ရီးရဲလ်က ထွက်ခွာခဲ့တဲ့အပေါ် နောင်တရနေတဲ့ ဂန္ထဝင်ကစားသမားကြီး

ရီးရဲလ်မက်ဒရစ် ရဲ့ ဂန္နဝင်ဂိုးသမားကြီး အိုင်ကာ ကာဆီးလက် ကတော့ သူ့အနေနဲ့ ရီးရဲလ်ကနေ ထွက်ခွာဖို့ဆုံးဖြတ်ခဲ့တာက အတော်လေးမှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ မက္ကစီကို မှာပြုလုပ်တဲ့ TELMEX ဖောင်းဒေးရှင်း ပွဲမှာ ဖွင့်ဟခဲ့ပါတယ်။

ကာဆီးလက်က သူ့ရဲ့ထွက်ခွာမှု့နဲ့ပက်သက်ပြီး”ကျနော်တို့အားလုံး အမှားတွေပြုလုပ်ခဲ့ကြတာပါပဲ။ဒါပေမယ့် ဒီအမှားတွေကနေပဲပြန်လည်သင်ယူသွားပါမယ်။ကျနော့်ရဲ့ ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာခဲ့တဲ့ နေ့ရက်တွေ အကြောင်းပြန်မတွေးချင်သလို ပုံလည်းပြန်မကြည့်ချင်ပါဘူး။ဒါကလည်း ဘယ်သူ့အတွက်မှာ မကောင်းဘူးမဟုတ်လား။တစ်နေ့ရောက်လာရင်တော့ ဒီလိုအမှားတွေကိုပြန်လည်ပြင်ဆင်ပြီး လူတိုင်းကို ပျော်ရွှင်အောင်ပြန်ပြီးဖန်တီးပေးချင်ပါတယ်။ဟိုဆေးနဲ့ ဒယ်ဘော့စကေးလ် တို့ရဲ့အသင်းတွေမှာ အရံခုံထိုင်ခဲ့ရတာကမတူညီတဲ့အခြေအနေတွေရှိနေပါတယ်”

တစ်ဦးက နည်းဗျူဟာအရ အရံခုံထိုင်ခိုင်းတာဖြစ်ပေမယ့် တစ်ဦးကတော့ ပုဂ္ဂိုလ်ရေးအရပါ။ကျနော်နဲ့ ဒယ်ဘော့စကေးက တစ်နှစ်ခွဲလောက် တော့အဆင်ပြေပေမယ့် နောက်နှစ်တွေမှာတော့ အတော်လေး အဆင်မပြေခဲ့တာတွေရှိပါတယ်။ဒါပေမယ့် အသင်းခေါင်းဆောင်နဲ့ နည်းပြကြားက ပြသနာတွေပဲမလို့ ထူးခြားနေတာတော့မဟုတ်ပါဘူး”။ ဆက်လက်ပြီး” ဒီလိုအဆင်မပြေတာက ကစားသမားကနည်းပြထက်ပိုပြီးအရေးကြီးတယ်ဆိုတာမျိုးတော့မဟုတ်ပါဘူး။ဒါပေမယ့်လည်း ဖြစ်ပေါ်လာတဲ့အခြေအနေတွေအရ အသင်းခေါင်းဆောင်အနေနဲ့နည်းပြကိုတိုက်ရိုက်ပြောဆိုရတာတွေရှိလာပြီး ဒီနေရာမှာ သဘောထားအနည်းငယ် ကွဲလွဲခဲ့ရုံပါပဲ။ဟိုဆေး ကတော့ ကျနော်က အခြားလူတွေနဲ့ တူညီတဲ့အရည်ချင်းမျိုးမရှိဘူးလို့ထင်ခဲ့သလို အဲ့ဒီနောက်ပိုင်း ကျနော်တို့ဆက်ဆံရေး ဆိုးရွားလာတာပါပဲ”

သူ့အတွက်တော့ ဒီတစ်ယောက်အဆင်မပြေရင် နောက်တစ်ယောက် ရွေးရတာကလွယ်ကူတယ်လေ။နောက်ကွယ်မှာလူတွေမသိတဲ့အကြောင်းအရာတွေလည်းအများကြီးရှိနေပါသေးတယ်။ ဒါပေမယ့်လည်း ကျနော်တို့ကတော့ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်မယ့်နည်းလမ်းတွေကိုပဲရွေးချယ်ရတာပါပဲ။ကျနော်နဲ့ဟိုဆေးကြားမှာတော့ ကြီးမားတဲ့ ထိပ်တိုက်တွေ့ဆုံတာမျိုးမရှိသလို နှစ်ယောက်လုံးကအသင်းကိုကောင်းစေချင်တာပဲရှိတာပါ။သူကအခြားဂိုးသမားတစ်ယောက်ကိုရွေးလိုက်တော့ သူနဲ့ကျနော့်ကြား ဆက်ဆံရေးကနွေးထွေးတဲ့ပုံစံမျိုးတော့ မရှိဘူးပေါ့ ဒီလောက်ပါပဲ”။ ကာဆီးလက်ကပဲ” ဒီအတွေ့ကြုံတွေကပဲ (၃၃) နှစ်မှာတောင်ကျနော့်ကိုပိုပြီးရင့်ကျပ်လာစေပါတယ်။ကျနော့်အနေနဲ့အသင်းကို ထိခိုက်အောင် ဘာတစ်ခုမှမလုပ်ခဲ့တာကြောင့်လည်း အမှားတွေလုပ်ခဲ့မိလို့တော့မထင်ပါဘူး”

“ကျနော် ရီးရဲလ်လူငယ် အသင်းမှာ ကစားနေတုံးက တစ်ပွဲမှာ (၈-၂) နဲ့အနိုင်ရခဲ့ပါတယ်။ ပွဲပြီးတော့နည်းပြကရောက်လာပြီး မင်းဘာလို့ (၂) ဂိုးခွင့်ပြုတာလည်းဆိုပြီး အော်ဟစ်တော့တာပါပဲ။ရီးရဲလ်အသင်းမှာ ကစားမယ်ဆိုရင် ဒီလို အနေထားမှာတောင် ကြီးမားတဲ့ ဆုံးရှူံးမှု့လို့သတ်မှတ်ထားတာကြောင့်အချိန်တိူင်းကဖိအားအပြည့်ပါပဲ။‌ဒီလိုအချိန်တိုင်းကိုဖိအားအပြည့်နဲ့ကျော်ဖြတ်ခဲ့တာကပဲဘပထမအသင်းဂိုးသမားဖြစ်လာစေသလို နေ့ရက်တိုင်းမှာ ကျနော့်အတွက်တာဝန်ရှိနေတယ်ဆိုတာ ခံစားမိနေတာပါပဲ။ရီးရဲလ်လိုအသင်းမှာ ကာလရှည်ကြာအကောင်းဆူံအနေထားတစ်ခု ထိန်းသိမ်းထားဖို့ဆိုတာအတော်မလွယ်တာပါ။ဒါပေမယ့် ကျနော်ကတော့ ဒီလို စိန်ခေါ်မှု့တွေကို သဘောကျတယ်လေ” လို့ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *