ဖခင်ဖြစ်သူထက်တောင် ခြေစွမ်းထက်ပြနေတဲ့ ဂျူနီယာရော်နယ်ဒို

ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူးခရစ္စတီယာနိုရော်နယ်ဒိုရဲ့ သားဖြစ်သူ ဂျူနီယာရော်နယ်ဒိုဟာ ဂျူဗင်တပ်စ် ယူ-၉ အသင်းမှာ တော်တော်လေးခြေစွမ်းပြနေတယ်လို့ သိရပါတယ်။ ဂျူနီယာရဲ့ ခြေစွမ်းပြနေမှုက ဖခင်ဖြစ်သူထက်တောင်မှ ပိုမိုပြီးကျော်ကြားဥိးမယ့် လက္ခဏာတွေမှာ ရှိနေတယ်လို့ သတင်းဌာနတွေကလည်း ညွှန်းဆိုနေကြပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းမှာ စီရော်နယ်ဒိုကစားခဲ့စဉ်က ဂျူနီယာရော်နယ်ဒိုကလည်း ရီးရဲလ်လူငယ်အသင်းမှာ ကစားခဲ့ပါတယ်။ အဲဒီနောက် ဖခင်ဖြစ်သူ အသင်းပြောင်းရွှေ့ခဲ့တဲ့နောက်မှာ သူလည်း အသင်းပြောင်းခဲ့ရပြီး ဂျူဗင်တပ်စ်လူငယ်အသင်းတွေမှာ ကစားခဲ့ပြီး ထူးထူးခြားခြားဆိုသလိုကို ခြေစွမ်းပြသနေခဲ့တာလည်းဖြစ်ပါတယ်။

ဂျူနီယာရော်နယ်ဒိုဟာ ဂျူဗင်တပ်စ် ယူ-၉ အတွက် စုစုပေါင်း ၂၃ပွဲကစားပြီးချိန်မှာပဲ ၅၈ ဂိုးအထိရရှိထားခဲ့ကာ ၁၇ ကြိမ်ဖန်တီးပေးထားခဲ့ပါတယ်။ ဒါဟာ တစ်ပွဲကို ၂ဂိုးကျော်နှုန်းသွင်းယူထားနိုင်ခဲ့တာဖြစ်ပြီးတော့ တစ်ပွဲကိုလည်း တစ်ကြိမ်နီးပါး ဖန်တီးပေးထားခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်လူငယ်အသင်းမှာရော၊ အခြားသောလူငယ်အသင်းတွေမှာပါ သူ့ထက်ပိုပြီးစွမ်းဆောင်နိုင်တဲ့သူ မရှိဘူးလို့ သိရပါတယ်။

ဒါဟာ ဖခင်ဖြစ်သူကိုယ်တိုုင်က သူ့ကိုအနီးကပ်သင်ကြားမှုတွေ ပြုလုပ်ပေးခဲ့တဲ့ အကျိုးကျေးဇူးလည်း ပါဝင်နေခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ အားလပ်ချိန်တွေမှာ ဂျူနီယာရော်နယ်ဒိုနဲ့ ဘောလုံးကစားလေ့ရှိပြီး အလွတ်တည်ကန်ဘောတွေ ကန်သွင်းယူပုံကိုလည်း သင်ကြားပေးလေ့ရှိတယ်လို့ သိရကာ သူ့ရဲ့သားဖြစ်သူက တခြားသောကလေးတွေထက် ခေါင်းတစ်လုံးပိုသာနေခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *