နောက်ကျပင်နယ်တီကြောင့် နယူးကာဆယ်နဲ့အမှတ်ခွဲယူခဲ့ရတဲ့ စပါး

ယနေ့ည ၇ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ နယူးကာဆယ်ယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်မှာ တစ်ဖက် ၁ ဂိုးစီ သရေရလဒ်နဲ့ပွဲပြီးဆုံးသွားခဲ့ပါတယ်။

ပထမပိုင်းစတင်ချိန်ကတည်းက အိမ်ရှင်တော့တင်ဟမ်ဟော့စပါးအသင်းက ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပြီး နယူးကာဆယ်ယူနိုက်တက်ဂိုးသမား ကားလ်ဒါလိုးက အကောင်းဆုံးလက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။ ၂၅ မိနစ်မှာ လူးကပ်စ်မိုရာက ဟယ်ရီကိန်းရဲ့ ဖန်တီးပေးပို့မှုကနေတဆင့် တော့တင်ဟမ်ဟော့စပါးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ပရိသတ်အချစ်တော် တောင်ကိုရီးယားကြယ်ပွင့် ဆွန်ဟောင်မင်ကို စတီဗင်ဘာဘိမ်းနဲ့ လူစားလဲလှယ်ခဲ့ပေမယ့် တော့တင်ဟမ်ဟော့စပါးအသင်းက ဧည့်သည်နယူးကာဆယ်ယူနိုက်တက်ကို ဆက်လက်ဖိအားပေးကစားနိုင်ခဲ့ပြီး လိုဆယ်ဆို၊ ဟယ်ရီကိန်းတို့ရဲ့ ဂိုးကန်သွင်းချက်တွေကို ကားလ်ဒါလိုးက နောက်ထပ်အကောင်းဆုံးလက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။ နယူးကာဆယ်အသင်းဟာ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ တရစပ်တိုက်စစ်ဆင်မှုတွေကို ကြံ့ကြံ့ခံကာကွယ်ပြီး နောက်ထပ်ဦးဆောင်ဂိုးတွေ မပေးရအောင် အစွမ်းကုန်ကာကွယ်နေခဲ့ရတာကို မြင်တွေ့ရပါတယ်။

ဒုတိယပိုင်းပွဲကစားချိန်ပြည့်မြောက်လို့ နာကျင်အချိန်ပို ၅ မိနစ် သတ်မှတ်ခဲ့ပြီး ၉၃ မိနစ်မှာ အဲရစ်ဒိုင်ယာ လက်နဲ့ထိခဲ့တာကြောင့် ကွင်းလယ်ဒိုင်က VAR ပြန်လည်ကြည့်ရှုပြီးနောက် နယူးကာဆယ်အသင်းကို ပင်နယ်တီပြစ်ဒဏ်ဘောကန်ခွင့်ပြုခဲ့ပါတယ်။ နယူးကာဆယ်ယူနိုက်တက်အတွက် ပင်နယ်တီပြစ်ဒဏ်ဘောကို ကယ်လန်ဝီလ်ဆင်က အမှားအယွင်းမရှိကန်သွင်းယူပေးခဲ့ပြီး တစ်ဖက် ၁ ဂိုးစီနဲ့ ပွဲပြီးဆုံးသွားခဲ့ပါတယ်။

(Zawgyi)

ယေန႔ည ၇ နာရီ ၃၀ မိနစ္မွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းနဲ႔ နယူးကာဆယ္ယူနိုက္တက္အသင္းတို႔ရဲ့ပြဲစဥ္မွာ တစ္ဖက္ ၁ ဂိုးစီ သေရရလဒ္နဲ႔ပြဲၿပီးဆုံးသြားခဲ့ပါတယ္။

ပထမပိုင္းစတင္ခ်ိန္ကတည္းက အိမ္ရွင္ေတာ့တင္ဟမ္ေဟာ့စပါးအသင္းက ဂိုးေပါက္ၿခိမ္းေျခာက္မႈေတြ ျပဳလုပ္နိုင္ခဲ့ၿပီး နယူးကာဆယ္ယူနိုက္တက္ဂိုးသမား ကားလ္ဒါလိုးက အေကာင္းဆုံးလက္စြမ္းျပကာကြယ္နိုင္ခဲ့ပါတယ္။ ၂၅ မိနစ္မွာ လူးကပ္စ္မိုရာက ဟယ္ရီကိန္းရဲ့ ဖန္တီးေပးပို႔မႈကေနတဆင့္ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းအတြက္ အဖြင့္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာ ပရိသတ္အခ်စ္ေတာ္ ေတာင္ကိုရီးယားၾကယ္ပြင့္ ဆြန္ေဟာင္မင္ကို စတီဗင္ဘာဘိမ္းနဲ႔ လူစားလဲလွယ္ခဲ့ေပမယ့္ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းက ဧည့္သည္နယူးကာဆယ္ယူနိုက္တက္ကို ဆက္လက္ဖိအားေပးကစားနိုင္ခဲ့ၿပီး လိုဆယ္ဆို၊ ဟယ္ရီကိန္းတို႔ရဲ့ ဂိုးကန္သြင္းခ်က္ေတြကို ကားလ္ဒါလိုးက ေနာက္ထပ္အေကာင္းဆုံးလက္စြမ္းျပကာကြယ္နိုင္ခဲ့ပါတယ္။ နယူးကာဆယ္အသင္းဟာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းရဲ့ တရစပ္တိုက္စစ္ဆင္မႈေတြကို ႀကံ့ႀကံ့ခံကာကြယ္ၿပီး ေနာက္ထပ္ဦးေဆာင္ဂိုးေတြ မေပးရေအာင္ အစြမ္းကုန္ကာကြယ္ေနခဲ့ရတာကို ျမင္ေတြ႕ရပါတယ္။

ဒုတိယပိုင္းပြဲကစားခ်ိန္ျပည့္ေျမာက္လို႔ နာက်င္အခ်ိန္ပို ၅ မိနစ္ သတ္မွတ္ခဲ့ၿပီး ၉၃ မိနစ္မွာ အဲရစ္ဒိုင္ယာ လက္နဲ႔ထိခဲ့တာေၾကာင့္ ကြင္းလယ္ဒိုင္က VAR ျပန္လည္ၾကည့္ရႈၿပီးေနာက္ နယူးကာဆယ္အသင္းကို ပင္နယ္တီျပစ္ဒဏ္ေဘာကန္ခြင့္ျပဳခဲ့ပါတယ္။ နယူးကာဆယ္ယူနိုက္တက္အတြက္ ပင္နယ္တီျပစ္ဒဏ္ေဘာကို ကယ္လန္ဝီလ္ဆင္က အမွားအယြင္းမရွိကန္သြင္းယူေပးခဲ့ၿပီး တစ္ဖက္ ၁ ဂိုးစီနဲ႔ ပြဲၿပီးဆုံးသြားခဲ့ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *