သတိမမူဂူမမြင်ခဲ့လို့တစ်မှတ်တောင်မရတော့တဲ့ရိုးမားအသင်း

ရိုးမားအသင်းဟာ ပြီးခဲ့တဲ့ အပတ်က ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ အသုံးပြုလို့မရတဲ့ ကစားသမား ကို အသုံးပြုခဲ့တာကြောင့် (၃)ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်တဲ့ ပြစ်ဒဏ်ချမှတ်ခံလိုက်ရပါတယ်။ရိုးမား အသင်းဟာ ဗီရိုနာ အသင်းနဲ့ ကစားခဲ့တဲ့ ဒီပွဲစဉ်မှာ ဂိုးမရှိသရေကျထားခဲ့တာဖြစ်ပါတယ်။

စီးရီးအေ ကတော့ ရိုးမား အသင်းဟာ လိဂ်ပြိုင်ပွဲအတွက် မှတ်ပုံတင်ထားတဲ့ ကစားသမား(၂၅)ဦးစာရင်းမှာ မပါတဲ့ အသက်(၂၂)နှစ်ကျော် ကစားသမားကို ဒီပွဲမှာ အသုံးပြုခဲ့တယ်လို့ကြေညာထားတာဖြစ်ပါတယ်။ဂီနီကွင်းလယ်ကစားသမား ဒီယာဝါရာ ဟာ ဇူလိုင်လမှာ အသက်(၂၃)နှစ်ပြည့်မှာဖြစ်ပေမယ့် ရိုးမား အသင်းက မှားယွင်းပြီး အခုနှစ်ရာသီ အသက်(၂၂)နှစ်အောက်လူစာရင်းမှာ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

စီးရီးအေ ပြိုင်ပွဲမှာ အသက်(၂၂)နှစ်အောက် ကစားသမားတွေကို ကစားသမား(၂၅)ဦးစာရင်းမှာထည့်သွင်းမတွက်တာကြောင့် ရိုးမားအသင်းလူစာရင်းမှာ ကစားသမားတစ်ဦးအပိုပါဝင်နေသလိုဖြစ်နေခဲ့တာပါ။ဒီပွဲဟာ ဂိုးမရှိသရေကျခဲ့ပေမယ့် အပြစ်ပေးအရေးယူခံရတာကြောင့် ရိုးမား အသင်းဟာ ရမှတ်မရရှိတော့တာဖြစ်ပါတယ်။

ရိုးမား အသင်းကတော့ ဒီပြစ်ဒဏ်ကို အယူခံဝင်မှာဖြစ်တယ်လို့ Sky Sports Italia သတင်းက ဆိုပါတယ်။ရိုးမား အသင်းကတော့ သူတို့ဘက်က အမှားလုပ်ခဲ့တာကို ဝန်ခံခဲ့ပေမယ့် အသင်းလူစာရင်းတင်ချိန်မှာ ဒီယာဝါရာ ရဲ့အသက်နဲ့ပတ်သက်ပြီး မှားယွင်းနေတာကို အချက်ပေးသင့်တယ်လို့ဆိုခဲ့တာဖြစ်ပါတယ်။ရိုးမား အသင်းဟာ အခုတစ်ပတ်မှာတော့ စီးရီးအေချန်ပီယံ ဂျုဗင်တပ်စ် အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Zawgyi

ရိုးမားအသင္းဟာ ၿပီးခဲ့တဲ့ အပတ္က ကစားခဲ့တဲ့ စီးရီးေအ ပြဲစဥ္မွာ အသုံးျပဳလို႔မရတဲ့ ကစားသမား ကို အသုံးျပဳခဲ့တာေၾကာင့္ (၃)ဂိုး-ဂိုးမရွိနဲ႔ အေရးနိမ့္တဲ့ ျပစ္ဒဏ္ခ်မွတ္ခံလိုက္ရပါတယ္။ရိုးမား အသင္းဟာ ဗီရိုနာ အသင္းနဲ႔ ကစားခဲ့တဲ့ ဒီပြဲစဥ္မွာ ဂိုးမရွိသေရက်ထားခဲ့တာျဖစ္ပါတယ္။

စီးရီးေအ ကေတာ့ ရိုးမား အသင္းဟာ လိဂ္ၿပိဳင္ပြဲအတြက္ မွတ္ပုံတင္ထားတဲ့ ကစားသမား (၂၅)ဦးစာရင္းမွာ မပါတဲ့ အသက္(၂၂)ႏွစ္ေက်ာ္ ကစားသမားကို ဒီပြဲမွာ အသုံးျပဳခဲ့တယ္လို႔ေၾကညာထားတာျဖစ္ပါတယ္။ဂီနီကြင္းလယ္ကစားသမား ဒီယာဝါရာ ဟာ ဇူလိုင္လမွာ အသက္(၂၃)ႏွစ္ျပည့္မွာျဖစ္ေပမယ့္ ရိုးမား အသင္းက မွားယြင္းၿပီး အခုႏွစ္ရာသီ အသက္(၂၂)ႏွစ္ေအာက္လူစာရင္းမွာ ထည့္သြင္းခဲ့တာျဖစ္ပါတယ္။

စီးရီးေအ ၿပိဳင္ပြဲမွာ အသက္(၂၂)ႏွစ္ေအာက္ ကစားသမားေတြကို ကစားသမား(၂၅)ဦးစာရင္းမွာထည့္သြင္း႔မတြက္တာေၾကာင့္ ရိုးမားအသင္းလူစာရင္းမွာ ကစားသမားတစ္ဦးအပိုပါဝင္ေနသလိုျဖစ္ေနခဲ့တာပါ။ဒီပြဲဟာ ဂိုးမရွိသေရက်ခဲ့ေပမယ့္ အျပစ္ေပးအေရးယူခံရတာေၾကာင့္ ရိုးမား အသင္းဟာ ရမွတ္မရရွိေတာ့တာျဖစ္ပါတယ္။

ရိုးမား အသင္းကေတာ့ ဒီျပစ္ဒဏ္ကို အယူခံဝင္မွာျဖစ္တယ္လို႔ Sky Sports Italia သတင္းက ဆိုပါတယ္။ရိုးမား အသင္းကေတာ့ သူတို႔ဘက္က အမွားလုပ္ခဲ့တာကို ဝန္ခံခဲ့ေပမယ့္ အသင္းလူစာရင္းတင္ခ်ိန္မွာ ဒီယာဝါရာ ရဲ့အသက္နဲ႔ပတ္သက္ၿပီး မွားယြင္းေနတာကို အခ်က္ေပးသင့္တယ္လို႔ဆိုခဲ့တာျဖစ္ပါတယ္။ရိုးမား အသင္းဟာ အခုတစ္ပတ္မွာေတာ့ စီးရီးေအခ်န္ပီယံ ဂ်ဳဗင္တပ္စ္ အသင္းကို အိမ္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *