ဂျုဗင်တပ်စ်အသင်းကိုချန်ပီယံလိဂ်ဖလားယူပေးဖို့ပြန်ရောက်လာတာလို့မိုရာတာဆို

တိုက်စစ်မှုးတစ်ဦးခေါ်ယူဖို့ရှာပုံတော်ဖွင့်နေတဲ့ ဂျုဗင်တပ်စ် အသင်းဟာ ကစားသမားဟောင်းဖြစ်တဲ့ မိုရာတာ ကို ပြန်လည်ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ဂျုဗင်တပ်စ် အသင်းဟာ အစောပိုင်းက ဂျက်ကို နဲ့ ဆွာရက်စ် တို့ထဲက (၁)ဦးဦးကို ခေါ်ယူဖို့ကြိုးစားခဲ့တာပါ။ဆွာရက်စ်က ပတ်စပို့ကြောင့် ခေါ်ယူဖို့အဆင်မပြေခဲ့ပြီး ဂျက်ကိုကလည်း ရိုးမား အသင်းက ကစားသမားသစ် ခေါ်ယူဖို့အဆင်မပြေတာကြောင့် ဂျုဗင်တပ်စ်အသင်းက အဆိုပါကစားသမားတွေကို လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

ဂျုဗင်တပ်စ် အသင်းဟာ နောက်ဆုံးမှာတော့ နည်းပြ ပီယာလို နဲ့ အတူတွဲကစားခဲ့တဲ့ မိုရာတာကို ပြန်လည်ခေါ်ယူဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ဂျုဗင်တပ်စ် အသင်းဟာ အသလက်တီကို အသင်းတိုက်စစ်မှုး မိုရာတာကို အခုနှစ်ရာသီအကုန်ထိ အငှားခေါ်ယူခဲ့တာဖြစ်ပြီး ရာသီအကုန်မှာတော့ အပြီးသတ်ခေါ်ယူခွင့်ရှိတာလည်းဖြစ်ပါတယ်။မိုရာတာ ဟာ ရီးရယ်လ်အသင်းမှာ လက်တွဲခဲ့ရတဲ့ စီရော်နယ်ဒို နဲ့လည်း ဂျုဗင်တပ်စ် အသင်းမှာ ပြန်လည်လက်တွဲရမှာဖြစ်ပါတယ်။

မိုရာတာ ကတော့ ဂျုဗင်တပ်စ် အသင်းကို ချန်ပီယံလိဂ်ဖလားရရှိအောင်ကူညီပေးချင်တယ်လို့ ဆိုသွားခဲ့ပါတယ်။မိုရာတာ က “ကျွန်တော်ဒီကိုပြန်လာရတာအလွန်ပျော်ရွှင်ပါတယ်။အသိတရားမျိုးစုံနဲ့ ကြီးထွားလာတဲ့သူတစ်ဦးအနေနဲ့ ကျွန်တော်တူရင်ကို ပြန်ရောက်လာပါပြီ။ချန်ပီယံလိဂ်ဖလားဟာ ဂျုဗင်တပ်စ် အသင်းအတွက် အလွန်အရေးကြီးပါတယ်။အခုနှစ်မှာသာ ဒီဆုဖလား ကိုအရယူနိုင်မယ်ဆိုရင် ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးလူသားတစ်ယောက်ဖြစ်မှာပါ”လို့ပြောခဲ့တာကို ဂိုးလ်ကွန်းက ဖော်ပြခဲ့ပါတယ်။

ဂျုဗင်တပ်စ် အသင်းဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရည်မှန်းထားခဲ့ပေမယ့် (၁၆)သင်းအဆင့်မှာပဲ လိုင်ယွန် အသင်းကို အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် မိုရာတာ ဟာ ဂျုဗင်တပ်စ် အသင်းမှာ ပထမအကြိမ်ကစားခဲ့တုန်းကလည်း ဂျုဗင်တပ်စ် အသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်နိုင်ခဲ့ပေမယ့် ဗိုလ်လုပွဲမှာ ဘာစီလိုနာ အသင်းကို အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

Zawgyi

တိုက္စစ္မႈးတစ္ဦးေခၚယူဖို႔ရွာပုံေတာ္ဖြင့္ေနတဲ့ ဂ်ဳဗင္တပ္စ္ အသင္းဟာ ကစားသမားေဟာင္းျဖစ္တဲ့ မိုရာတာ ကို ျပန္လည္ေခၚယူလိုက္ၿပီျဖစ္ပါတယ္။ဂ်ဳဗင္တပ္စ္ အသင္းဟာ အေစာပိုင္းက ဂ်က္ကို နဲ႔ ဆြာရက္စ္ တို႔ထဲက (၁)ဦးဦးကို ေခၚယူဖို႔ႀကိဳးစားခဲ့တာပါ။ဆြာရက္စ္က ပတ္စပို႔ေၾကာင့္ ေခၚယူဖို႔အဆင္မေျပခဲ့ၿပီး ဂ်က္ကိုကလည္း ရိုးမား အသင္းက ကစားသမားသစ္ ေခၚယူဖို႔အဆင္မေျပတာေၾကာင့္ ဂ်ဳဗင္တပ္စ္အသင္းက အဆိုပါကစားသမားေတြကို လက္လႊတ္ခဲ့ရတာျဖစ္ပါတယ္။

ဂ်ဳဗင္တပ္စ္ အသင္းဟာ ေနာက္ဆုံးမွာေတာ့ နည္းၿပ ပီယာလို နဲ႔ အတူတြဲကစားခဲ့တဲ့ မိုရာတာကို ျပန္လည္ေခၚယူဖို႔ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။ဂ်ဳဗင္တပ္စ္ အသင္းဟာ အသလက္တီကို အသင္းတိုက္စစ္မႈး မိုရာတာကို အခုႏွစ္ရာသီအကုန္ထိ အငွားေခၚယူခဲ့တာျဖစ္ၿပီး ရာသီအကုန္မွာေတာ့ အၿပီးသတ္ေခၚယူခြင့္ရွိတာလည္းျဖစ္ပါတယ္။မိုရာတာ ဟာ ရီးရယ္လ္အသင္းမွာ လက္တြဲခဲ့ရတဲ့ စီေရာ္နယ္ဒို နဲ႔လည္း ဂ်ဳဗင္တပ္စ္ အသင္းမွာ ျပန္လည္လက္တြဲရမွာျဖစ္ပါတယ္။

မိုရာတာ ကေတာ့ ဂ်ဳဗင္တပ္စ္ အသင္းကို ခ်န္ပီယံလိဂ္ဖလားရရွိေအာင္ကူညီေပးခ်င္တယ္လို႔ ဆိုသြားခဲ့ပါတယ္။မိုရာတာ က “ကၽြန္ေတာ္ဒီကိုျပန္လာရတာအလြန္ေပ်ာ္ရႊင္ပါတယ္။အသိတရားမ်ိဳးစုံနဲ႔ ႀကီးထြားလာတဲ့သူတစ္ဦးအေနနဲ႔ ကၽြန္ေတာ္တူရင္ကို ျပန္ေရာက္လာပါၿပီ။ခ်န္ပီယံလိဂ္ဖလားဟာ ဂ်ဳဗင္တပ္စ္ အသင္းအတြက္ အလြန္အေရးႀကီးပါတယ္။အခုႏွစ္မွာသာ ဒီဆုဖလား ကိုအရယူနိုင္မယ္ဆိုရင္ ကၽြန္ေတာ္ဟာ ကမၻာေပၚမွာ အေပ်ာ္ရႊင္ဆုံးလူသားတစ္ေယာက္ျဖစ္မွာပါ”လို႔ေျပာခဲ့တာကို ဂိုးလ္ကြန္းက ေဖာ္ျပခဲ့ပါတယ္။

ဂ်ဳဗင္တပ္စ္ အသင္းဟာ ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ရည္မွန္းထားခဲ့ေပမယ့္ (၁၆)သင္းအဆင့္မွာပဲ လိုင္ယြန္ အသင္းကို အေရးနိမ့္ခဲ့တာျဖစ္ပါတယ္။ဒါ့အျပင္ မိုရာတာ ဟာ ဂ်ဳဗင္တပ္စ္ အသင္းမွာ ပထမအႀကိမ္ကစားခဲ့တုန္းကလည္း ဂ်ဳဗင္တပ္စ္ အသင္းဟာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတက္နိုင္ခဲ့ေပမယ့္ ဗိုလ္လုပြဲမွာ ဘာစီလိုနာ အသင္းကို အေရးနိမ့္ခဲ့တာျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *