ၃ဂိုးအထိ ပါဝင်ပတ်သက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီလိုစွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ဆွာရက်ဇ်ဟာ ၂၁ရာစုအတွင်းမှာ အက်သလက်တီကိုအတွက် ပွဲဦးထွက်ပွဲမှာပဲ ဂိုးလည်းသွင်း၊ ဖန်တီးပေးမှုလည်း ပြုလုပ်နိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာလည်းဖြစ်ပါတယ်။

ဘာစီလိုနာကနေ ၂ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဆွာရက်ဇ်ဟာ ပထမဆုံးပွဲမှာပဲ သူ့ရဲ့ခြေစွမ်းကို ပြသခဲ့ပြီး နည်းပြဆီမြွန်နီကို ကျေနပ်ပျော်ရွှင်စေခဲ့ပါတယ်။ အသက်အရွယ်အရ အကောင်းဆုံးအချိန်အခါကို ကျော်လွန်နေခဲ့ပြီဆိုပေမယ့် ဆွာရက်ဇ်ရဲ့ ခြေစွမ်းကတော့ ထိပ်တန်းအဆင့်မှာ ရှိနေဆဲဖြစ်ပြီး သူ့ကိုခေါ်ယူခဲ့မှုဟာ မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့သလို ဘာစီလိုနာနည်းပြရော်နယ်ကိုးမန်းအတွက်တော့ လွတ်တဲ့ငါးကြီးဆိုသလို အဖြစ်မျိုးနဲ့ ရင်ဆိုင်နေရပြီလည်းဖြစ်ပါတယ်။

လာမယ့်ပွဲစဉ်အဖြစ် အက်သလက်တီကိုဟာ ဗုဒ္ဓဟူးနေ့မှာ ဟူစကာအသင်းနဲ့ ဆက်လက်ကစားရမှာဖြစ်ပြီး ဒီပွဲကိုတော့ ဆွာရက်ဇ်က ပွဲထွက်ကစားခွင့်ရရှိဖွယ်ရှိလာခဲ့ပါပြီ။ မနေ့ညကပွဲမှာ မိနစ် ၂၀ သာကစားခဲ့ရပေမယ့် ဆွာရက်ဇ်က သွင်းဂိုး ၃ ဂိုးအထိ တိုက်ရိုက်ပါဝင်ပတ်သက်နိုင်ခဲ့ကာ အသင်းကို အကောင်းဆုံးအကျိုးပြုနိုင်ခဲ့တာကြောင့် အေတီကိုအတွက်တော့ တိုက်စစ်ပိုင်းမှာ ဂိုးရဖို့ သိပ်စိုးရိမ်စရာမလိုတော့တဲ့ အနေအထားမှာ ရှိနေခဲ့ပြီလည်းဖြစ်ပါတယ်။

Zawgyi

အက္သလက္တီကိုမက္ဒရစ္အသင္းကို ေျပာင္းေရႊ႕ခဲ့ၿပီၤးေနာက္ မေန႔ညက အသင္းသစ္အတြက္ ပထမဆုံးပါဝင္ကစားေပးခဲ့တဲ့ပြဲမွာပဲ တိုက္စစ္မႉးဆြာရက္ဇ္ဟာ စံခ်ိန္မွတ္တမ္းသစ္ေတြ စိုက္ထူသြားနိုင္ခဲ့ၿပီျဖစ္ပါတယ္။ အသက္ ၃၃ ႏွစ္အရြယ္ တိုက္စစ္မႉးဟာ ဂရန္နာဒါကို ၆-၁ နဲ႔ အနိုင္ရရွိခဲ့တဲ့ပြဲမွာ လူစားဝင္ကစားေပးခဲ့ၿပီး ၂ဂိုးသြင္းသာ ၁ႀကိမ္ဖန္တီးေပးနိုင္ခဲ့ပါတယ္။

မိနစ္ ၇၀ မွာ ဒီေယဂိုေကာ္စတာနဲ႔ လူစားလဲလွယ္ခဲ့ကာ ပါဝင္ခဲ့ၿပီး ဆြာရက္ဇ္က သြင္းဂိုး ၃ဂိုးအထိ ပါဝင္ပတ္သက္နိုင္ခဲ့တာလည္းျဖစ္ပါတယ္။ ဒီလိုစြမ္းေဆာင္နိုင္ခဲ့တဲ့အတြက္ ဆြာရက္ဇ္ဟာ ၂၁ရာစုအတြင္းမွာ အက္သလက္တီကိုအတြက္ ပြဲဦးထြက္ပြဲမွာပဲ ဂိုးလည္းသြင္း၊ ဖန္တီးေပးမႈလည္း ျပဳလုပ္နိုင္ခဲ့တဲ့ ပထမဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့တာလည္းျဖစ္ပါတယ္။

ဘာစီလိုနာကေန ၂ ႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းေရႊ႕လာခဲ့တဲ့ ဆြာရက္ဇ္ဟာ ပထမဆုံးပြဲမွာပဲ သူ႔ရဲ့ေျခစြမ္းကို ျပသခဲ့ၿပီး နည္းျပဆီႁမြန္နီကို ေက်နပ္ေပ်ာ္ရႊင္ေစခဲ့ပါတယ္။ အသက္အရြယ္အရ အေကာင္းဆုံးအခ်ိန္အခါကို ေက်ာ္လြန္ေနခဲ့ၿပီဆိုေပမယ့္ ဆြာရက္ဇ္ရဲ့ ေျခစြမ္းကေတာ့ ထိပ္တန္းအဆင့္မွာ ရွိေနဆဲျဖစ္ၿပီး သူ႔ကိုေခၚယူခဲ့မႈဟာ မွန္ကန္ေၾကာင္း သက္ေသျပနိုင္ခဲ့သလို ဘာစီလိုနာနည္းျပေရာ္နယ္ကိုးမန္းအတြက္ေတာ့ လြတ္တဲ့ငါးႀကီးဆိုသလို အျဖစ္မ်ိဳးနဲ႔ ရင္ဆိုင္ေနရၿပီလည္းျဖစ္ပါတယ္။

လာမယ့္ပြဲစဥ္အျဖစ္ အက္သလက္တီကိုဟာ ဗုဒၶဟူးေန႔မွာ ဟူစကာအသင္းနဲ႔ ဆက္လက္ကစားရမွာျဖစ္ၿပီး ဒီပြဲကိုေတာ့ ဆြာရက္ဇ္က ပြဲထြက္ကစားခြင့္ရရွိဖြယ္ရွိလာခဲ့ပါၿပီ။ မေန႔ညကပြဲမွာ မိနစ္ ၂၀ သာကစားခဲ့ရေပမယ့္ ဆြာရက္ဇ္က သြင္းဂိုး ၃ ဂိုးအထိ တိုက္ရိုက္ပါဝင္ပတ္သက္နိုင္ခဲ့ကာ အသင္းကို အေကာင္းဆုံးအက်ိဳးျပဳနိုင္ခဲ့တာေၾကာင့္ ေအတီကိုအတြက္ေတာ့ တိုက္စစ္ပိုင္းမွာ ဂိုးရဖို႔ သိပ္စိုးရိမ္စရာမလိုေတာ့တဲ့ အေနအထားမွာ ရွိေနခဲ့ၿပီလည္းျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *