ပီယာလို၊စီရော်နယ်ဒိုတို့နဲ့ပြန်လက်တွဲချင်လို့တူရင်ကိုအပြေးအလွှားရောက်လာတဲ့တိုက်စစ်မှုး

အသလက်တီကို အသင်းတိုက်စစ်မှုး မိုရာတာ ဟာ ဂျုဗင်တပ်စ် အသင်းကို ပြန်လည်ပြောင်းရွှေ့ဖို့အတွက် တူရင်ကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။မိုရာတာ ဟာ ဂျုဗင်တပ်စ် အသင်းမှာ (၂၀၁၄)ကနေ (၂၀၁၆) အထိ(၂)ရာသီကြာကစားခဲ့ပြီး အောင်မြင်မှုတွေရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။မိုရတာဟာ စီးရီးအေချန်ပီယံအသင်းကို ကနဦးအငှားစာချုပ်ချုပ်ပြီး ပြောင်းရွှေ့မှာပါ။

ဂျုဗင်တပ်စ် အသင်းဟာ မိုရာတာ အတွက် အသလက်တီကို အသင်းကို အငှားစာချုပ်ချုပ်ဆိုဖို့ပေါင်(၈)သန်းပေးရမှာဖြစ်ပြီး အပြီးခေါ်ယူဖို့အတွက်ကတော့ ပေါင် (၄၁)သန်းပေးရမှာဖြစ်တယ်လို့ဂိုးလ်ကွန်း က ဆိုပါတယ်။ဂျုဗင်တပ်စ် အသင်းဟာ ဆွာရက်စ် နဲ့ ဂျက်ကို တို့ကိုလည်း ခေါ်ယူဖို့ချိတ်ဆက်မှုတွေရှိခဲ့ပေမယ့် နောက်ဆုံးမှာတော့ မိုရာတာ ကို ခေါ်ယူပြီး တိုက်စစ်မှုးရှာပုံတော်ကို အဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။

ဂျုဗင်တပ်စ် အသင်းနည်းပြ ပီယာလို ကတော့ သူနဲ့အတွဲညီခဲ့တဲ့ အသင်းဖော်ဟောင်း ကို ပြန်လည်ခေါ်ယူပြီး သူရဲ့ကစားကွက်နဲ့ အံဝင်အောင်အသုံးပြုတော့မှာလည်းဖြစ်ပါတယ်။မိုရာတာ ဟာ ဂျုဗင်တပ်စ်အသင်းမှာ ကစားခဲ့တုန်းက တီဗက်စ် နဲ့ တိုက်စစ်ပိုင်းမှာ အတွဲညီခဲ့တာဖြစ်ပြီး (၉၃)ပွဲမှာ (၂၇)ဂိုးသွင်းယူနိုင်ခဲ့တာပါ။(၂၀၁၆)မှာတော့ ရီးရယ်လ်အသင်းက ပြန်လည်ခေါ်ယူခဲ့ပေမယ့် နောက်ပိုင်းမှာ ကစားသမား ဟာ ချယ်လ်ဆီး နဲ့ အသလက်တီကို အသင်းတွေကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

မိုရာတာ ဟာ ဆီမြွန်နီလက်အောက်မှာ (၂)ရာသီကြာ ကစားခဲ့ပြီး (၆၁)ပွဲမှာ (၂၂)ဂိုးသွင်းယူနိုင်ခဲ့တာပါ။သတင်းတွေအရ အသလက်တီကို အသင်းဟာ မိုရာတာ ရဲ့နေရာမှာ ဘာစီလိုနာ အသင်းကနေ ထွက်ခွာတော့မယ့် ဆွာရက်စ် ကို အစားထိုးခေါ်ယူမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။

Zawgyi

အသလက္တီကို အသင္းတိုက္စစ္မႈး မိုရာတာ ဟာ ဂ်ဳဗင္တပ္စ္ အသင္းကို ျပန္လည္ေျပာင္းေရႊ႕ဖို႔အတြက္ တူရင္ကိုေရာက္ရွိလာခဲ့ၿပီျဖစ္ပါတယ္။မိုရာတာ ဟာ ဂ်ဳဗင္တပ္စ္ အသင္းမွာ (၂၀၁၄)ကေန (၂၀၁၆) အထိ(၂)ရာသီၾကာကစားခဲ့ၿပီး ေအာင္ျမင္မႈေတြရယူနိုင္ခဲ့တာလည္းျဖစ္ပါတယ္။မိုရတာဟာ စီးရီးေအခ်န္ပီယံအသင္းကို ကနဦးအငွားစာခ်ဳပ္ခ်ဳပ္ၿပီး ေျပာင္းေရႊ႕မွာပါ။

ဂ်ဳဗင္တပ္စ္ အသင္းဟာ မိုရာတာ အတြက္ အသလက္တီကို အသင္းကို အငွားစာခ်ဳပ္ခ်ဳပ္ဆိုဖို႔ေပါင္(၈)သန္းေပးရမွာျဖစ္ၿပီး အၿပီးေခၚယူဖို႔အတြက္ကေတာ့ ေပါင္ (၄၁)သန္းေပးရမွာျဖစ္တယ္လို႔ဂိုးလ္ကြန္း က ဆိုပါတယ္။ဂ်ဳဗင္တပ္စ္ အသင္းဟာ ဆြာရက္စ္ နဲ႔ ဂ်က္ကို တို႔ကိုလည္း ေခၚယူဖို႔ခ်ိတ္ဆက္မႈေတြရွိခဲ့ေပမယ့္ ေနာက္ဆုံးမွာေတာ့ မိုရာတာ ကို ေခၚယူၿပီး တိုက္စစ္မႈးရွာပုံေတာ္ကို အဆုံးသတ္လိုက္ၿပီျဖစ္ပါတယ္။

ဂ်ဳဗင္တပ္စ္ အသင္းနည္းၿပ ပီယာလို ကေတာ့ သူနဲ႔အတြဲညီခဲ့တဲ့ အသင္းေဖာ္ေဟာင္း ကို ျပန္လည္ေခၚယူၿပီး သူရဲ့ကစားကြက္နဲ႔ အံဝင္ေအာင္အသုံးျပဳေတာ့မွာလည္းျဖစ္ပါတယ္။မိုရာတာ ဟာ ဂ်ဳဗင္တပ္စ္အသင္းမွာ ကစားခဲ့တုန္းက တီဗက္စ္ နဲ႔ တိုက္စစ္ပိုင္းမွာ အတြဲညီခဲ့တာျဖစ္ၿပီး (၉၃)ပြဲမွာ (၂၇)ဂိုးသြင္းယူနိုင္ခဲ့တာပါ။(၂၀၁၆)မွာေတာ့ ရီးရယ္လ္အသင္းက ျပန္လည္ေခၚယူခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ကစားသမား ဟာ ခ်ယ္လ္ဆီး နဲ႔ အသလက္တီကို အသင္းေတြကို ေရာက္ရွိခဲ့တာျဖစ္ပါတယ္။

မိုရာတာ ဟာ ဆီႁမြန္နီလက္ေအာက္မွာ (၂)ရာသီၾကာ ကစားခဲ့ၿပီး (၆၁)ပြဲမွာ (၂၂)ဂိုးသြင္းယူနိုင္ခဲ့တာပါ။သတင္းေတြအရ အသလက္တီကို အသင္းဟာ မိုရာတာ ရဲ့ေနရာမွာ ဘာစီလိုနာ အသင္းကေန ထြက္ခြာေတာ့မယ့္ ဆြာရက္စ္ ကို အစားထိုးေခၚယူမွာျဖစ္တယ္လို႔ေဖာ္ျပထားပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *