မက်ဆီနဲ့ ဘာတိုမြူကြားက မပြီဆုံးနိုင်တဲ့ တိုက်ပွဲ

ဘာစီလိုနာ ကနေ ထွက်ခွာမယ် လို့ အတိအလင်းကြေငြာပြီးချိန်ကစပြီး ဘာစီလိုနာ အသင်းမှာ အက်ကွဲကြောင်းတွေ ထင်လာခဲ့ပါတယ်။ ကလပ်ရဲ့ ဂန္နဝင် ကစားသမားလည်းဖြစ်သလို ဩဇာလည်းညောင်းတဲ့ လီယွန်နယ် မက်ဆီ နဲ့ ကလပ်ကို အရာရာထိန်းချုပ်လိုတဲ့ ဥက္ကဌ ဘာတိုမြူတို့ကြားမှာ ကွဲလွဲမှု့တွေကနေ ပေါက်ကွဲမှု့ဖြစ်တဲ့အထိ ကြီးမားလာသလို ပရိတ်သတ်တွေကပါ ဆန္ဒပြတဲ့အထိ ဘာစီလိုနာ ရဲ့အခြေအနေတွေကဆိုးရွားလာပါတယ်။

မက်ဆီ ကိုယ်တိုင်ကလည်း ကလပ် အသင်းကို စိတ်ကုန်သွားခဲ့ပြီး ထွက်ခွာဖို့ပဲ ရည်ရွယ်ခဲ့ပေမယ့် စာချုပ် နဲ့ ဥပဒေကြောင်းအရ ဘာတိုမြူဖက်ကအသာရခဲ့သလိူ စပိန် ဘောလုံးလောက ရဲ့ တာဝန်ရှိသူတွေကလည်း ရော်နယ်ဒို မရှိတော့တဲ့နောက် မက်ဆီ ကိုပါ မဆုံးရှုံးစေချင်တာကြောင့် ဆက်နေဖို့ဖိအားပေးခဲ့ပြီး အဆုံးမှာ မက်ဆီ ဖက်က အလျှော့ပေးခဲ့ရပါတယ်။ မက်ဆီအနေနဲ့ အလျှော့ပေးခဲ့ရပေမယ့်လည်း ကျေကျေနပ်နပ် တော့ ရှိဟန်မတူ ပဲ အဓိက အသင်းဖော် တိုက်စစ်မှုး လူးဝစ်ဆွာရက်ဇ် ရဲ့ နှုတ်ဆက်ပွဲကနေ ထပ်ခါ ထိုးနှက်တိုက်ခိုက်လိုက်ပြန်ပါတယ်။

မက်ဆီက အင်စတာဂရမ်ကနေ ” လူးဝစ်ရေ မင်းကို တခြားအသင်းဂျာစီနဲ့တွေ့ရမယ်လို့ငါဖြင့်မထင်ခဲ့ပါဘူး။အထူးသဖြင့်ဘပြိုင်ဘက်အဖြစ် ပြန်တွေ့ရမယ်လို့ ငါတကယ်မတွေးထားဖူးဘူး။ဒီကလပ်အတွက် တစ်ဦးချင်းဖြစ်စေ၊အစုအဖွဲ့လိုက်ဖြစ်‌စေ မင်းလုပ်ခဲ့တဲ့အရာအားလုံးအတွက် အခုလို အချိန်မှာ မင်းထွက်သွားတာက မင်းနဲ့ထိုက်တန်ပါတယ်။ဒါပေမယ့် ဒီအချိန်မင်းထွက်သွားတာအတွက်တော့ငါလည်း ထူးပြီး အံဩမနေတော့ပါဘူး။” လို့ဆိုပါတယ်။

အဆိုပါ နှုတ်ဆက်စာ အောက်မှာ ‌ဆွာရက်ဇ် က ပြန်လည်နှုတ်ဆက်စာရေးခဲ့သလို တစ်ချိန်က အသင်းဖော်ဟောင်း နေမာ ကလည်း “သူတို့လုပ်နေတာတွေကအတော့်ကိုထူးထူးဆန်းဆန်းပဲ” လို့ဝင်ရောက်ရေးသားခဲ့သလို ဂတ်စ်ဖာဂရီဂတ်စ်၊အီတူး၊ဇာဗီ အပါဝင် ဘာဆာ ကစားသမားဟောင်းတွေက မက်ဆီဖက်ကနေ ဝိုင်းဝန်းရပ်တည်ပေးခဲ့ကြပါတယ်။ လီယွန်နယ် မက်ဆီအနေနဲ့ ဘာစီလိုနာ မှာ တစ်ရာသီဆက်ရှိနေမှာဖြစ်ပေမယ့် နောက်ရာသီကိုတော့ဆက်ရှိနေဖို့လုံးဝ မသေချာသလို ဘုရားပေးတဲ့ဘယ်ခြေတစ်ချောင်းကနောက်ရာသီ ဘယ်လိဂ်မှာခိုနားမလည်းဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *