တော့တီရဲ့အသံကြောင့် ၉ လကြာ ကိုမာဝင်ရာက ပြန်ကောင်းခဲ့တဲ့ ရိုးမားပရိသတ်

ကားမတော်တဆဖြစ်ပွားမှုကြောင့် ကိုမာဝင်ကာ သတိလစ်မေ့မျောနေခဲ့တဲ့ ရိုးမားပရိသတ်မိန်းကလေးငယ်တစ်ဦးဟာ အသင်းဂန္ထဝင်ကစားသမားကြီးတော့တီရဲ့ ဗီဒီယိုမက်ဆေ့ကို ရရှိခဲ့ပြီးနောက်မှာ ပြန်လည်သတိရလာခဲ့တယ်လို့ သိရပါတယ်။ ထူးခြားတဲ့ အခြေအနေတစ်ခုဖြစ်ခဲ့ပြီးတော့ တော့တီဟာ အသင်းပရိသတ်မိန်းကလေးအတွက် ဆုတောင်းစကားဆိုပေးခဲ့တာဖြစ်ပါတယ်။

အသက် ၁၉ နှစ်သာရှိသေးတဲ့ မာတီလီဆိုတဲ့ မိန်းကလေးဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းမှာ အခြားသူငယ်ချင်း ၂ဦးနဲ့အတူ အလုပ်ကနေ အိမ်ကို ပြန်လာခဲ့စဉ်မှာ ကားက သစ်ပင်ကို ဝင်တိုက်ခဲ့မိပြီးနောက် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကာ ကိုမာဝင်နေခဲ့တာလို့ သိရပါတယ်။ ကားမောင်းသူကတော့ နေရာမှာတင်သေဆုံးခဲ့ပြီး မာတီလီကိုတော့ ဆေးရုံကို ပို့ဆောင်ကုသပေးနိုင်ခဲ့ပါတယ်။

ဦးခေါင်းကို ထိခိုက်မိခဲ့ပြီးနောက် မာတီလီဟာ ၉ လကြာ ကိုမာဝင်နေခဲ့ပြီး သူမမိဘတွေက ရိုးမားအသင်းရဲ့ သီချင်းကို ဆေးရုံမှာပဲ ပုံမှန်သီဆိုပေးနေခဲ့တယ်လို့ သိရပါတယ်။ ဒီနောက်မှာတော့ တော့တီဆီက ဗီဒီယိုမက်ဆေ့ရရှိခဲ့မှုကို ကိုမာဝင်နေတဲံ သမီးကို ဖွင့်ပြခဲ့ပြီးနောက်မှာ အံ့အားသင့်ဖွယ်ရာသတိပြန်ရလာခဲ့ပြီး ကျန်းမာရေးတိုးတက်လာခဲ့ပြိလည်းဖြစ်ပါတယ်။

တော့တီကိုလည်း သူမရဲ့ မိဘနှစ်ပါးက တော်တော်လေးကျေးဇူးတင်နေခဲ့ပြီး သူတို့က အခုလိုပဲပြောသွားခဲ့ပါတယ်။ “သူ့ဆီက ရရှိခဲ့တဲဲ့ ဗီဒီယိုမက်ဆေ့မှာ စိတ်ပိုင်းဆိုင်ရာအင်အားတွေလည်း ပေါင်းစပ်ထားတာပါ၊ သမီးလေးက ရိုးမားအမာခံပရိသတ်ပါ၊ ပြီးတော့ တော့တီကိုနှစ်သက်သူလည်းဖြစ်ပါတယ်၊ သူမဆီက အခုဆိုရင် အပြုံးတွေကို မြင်နေရပြီဖြစ်ပြီးတော့ လန်းဆန်းမှုတွေပြည့်နှက်နေပါပြီ” လို့ ပြောဆိုခဲ့ပါတယ်။

မာတီလီဟာ အခုဆိုရင် လမ်းပြန်လျှောက်နိုင်ဖို့ကို စတင်လုပ်ဆောင်နေပြီဖြစ်ပြီးတော့ ကျန်းမာတဲ့အချိန်မှာ တော့တီနဲ့ တွေ့ဆုံခွင့်ရမယ်လို့ မျှော်လင့်နေပါတယ်။ “သူမက တော့တီကို စောင့်ဆိုင်းနေပါတယ်” လို့ သူမရဲ့ မိဘတွေက ထပ်ပြောခဲ့ပြီး ရိုးမားအသင်းမှာပဲ ကစားသမားဘဝတစ်ခုလုံးကို ကစားခဲ့တဲ့ တော့တီဟာ အခုချိန်ထိ အသင်းပရိသတ်တွေအတွက် အကျိုးပြုနေဆဲဖြစ်ပါတယ်။

Zawgyi

ကားမေတာ္တဆျဖစ္ပြားမႈေၾကာင့္ ကိုမာဝင္ကာ သတိလစ္ေမ့ေမ်ာေနခဲ့တဲ့ ရိုးမားပရိသတ္မိန္းကေလးငယ္တစ္ဦးဟာ အသင္းဂႏၴဝင္ကစားသမားႀကီးေတာ့တီရဲ့ ဗီဒီယိုမက္ေဆ့ကို ရရွိခဲ့ၿပီးေနာက္မွာ ျပန္လည္သတိရလာခဲ့တယ္လို႔ သိရပါတယ္။ ထူးျခားတဲ့ အေျခအေနတစ္ခုျဖစ္ခဲ့ၿပီးေတာ့ ေတာ့တီဟာ အသင္းပရိသတ္မိန္းကေလးအတြက္ ဆုေတာင္းစကားဆိုေပးခဲ့တာျဖစ္ပါတယ္။

အသက္ ၁၉ ႏွစ္သာရွိေသးတဲ့ မာတီလီဆိုတဲ့ မိန္းကေလးဟာ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလအတြင္းမွာ အျခားသူငယ္ခ်င္း ၂ဦးနဲ႔အတူ အလုပ္ကေန အိမ္ကို ျပန္လာခဲ့စဥ္မွာ ကားက သစ္ပင္ကို ဝင္တိုက္ခဲ့မိၿပီးေနာက္ ဒဏ္ရာအျပင္းအထန္ရရွိခဲ့ကာ ကိုမာဝင္ေနခဲ့တာလို႔ သိရပါတယ္။ ကားေမာင္းသူကေတာ့ ေနရာမွာတင္ေသဆုံးခဲ့ၿပီး မာတီလီကိုေတာ့ ေဆး႐ုံကို ပို႔ေဆာင္ကုသေပးနိုင္ခဲ့ပါတယ္။

ဦးေခါင္းကို ထိခိုက္မိခဲ့ၿပီးေနာက္ မာတီလီဟာ ၉ လၾကာ ကိုမာဝင္ေနခဲ့ၿပီး သူမမိဘေတြက ရိုးမားအသင္းရဲ့ သီခ်င္းကို ေဆး႐ုံမွာပဲ ပုံမွန္သီဆိုေပးေနခဲ့တယ္လို႔ သိရပါတယ္။ ဒီေနာက္မွာေတာ့ ေတာ့တီဆီက ဗီဒီယိုမက္ေဆ့ရရွိခဲ့မႈကို ကိုမာဝင္ေနတဲံ သမီးကို ဖြင့္ျပခဲ့ၿပီးေနာက္မွာ အံ့အားသင့္ဖြယ္ရာသတိျပန္ရလာခဲ့ၿပီး က်န္းမာေရးတိုးတက္လာခဲ့ၿပိလည္းျဖစ္ပါတယ္။

ေတာ့တီကိုလည္း သူမရဲ့ မိဘႏွစ္ပါးက ေတာ္ေတာ္ေလးေက်းဇူးတင္ေနခဲ့ၿပီး သူတို႔က အခုလိုပဲေျပာသြားခဲ့ပါတယ္။ “သူ႔ဆီက ရရွိခဲ့တဲဲ့ ဗီဒီယိုမက္ေဆ့မွာ စိတ္ပိုင္းဆိုင္ရာအင္အားေတြလည္း ေပါင္းစပ္ထားတာပါ၊ သမီးေလးက ရိုးမားအမာခံပရိသတ္ပါ၊ ၿပီးေတာ့ ေတာ့တီကိုႏွစ္သက္သူလည္းျဖစ္ပါတယ္၊ သူမဆီက အခုဆိုရင္ အျပဳံးေတြကို ျမင္ေနရၿပီျဖစ္ၿပီးေတာ့ လန္းဆန္းမႈေတြျပည့္ႏွက္ေနပါၿပီ” လို႔ ေျပာဆိုခဲ့ပါတယ္။

မာတီလီဟာ အခုဆိုရင္ လမ္းျပန္ေလၽွာက္နိုင္ဖို႔ကို စတင္လုပ္ေဆာင္ေနၿပီျဖစ္ၿပီးေတာ့ က်န္းမာတဲ့အခ်ိန္မွာ ေတာ့တီနဲ႔ ေတြ႕ဆုံခြင့္ရမယ္လို႔ ေမၽွာ္လင့္ေနပါတယ္။ “သူမက ေတာ့တီကို ေစာင့္ဆိုင္းေနပါတယ္” လို႔ သူမရဲ့ မိဘေတြက ထပ္ေျပာခဲ့ၿပီး ရိုးမားအသင္းမွာပဲ ကစားသမားဘဝတစ္ခုလုံးကို ကစားခဲ့တဲ့ ေတာ့တီဟာ အခုခ်ိန္ထိ အသင္းပရိသတ္ေတြအတြက္ အက်ိဳးျပဳေနဆဲျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *