အသက်ကြီးလာလေ ပိုပြီးအောင်မြင်လေဖြစ်နေတဲ့ ရော်နယ်ဒိုရဲ့ မှတ်တမ်း

ဝိုင်တစ်ပုလင်းရဲ့အနှစ်သာရက နှစ်ကာလရှညိကြာမှု့ ဖြစ်ပြီး သက်တမ်းရင့်လေ ကောင်းလေဆိုတဲ့အထဲမှာ ဝိုင်တွေက နံပတ် တစ် အဖြစ် ပါဝင်နေပါတယ်။ သက်တမ်းပိုကြာလေ ပိုကောင်းလေ ဆိုတဲ့နေရာမှာ ဝိုင်တွေ ထက် ပိုကောင်းတဲ့ အရာကို ပြပါဆိုရင်တော့ အသက် (၃၅) နှစ်နဲ့ မရပ်တံ့သေးတဲ့သွင်းဂိုးများပိုင်ရှင် ခရစ်တီယာနိုရော်နယ်ဒို ကိုသာ ပြသရပါလိမ့်မယ်။

အသက် (၃၅) ပြည့်မြောက်ခဲ့ပြီး ဖြစ်တဲ့ ရော်နယ်ဒို အနေနဲ့ ကြံခိုင်မှု့နဲ့ တည်ဆောက်ပုံအရ အမြင့်ဆုံးအနေထားမှာ ရပ်တည်နိုင်တာပ မဆန်းပေမယ့် သူ့ရဲ့ သွင်းဂိုးအချိုးက လွန်ခဲ့တဲ့ (၁၀) နှစ်ကထက် ပိုမိုကောင်းမွန်လာတာပတော့ အံအားသင့်ဖို့ကောင်းမွန်လွန်းပါတယ်။ အသက် (၃၀) ပြည့်ပြီးနောက် ရော်နယ်ဒို က သွင်းဂိုးစုစုပေါင်း (၂၇၆) ဂိုး ရရှိခဲ့သလို ယခုနောက်ဆုံး ငါးနှစ် အတွင်းသွင်းယူထားတဲ့ ဂိုးအရေတွက်က ရှေ့ နှစ်ပိုင်း (၅) နှစ်တွေရဲ့ သွင်းဂိုးထက် ပိုမြိများပြားလွန်းနေပါတယ်။

ပေါ်တူဂီအသင်းအတွက်လည်း အသက် (၃၀) မတိုင်ခင် မှာ သွင်းဂိုး (၅၂)ဂိုးအတွက် (၁၁၈)ပွဲ ကစားထားခဲ့ရပေမယ့် (၃၀) ကျော်ပြီးနောက်မှာတော့ (၄၇)ပွဲ မှာ (၄၉)ဂိုးအထိ သွင်းယူခဲ့ပြီး တစ်ပွဲတစ်ဂိုးမက သွင်းယူပေးထားနိုင်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာလည်း ယူဗင်တပ်စ် အတွက် (၃၇)ဂိုးရယူကာ ဆီရီးအေ ဖလား ရယူပေးခဲ့သလို ယူဗင်တပ်စ်သမိုင်းမှာ ဂိုး (၅၀) အမြန်ဆုံးပြည့်တဲ့ ကစားသမားအဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။

ရော်နယ်ဒို ရဲ့ နောက်ထပ်ထူးခြားချက် တစ်ခုက ချန်ပီယံလိဂ် သွင်းဂိုးတွေ နဲ့ အောင်မြင်မှု့တွေပဲ ဖြစ်ပါတယ်။ ရော်နယ်ဒိုက (၂၇) နှစ် အထိ ချန်ပီယံလိဂ် သွင်းဂိုး (၃၁)ဂိုးနဲ့ ဖလား တစ်ကြိမ်သာ ရရှိခဲ့ပေမယ့် ယနေ့ အသက် (၃၅) နှစ်မှာတော့ (၁၂၈)ဂိုးရရှိကာ ဖလား ငါးကြိမ်အထိ ရယူနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ ရော်နယ်ဒို အသက် (၂၇) နှစ် အရွယ် သွင်းဂိုး (၃၁) ဂိုးသာ ရရှိထားချိန်မှာ မက်ဆီက (၂၇) နှစ်မှာပဲ (၆၇)ဂိုး ရရှိခဲ့ပေမယ့် ယနေ့လက်ရှိမှာတော့ ‌မက်ဆီက (၁၁၄) ဂိုးသာ ရရှိထားပြီး ရော်နယ်ဒိုရဲ့ ဖြတ်ကျော်ခြင်းကို ခံထားရတာလည်းဖြစ်ပါတယ်။ကစားသမားတွေအတွက် (၃၀)ကျော်လာရင် နေဝင်ချိန်ဆိုတာက ရော်နယ်ဒိုအတွက်တော့ ဟာသ တစ်ခုထက်မပိုပဲ ပေါ်တူဂီသား က ဇရာကိုအံတုထားနိုင်တဲ့ ရှားပါး ကစားသမား တစ်ယောက်အဖြစ် အချိန်ကြာလေ ပိုကောင်းလေ ဖြစ်လာနေခဲ့ပါတယ်။

Zawgyi

ဝိုင္တစ္ပုလင္းရဲ့အႏွစ္သာရက ႏွစ္ကာလရွညိၾကာမႈ႔ ျဖစ္ၿပီး သက္တမ္းရင့္ေလ ေကာင္းေလဆိုတဲ့အထဲမွာ ဝိုင္ေတြက နံပတ္ တစ္ အျဖစ္ ပါဝင္ေနပါတယ္။ သက္တမ္းပိုၾကာေလ ပိုေကာင္းေလ ဆိုတဲ့ေနရာမွာ ဝိုင္ေတြ ထက္ ပိုေကာင္းတဲ့ အရာကို ျပပါဆိုရင္ေတာ့ အသက္ (၃၅) ႏွစ္နဲ႔ မရပ္တံ့ေသးတဲ့သြင္းဂိုးမ်ားပိုင္ရွင္ ခရစ္တီယာနိုေရာ္နယ္ဒို ကိုသာ ျပသရပါလိမ့္မယ္။

အသက္ (၃၅) ျပည့္ေျမာက္ခဲ့ၿပီး ျဖစ္တဲ့ ေရာ္နယ္ဒို အေနနဲ႔ ႀကံခိုင္မႈ႔နဲ႔ တည္ေဆာက္ပုံအရ အျမင့္ဆုံးအေနထားမွာ ရပ္တည္နိုင္တာပ မဆန္းေပမယ့္ သူ႔ရဲ့ သြင္းဂိုးအခ်ိဳးက လြန္ခဲ့တဲ့ (၁၀) ႏွစ္ကထက္ ပိုမိုေကာင္းမြန္လာတာပေတာ့ အံအားသင့္ဖို႔ေကာင္းမြန္လြန္းပါတယ္။ အသက္ (၃၀) ျပည့္ၿပီးေနာက္ ေရာ္နယ္ဒို က သြင္းဂိုးစုစုေပါင္း (၂၇၆) ဂိုး ရရွိခဲ့သလို ယခုေနာက္ဆုံး ငါးႏွစ္ အတြင္းသြင္းယူထားတဲ့ ဂိုးအေရတြက္က ေရွ႕ ႏွစ္ပိုင္း (၅) ႏွစ္ေတြရဲ့ သြင္းဂိုးထက္ ပိုၿမိမ်ားျပားလြန္းေနပါတယ္။

ေပၚတူဂီအသင္းအတြက္လည္း အသက္ (၃၀) မတိုင္ခင္ မွာ သြင္းဂိုး (၅၂)ဂိုးအတြက္ (၁၁၈)ပြဲ ကစားထားခဲ့ရေပမယ့္ (၃၀) ေက်ာ္ၿပီးေနာက္မွာေတာ့ (၄၇)ပြဲ မွာ (၄၉)ဂိုးအထိ သြင္းယူခဲ့ၿပီး တစ္ပြဲတစ္ဂိုးမက သြင္းယူေပးထားနိုင္ပါတယ္။ ၿပီးခဲ့တဲ့ရာသီမွာလည္း ယူဗင္တပ္စ္ အတြက္ (၃၇)ဂိုးရယူကာ ဆီရီးေအ ဖလား ရယူေပးခဲ့သလို ယူဗင္တပ္စ္သမိုင္းမွာ ဂိုး (၅၀) အျမန္ဆုံးျပည့္တဲ့ ကစားသမားအျဖစ္လည္း စံခ်ိန္တင္နိုင္ခဲ့ပါတယ္။

ေရာ္နယ္ဒို ရဲ့ ေနာက္ထပ္ထူးျခားခ်က္ တစ္ခုက ခ်န္ပီယံလိဂ္ သြင္းဂိုးေတြ နဲ႔ ေအာင္ျမင္မႈ႔ေတြပဲ ျဖစ္ပါတယ္။ ေရာ္နယ္ဒိုက (၂၇) ႏွစ္ အထိ ခ်န္ပီယံလိဂ္ သြင္းဂိုး (၃၁)ဂိုးနဲ႔ ဖလား တစ္ႀကိမ္သာ ရရွိခဲ့ေပမယ့္ ယေန႔ အသက္ (၃၅) ႏွစ္မွာေတာ့ (၁၂၈)ဂိုးရရွိကာ ဖလား ငါးႀကိမ္အထိ ရယူနိုင္ခဲ့ၿပီလည္းျဖစ္ပါတယ္။ ေရာ္နယ္ဒို အသက္ (၂၇) ႏွစ္ အရြယ္ သြင္းဂိုး (၃၁) ဂိုးသာ ရရွိထားခ်ိန္မွာ မက္ဆီက (၂၇) ႏွစ္မွာပဲ (၆၇)ဂိုး ရရွိခဲ့ေပမယ့္ ယေန႔လက္ရွိမွာေတာ့ ‌မက္ဆီက (၁၁၄) ဂိုးသာ ရရွိထားၿပီး ေရာ္နယ္ဒိုရဲ့ ျဖတ္ေက်ာ္ျခင္းကို ခံထားရတာလည္းျဖစ္ပါတယ္။ကစားသမားေတြအတြက္ (၃၀)ေက်ာ္လာရင္ ေနဝင္ခ်ိန္ဆိုတာက ေရာ္နယ္ဒိုအတြက္ေတာ့ ဟာသ တစ္ခုထက္မပိုပဲ ေပၚတူဂီသား က ဇရာကိုအံတုထားနိုင္တဲ့ ရွားပါး ကစားသမား တစ္ေယာက္အျဖစ္ အခ်ိန္ၾကာေလ ပိုေကာင္းေလ ျဖစ္လာေနခဲ့ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *