ပရိတ်သတ်တွေကို ဖမ်းစားဦးမယ့် စူပါဆန်းဒေး နောက်ကျ ပွဲ (၃) ပွဲ

တနဂ်နွေညတွေဟာ ဘောလုံးပရိတ်သတ်တွေအတွက် ဘယ်တုံးကမှ ရိုးအီမသွားစေတဲ့ဘဖျော်ဖြေမှု့တွေနဲ့အတူ ဖမ်းစား‌ထားလေ့ရှိပါတယ်။ စူပါဆန်းဒေး ဆိုရင် ပွဲကြီးပွဲကောင်းတွေပဲ ထုတ်လွှင့်လေ့ရှိတဲ့နည်းတူ ယနေ့ညမှာလည်း လိဂ် သုံးခု ရဲ့ ထိပ်သီး အသင်းတွေ ယှဉ်ပြိုင်ကြမယ့် ပြိုင်ပွဲသုံးပွဲ ရှိနေပြီး ပရိတ်သတ်တွေအတွက် အိပ်ရေးပျက်ရကျိုး နပ်စေမှာတော့ဘအသေချာပါပဲ။

ဘာစီလိုနာ vs ဗီလာရီးရဲလ်

နည်းပြသစ် ကိုးမန်း နဲ့ တစ်ချိန်က ဆီဗီလာ နဲ့ ကျော်ကြားခဲ့ဖူးတဲ့ အူနိုင်းအမ်မရီ တို့ တွေ့ဆုံမှု့က အတော်လေး ကြည့်ကောင်းပါလိမ့်မယ်။ အထူးသဖြင့် ကိုးမန်းက ဒီနေ့ပွဲမှာဘယ်လို လူစာရင်းခင်းကျင်းမလည်းဆိုတာက ဘာစီလိုနာ ပရိတ်သတ်တွေကိုသာမက အခြားပြိုင်ဘက်တွေအတွက် စိတ်ဝင်စားစရာကောင်းနေပါတယ်။ကော်တင်ဟို၊ဂရဇ်မန်း တို့ကြားမှာ မက်ဆီ ကို False 9 ဆန်ဆန် ကစားခိုင်းတာ မျိုးကို ရာသီကြိူ ခြေစမ်းပွဲတွေမှာ ပြုလုပ်ခဲ့ပြီး ယနေ့ စတင်ယှဉ်ပြိုင်ရမယ့် လာလီဂါ ပွဲမှာတော့ ဘယ်လိုခင်းကျင်းလာမလည်းဆိုတာက ယနေ့ည (၀၁:၃၀) အချိန်မှာ စောင့်ကြည်ရမှာလည်းဖြစ်ပါတယ်။

မန်စီးတီး vs လက်စတာ

ဂွာဒီယိုလာ အတွက် အဓိကတိုက်စစ်မှုး နှစ်ယောက်ဖြစ်တဲ့ အဂွဲရိုး နဲ့ ဂျီးဆပ် မပါဝင်ချိန်မှာ ဘယ်လိုအခင်းအကျင်းမျိုးအသူံးပြုမလည်းဆိုဝာာ က စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ လက်စတာဖက်မှာတော့ ကစားသမားအစုံလင် ရှိနေပြီး ဘရန်ဒန်ရော်ဂျားစ် အနေနဲ့ အီတီဟဒ် မှာ ဒဏ်ရာအနာတရများနေတဲ့ မန်စီးတီး ကို သေချာပေါက် အလဲထိုးဖို့ ပြင်ဆင်လာမှာဖြစ်ပြီး ဒီနေ့ညမှာ ကမ္ဘာ့တိုက်စစ်အကောင်းဆုံးနည်းပြကြီး ဂွာဒီယိုလာ ရဲ့ ကြံရည်ဖန်ရည်တွေကို ယနေ့ည (၁၀:၃၀) အချိန်မှာစောင့်ကြည့်ရပါလိမ့်မယ်။

ရိုးမား vs ယူဗင်တပ်စ်

ရောမမြေမှာ ကန်ရမယ့် ဒီပွဲအတွက် ပီယာလို ဘာတွေပြင်ဆင်ထားမလည်း စောင့်ကြည့်ရပါလိမ့်မယ်။ ဆမ်ဒိုးရီးယား ကို သုံးဂိုးပြတ်အနိုင်ရပြီး အဖွင့်လှခဲ့ပေမယ့် အဖွင့်ပွဲမှာ နည်းဥပဒေချိုးဖောက်ခဲ့လို့ သုံးဂိုးပြတ်အရေးနိမ့် ပြစ်ဒစ်ချမှတ်ခံခဲ့ရတဲ့ရိုးမား အသင်းကလည်းရုန်းကန်လာမှာဖြစ်လို့ ပီယာလိုအတွက် လွယ်ကူမှာတော့မဟုတ်ပါဘူး။သို့ပေမယ့်ဘရော်နယ်ဒို ဂိုးပေါက်တွေ့နေတာက ရိုးမား အသင်းအတွက် ပြသနာရှိလာနိုင်ပြီး ပေါ်တူဂီသား က ဆာရီ ပြီးနောက် ပီယာလို ကို ထပ်ပြီးကယ်တင်နိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *