သူ့ကိုလာစိန်ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကို မှားသွားပြီလို့ သတိပေးလိုက်တဲ့ ဇလာတန်

အေစီမီလန်အသင်းရဲ့ ၀ါရင့်တိုက်စစ်မှူးကြီးဇလာတန်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံလိုက်ရပြီဖြစ်ပါတယ်။ ဒါဟာ နတ်ဘုရားကြီးလို့ ကိုယ့်ကိုကိုယ်ကြွေးကြော်ထားတဲ့ ဇလာတန်အတွက်တော့ ခံပြင်းစရာကိစ္စတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။ အမြဲတမ်းလိုလို ထူးခြားဆန်းပြားတဲ့ ပြောဆိုမှုတွေကြောင့် ပရိသတ်တွေစောင့်ကြည့်ခံနေရတဲ့ ဇလာတန်ဟာ အခုတခါမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကို ပြန်လည်ပြီး စိန်ခေါ်သွားခဲ့ပါတယ်။

ဗို်င်းရပ်စ်ကူးစက်ခံရမှုမှာ နာမည်ကျော်ကစားသမားအများအပြားရှိခဲ့ဖူးကြပါတယ်။ ဒါပေမယ့် အဆိုပါကစားသမားအားလုံးဟာ အချိန်တိုအတွင်းမှာပဲ ပြန်လည်ကောင်းမွန်ခဲ့ကြပြီး ကူးစက်ခဲ့ကြလို့ ဇလာတန်အတွက်လည်း သိပ်စိုးရိမ်စရာမလိုတဲ့အနေအထားမှာရှိနေပါတယ်။ ဒီအချိန်မှာပဲ ဇလာတန်က သူ့ရဲ့လူမှုကွန်ရက်တွေကနေ ပရိသတ်တွေကို ပွဲကျအောင် ဗိုင်းရပ်စ်ကူးခဲ့တဲ့ကြားက အခုလိုပဲပြောဆိုသွားခဲ့ပါတယ်။

“မနေ့က စစ်ကြည့်တော့ ကူးစက်မခံရသေးဘဲ နဂ္ဂတစ်ဖြစ်နေတယ်၊ ဒီနေ့တော့ ပေါ့စတစ်တဲ့၊ ဘယ်လိုရောဂါလက္ခဏာမျိုးမှ မခံစားရပါဘူး၊ ကိုရိုနာဗိုင်းရပ်စ်က ငါ့ကို စိန်ခေါ်ရဲတဲ့ သတ္တိရှိနေပါလား၊ ဒီကောင် အရမ်းမှားသွားပြီထင်တယ်” လို့ ဇလာတန်က ရေးသားသွားခဲ့တာပါ။ ဒါဟာ သူ့ရဲ့ ကစားသမားဘဝမှာ ပြောင်မြောက်တဲ့ နောက်ထပ်ပြောဆိုမှုတစ်ခုကို ဇလာတန်က ထပ်မံပြီး လုပ်ပြနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

လေလုံးခပ်ထွားထွားနဲ့ ကြွားဝါတတ်ရယ်သူလို့ ပရိသတ်တချို့ကမှတ်ချက်ပြုထားတဲ့ ဇလာတန်ဟာ ဒီလိုအပြောအဆိုတွေကြောင့်ပဲ ပရိသတ်တွေရဲ့ အားပေးမှုကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ အခုတစ်ခါမှာလည်း သူ့ကို ကူးစက်စေခဲ့့တဲ့ ကိိုရိုနာဗိုင်းရပ်စ်ကို နည်းနည်းလေးမှတောင် အမှုမထားခဲ့ဘဲ သူကပဲ ဗိုင်းရပ်စ်ကို ပြန်လည်ပြီးတော့ ကူးစက်နေသယောင်ယောင်လုပ်ကာ အံတုပြနေပြန်ပါပြီ။

Zawgyi

ေအစီမီလန္အသင္းရဲ့ ၀ါရင့္တိုက္စစ္မႉးႀကီးဇလာတန္ဟာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံလိုက္ရၿပီျဖစ္ပါတယ္။ ဒါဟာ နတ္ဘုရားႀကီးလို႔ ကိုယ့္ကိုကိုယ္ေႂကြးေၾကာ္ထားတဲ့ ဇလာတန္အတြက္ေတာ့ ခံျပင္းစရာကိစၥတစ္ခုလည္း ျဖစ္လာခဲ့ပါတယ္။ အျမဲတမ္းလိုလို ထူးျခားဆန္းျပားတဲ့ ေျပာဆိုမႈေတြေၾကာင့္ ပရိသတ္ေတြေစာင့္ၾကည့္ခံေနရတဲ့ ဇလာတန္ဟာ အခုတခါမွာလည္း ကိုရိုနာဗိုင္းရပ္စ္ကို ျပန္လည္ၿပီး စိန္ေခၚသြားခဲ့ပါတယ္။

ဗို္င္းရပ္စ္ကူးစက္ခံရမႈမွာ နာမည္ေက်ာ္ကစားသမားအမ်ားအျပားရွိခဲ့ဖူးၾကပါတယ္။ ဒါေပမယ့္ အဆိုပါကစားသမားအားလုံးဟာ အခ်ိန္တိုအတြင္းမွာပဲ ျပန္လည္ေကာင္းမြန္ခဲ့ၾကၿပီး ကူးစက္ခဲ့ၾကလို႔ ဇလာတန္အတြက္လည္း သိပ္စိုးရိမ္စရာမလိုတဲ့အေနအထားမွာရွိေနပါတယ္။ ဒီအခ်ိန္မွာပဲ ဇလာတန္က သူ႔ရဲ့လူမႈကြန္ရက္ေတြကေန ပရိသတ္ေတြကို ပြဲက်ေအာင္ ဗိုင္းရပ္စ္ကူးခဲ့တဲ့ၾကားက အခုလိုပဲေျပာဆိုသြားခဲ့ပါတယ္။

“မေန႔က စစ္ၾကည့္ေတာ့ ကူးစက္မခံရေသးဘဲ နဂၢတစ္ျဖစ္ေနတယ္၊ ဒီေန႔ေတာ့ ေပါ့စတစ္တဲ့၊ ဘယ္လိုေရာဂါလကၡဏာမ်ိဳးမွ မခံစားရပါဘူး၊ ကိုရိုနာဗိုင္းရပ္စ္က ငါ့ကို စိန္ေခၚရဲတဲ့ သတၱိရွိေနပါလား၊ ဒီေကာင္ အရမ္းမွားသြားၿပီထင္တယ္” လို႔ ဇလာတန္က ေရးသားသြားခဲ့တာပါ။ ဒါဟာ သူ႔ရဲ့ ကစားသမားဘဝမွာ ေျပာင္ေျမာက္တဲ့ ေနာက္ထပ္ေျပာဆိုမႈတစ္ခုကို ဇလာတန္က ထပ္မံၿပီး လုပ္ျပနိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ေလလုံးခပ္ထြားထြားနဲ႔ ႂကြားဝါတတ္ရယ္သူလို႔ ပရိသတ္တခ်ိဳ႕ကမွတ္ခ်က္ျပဳထားတဲ့ ဇလာတန္ဟာ ဒီလိုအေျပာအဆိုေတြေၾကာင့္ပဲ ပရိသတ္ေတြရဲ့ အားေပးမႈကို ရယူနိုင္ခဲ့တာလည္းျဖစ္ပါတယ္။ အခုတစ္ခါမွာလည္း သူ႔ကို ကူးစက္ေစခဲ့့တဲ့ ကိိုရိုနာဗိုင္းရပ္စ္ကို နည္းနည္းေလးမွေတာင္ အမႈမထားခဲ့ဘဲ သူကပဲ ဗိုင္းရပ္စ္ကို ျပန္လည္ၿပီးေတာ့ ကူးစက္ေနသေယာင္ေယာင္လုပ္ကာ အံတုျပေနျပန္ပါၿပီ။

Leave a Reply

Your email address will not be published. Required fields are marked *