သူရဲကောင်းတစ်ယောက်ရဲ့ အိမ်အပြန်လမ်း (သို့) ဗီဒယ်နဲ့ အီတလီ

ကမ္ဘာတစ်လွှား နေရာဒေသမျိုးစုံကို သွားရောက် တိုက်ခိုက်နေကြတဲ့ စစ်သူရဲတိုင်းမှာ အိမ်မက်တစ်ခုသာရှိမယ်ဆိုရင် အိမ်မှာပြန်ပြီးခေါင်းချနိုင်ဖို့က သာ အဓိက ကျတဲ့ ဘုံ ရည်မှန်းချက်ဖြစ်ပါလိမ့်မယ်။ အိမ်နဲ့ဝေးရာမှာ ကာလရှည်ကြာ နေထိုင်နေရပြီး အောင်မြင်မှု့တွေ ရနေလည်း အချိန်တန်ရင်တော့ အိမ်ကိုပဲ ပြန်ချင်ကြတာကလူ့သဘာဝပါပဲ။

အီတလီကို စွန့်ခွာခဲ့ပြီးနောက် ငါးနှစ်ကျော် ဥရောပတစ်ဝိုက်မှာ ကျင်လည်ကြက်စားခဲ့တဲ့ အာတူရိုဗီဒယ် အတွက်လည်း ‌အောင်မြင်မှု့တွေ ရဲ့ ညည်းငွေ့စရာ အငွေ့အသက်တွေကို ရှိုက်ထုတ်ရင်း နွေးထွေးတဲ့ ညနေခင်းတစ်ခုကို ငတ်မွတ်တောင်းတ နေတာကသိပ်တော့ မဆန်း။

ယူဗင်တပ်စ် မှာ လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့တဲ့ သူ့ကို ဥရောပအသင်းကြီးတွေအပြိုင်ကမ်းလှမ်းခဲ့ကြသလို ဂျာမဏီ နဲ့ စပိန် မှာ အမြင့်ဆုံး အောင်မြင်မှု့ တွေရယူပြီး အီတလီကို ပြန်ဝင်လာတဲ့ ဗီဒယ် က ‌စစ် အောင်နိုင်ခဲ့တဲ့ သူရဲကောင်း ရဲ့ဘအိမ်အပြန်ခရီး လို့ ဆိုရင်မမှားပါဘူး။

ဘိုင်ယန်မြူးနစ်၊ဘာစီလိုနာ တို့မှာ ကစားခဲ့ပြီး အမြင့်ဆုံးအောင်မြင်မှု့တွေရရှိခဲ့ပေမယ့် ယနေ့မှာတော့ ဗီဒယ် က သူ့ရဲ့ဒုတိယ‌မိခင် မြေလို့ဆိုရမယ့် အီတလီ မြေကိုပြန်လည်ချေချခဲ့ပါပြီ။ ဒီတစ်ကြိမ်တော့ ချီလီသား က တူရင် မှာ ခြေမချတာ့ပဲ အီတလီရဲ့ နှလုံးသားဖြစ်တဲ့မီလန် မှာ အခြေချပြီး အပြာရောင် မီလန်အသားအဖြစ် ခံယူခဲ့ပါတယ်။

ဗီဒယ်က “ဒီနေ့မှာတော့ ဘာစီလိုနာ မှာရှိတဲ့ ဒီဘက်နှစ်တွေအတွင်း အတူဖြတ်ကျော်ခဲ့ကြတဲ့သူအားလုံးကို ကျေးဇုးတင်ရှိကြောင်းပြောဆိုလိုပါတယ်။ကျနာ့်ရဲ့မိသားစု၊အသင်းဖော်၊နည်းပြ၊ဆရာဝန် ပြီးတော့ အံအားသင့်စရာကောင်းအောင် အားပေးခဲ့ကြတဲ့ ပရိတ်သတ်အားလုံးကိုပါ ကျေးဇူးအထူးတင်ရှိတယ်လို့ပြေဆိုလိုပါတယ်။

ဒီနေ့ ကျနာ့်ဘဝရဲ့ နေ့သစ်ကို စတင်လိုက်ပြီဖြစ်ပေမယ့် ဘာစီလိုနာကအဖြစ်ပျက်တိုင်းကနှလုံးသားထဲမှာ အမြဲကျန်ရစ်နေပါလိမ့်မယ်။တစ်နေ့တော့ပြန်ပြီးတွေ့ကြမှာပါ ဘာစီလိုနာရေ” လို့နှုတ်ခွန်းဆက်ခဲ့ပါတယ်။

တစ်ချိန်က ကွင်းလယ် ခံစစ်သမားဆိုရင် ဂတ်တူဆို ပြီးနောက် အီတဘီမြေ မှာ ဗီဒယ် နဲ့ နိုင်ဂိုလန် နှစ်ယောက်က အကောင်းဆုံးဘကစားသမားတွေလို့ဆိုရလောက်အောင် ခြေစွမ်းပြခဲ့သူတွေဖြစ်ပါတယ်။

အကြောက်အရွ့မရှိ ခက်ကြမ်းကြမ်းဖြတ်ထုတ်ပုံတွေကို ပညာသားပြည့်ဝတဲ့ ဘောလုံးအရည်အချင်းနဲ့ပေါင်းစပ်ထားတဲ့ ဒီနှစ်ယောက်က အီတလီ မြေမှာ ထင်တိုင်းကြဲ စစ်သူကြီး တွေ ဖြစ်ခဲ့ကြပါသေးတယ်။

နိုင်ဂိုလန်ကတော့ မိသားစု အရေးကြောင့် အကောင်းဆုံးအရွယ်မှာပဲ အောင်မြင်မှု့နဲ့ ငွေနောက် မလိုက်ပဲ မိသားစုကိုသာ ကြည့်ရှု့စောင့်ရှောက်ဖို့ ရွေးချယ်ခဲ့သလို အောင်မြင်မှု့ရှာဖွေဖို့ အဝေးကိုထွက်သွားတဲ့ ဗီဒယ် ကလည်း ယခုအချိန်မှာတော့ သူ့အတွက်နွေးထွေးတဲ့ အိမ်ကို ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။

တိုက်ရဲ၊ခိုက်ရဲ တဲ့ စစ်သူရဲကြီးတွေ ဖြစ်ပေမယ့် ဇရာကစကားပြောလာချိန်မှာတော့ မိသားစုရှိတဲ့ အိမ်ကသာ နွေးထွေးတဲ့နားခိုရာ အဖြစ် သဘောပေါက်ခဲ့ကြသလို အီတလီဟာ တစ်ချိန်က ငယ်သွေးကြွနေတဲ့ စစ်သူရဲတွေကို အောင်န်ိုင်သူ‌တွေအဖြစ် ပြန်လည်လက်ခံကြိုဆို ခဲ့ပြီလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *