အီတီဟတ်ထိသွားပြီး ရေနံတွင်းကို မီးရှို့ဖျက်ဆီးပစ်ခဲ့တဲ့ လက်စတာစီးတီး

မနေ့ညက ကစားခဲ့တဲ့ မန်စီးတီးနဲ့ လက်စတာတို့ရဲ့ပွဲမှာတော့ လက်စတာက အဝေးကွငး်မှာ မန်စီးတီးကို ၅ ဂိုးအထိသွင်းယူကာ အံ့အားသင့်ဖွယ်နိုင်ပွဲရယူသွားခဲ့ပါတယ်။ ကစားသမားနည်းပါးတဲ့ ပြသနာကို ရင်ဆိုင်နေရတဲ့ ဂွာဒီယိုလာအတွက်တော့ ကြီးမားတဲ့ရှုံးပွဲဖြစ်ပြီး အိမ်ကွင်းမှာ ပယ်နယ်တီသုံးဂိုးအထိခွင့်ပြုခဲ့ရကာ ဗာဒီက ဟက်ထရစ်သွင်းယူခဲ့ပြီး မန်စီးတီးကိ ချေမှုန်းသွားခဲ့ပါတယ်။

ဂွာဒီယိုလာအတွက်တော့ သူ့ရဲ့နည်းပြဘဝ အိမ်ကွင်းပွဲပေါင်း ၄၃၈ ပွဲကိုင်တွယ်ခဲ့ရာမှာ ပထမဆုံးအကြိမ်အဖြစ် အိမ်ကွင်းမှာ ပေးဂိုးငါးဂိုးအထိ ခွင့်ပြုခဲ့ရတာလည်းဖြစ်ပါတယ်။ ကစားသမား ၁၃ဦးသာ ကြံ့ခိုင်မှုရှိတယ်လို့ ဒီပွဲမတိုင်ခင်မှာ ဂွာဒီယိုလာက ထုတ်ဖော်ပြောဆိုခဲ့ပြီး မာရက်ဇ်ကို တိုက်စစ်မှူးအဖြစ်ထားရှိခဲ့ရပြီး အရန်စာရင်းမှာ လူငယ်ကစားသမားတွေပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။

လက်စတာကတော့ ဒီအခွင့်အရေးကို အရယူပြီး ၀ါရင့်တိုက်စစ်မှူးကြီးဗာဒီက ဟက်ထရစ်သွင်းယူကာခြေစွမ်းပြသွားခဲ့ပါတယ်။ အဖွင့်ဂိုးကို မန်စီးတီးတို့စတင်ရရှိခဲ့ပေမယ့်လည်း လက်စတာက ပြန်လည်ချေပနိုင်ခဲ့ပြီး တစ်ပွဲတည်းမှာ ပယ်နယ်တီသုံးကြိမ်အထိ ရရှိခဲ့တာက ပရီးမီးယားလိဂ်သမိုင်းမှာ လက်စတာက ပထမဆုံးအသင်းလည်းဖြစ်ခဲ့ပြီး ဒီပွဲဟာ စံချိန်မှတ်တမ်းအများအပြားလည်း ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဖလားကို ပြန်လည်ရယူဖို့ပစ်မှတ်ထားနေတဲ့ မန်စီးတီးဟာ တိုက်စစ်မှူးတွေရဲ့ ဒဏ်ရာပြသနာ၊ ကစားသမားတွေ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုတွေနဲ့ ရုန်းကန်ခဲ့ရပြီး အိမ်ကွင်းမှာ မျက်နှာပျက်ဖွယ်အရေးနိမ့်မှုမျိုးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ လက်စတာကတော့ သုံးပွဲကစားပြီးချိန်မှာ သုံးပွဲစလုံးကို အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားမှာ အဲဗာတန်နဲ့ ရမှတ်တူကာ ဦးဆောင်နေပြီလည်းဖြစ်ပါတယ်။

Zawgyi

မေန႔ညက ကစားခဲ့တဲ့ မန္စီးတီးနဲ႔ လက္စတာတို႔ရဲ့ပြဲမွာေတာ့ လက္စတာက အေဝးကြငး္မွာ မန္စီးတီးကို ၅ ဂိုးအထိသြင္းယူကာ အံ့အားသင့္ဖြယ္နိုင္ပြဲရယူသြားခဲ့ပါတယ္။ ကစားသမားနည္းပါးတဲ့ ျပသနာကို ရင္ဆိုင္ေနရတဲ့ ဂြာဒီယိုလာအတြက္ေတာ့ ႀကီးမားတဲ့ရႈံးပြဲျဖစ္ၿပီး အိမ္ကြင္းမွာ ပယ္နယ္တီသုံးဂိုးအထိခြင့္ျပဳခဲ့ရကာ ဗာဒီက ဟက္ထရစ္သြင္းယူခဲ့ၿပီး မန္စီးတီးကိ ေခ်မႈန္းသြားခဲ့ပါတယ္။

ဂြာဒီယိုလာအတြက္ေတာ့ သူ႔ရဲ့နည္းျပဘဝ အိမ္ကြင္းပြဲေပါင္း ၄၃၈ ပြဲကိုင္တြယ္ခဲ့ရာမွာ ပထမဆုံးအႀကိမ္အျဖစ္ အိမ္ကြင္းမွာ ေပးဂိုးငါးဂိုးအထိ ခြင့္ျပဳခဲ့ရတာလည္းျဖစ္ပါတယ္။ ကစားသမား ၁၃ဦးသာ ႀကံ့ခိုင္မႈရွိတယ္လို႔ ဒီပြဲမတိုင္ခင္မွာ ဂြာဒီယိုလာက ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီး မာရက္ဇ္ကို တိုက္စစ္မႉးအျဖစ္ထားရွိခဲ့ရၿပီး အရန္စာရင္းမွာ လူငယ္ကစားသမားေတြပါဝင္ခဲ့တာလည္းျဖစ္ပါတယ္။

လက္စတာကေတာ့ ဒီအခြင့္အေရးကို အရယူၿပီး ၀ါရင့္တိုက္စစ္မႉးႀကီးဗာဒီက ဟက္ထရစ္သြင္းယူကာေျခစြမ္းျပသြားခဲ့ပါတယ္။ အဖြင့္ဂိုးကို မန္စီးတီးတို႔စတင္ရရွိခဲ့ေပမယ့္လည္း လက္စတာက ျပန္လည္ေခ်ပနိုင္ခဲ့ၿပီး တစ္ပြဲတည္းမွာ ပယ္နယ္တီသုံးႀကိမ္အထိ ရရွိခဲ့တာက ပရီးမီးယားလိဂ္သမိုင္းမွာ လက္စတာက ပထမဆုံးအသင္းလည္းျဖစ္ခဲ့ၿပီး ဒီပြဲဟာ စံခ်ိန္မွတ္တမ္းအမ်ားအျပားလည္း ေပၚထြက္လာခဲ့တာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ဖလားကို ျပန္လည္ရယူဖို႔ပစ္မွတ္ထားေနတဲ့ မန္စီးတီးဟာ တိုက္စစ္မႉးေတြရဲ့ ဒဏ္ရာျပသနာ၊ ကစားသမားေတြ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရမႈေတြနဲ႔ ႐ုန္းကန္ခဲ့ရၿပီး အိမ္ကြင္းမွာ မ်က္ႏွာပ်က္ဖြယ္အေရးနိမ့္မႈမ်ိဳးနဲ႔ ၾကဳံေတြ႕ခဲ့ရပါတယ္။ လက္စတာကေတာ့ သုံးပြဲကစားၿပီးခ်ိန္မွာ သုံးပြဲစလုံးကို အနိုင္ရရွိခဲ့ၿပီး အမွတ္ေပးဇယားမွာ အဲဗာတန္နဲ႔ ရမွတ္တူကာ ဦးေဆာင္ေနၿပီလည္းျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *