ပျော်ရာပျံခွင့်မရခဲ့တဲ့ ငှက်ငယ်တစ်ကောင်လို လှောင်ပိတ်ခံခဲ့ရတဲ့ ဘယ်ခြေပိုင်ရှင်နတ်ဘုရား

၂၀၂၀ ဟာ ကမ္ဘာကြီးကို ခြောက်ခြားစရာ အိမ်မက်တွေသယ်ဆောင်လာခဲ့ပြီး ကိုဗစ် ဆိုတဲ့ဗိုင်းရက်စ်က ထိပ်ဆုံးကဘဦးဆောင်လာချိန် တစ်လထက်တစ်လပိုဆိုးလာတဲ့အခက်ခဲတွေကြား ဘောလူံလောက အတွက် တစ်သက်လုံးမဖြစ်တော့ဘူးထင်ခဲ့တဲ့အခြေအနေတွေကလည်း ဆက်တိုက်ဖြစ်ပေါ်လာပါတယ်။ ပရိတ်သတ်မရှိတဲ့ ဘောလုံးကွင်းတွေဟာ တစပြင် လို ခြောက်သွေ့နေသလို အားပေးသံမရှိတဲ့ ဘောလုံးပွဲတွေက ဧယဉ်ကျူးမယ့်သူမရှိတဲ့ အသုဘဝိုင်းတစ်ခုလို ခြောက်ကပ်စုတ်ပြတ်လို့။

တစ်ချိန်ထဲမှာ မက်ဆီ ရဲ့ ဘာစီလိုနာ ကနေ ထွက်ခွာမယ့်သတင်းထွက်လာချိန်မှာတော့ ကတ်တလန် မှာ ပေါက်ကွဲစပြုချင်နေတဲ့ ချိန်ကိုက်မိုင်းကြီး စနက်တံပြုတ်သွားလို့ နူးကမ့်ရှေ့မှာ ဆန္ဒပြသူတွေပါစုဝေးလာခဲ့ပါတယ်။ ညတွင်းချင်း အစည်းဝေးတွေပြုလုပ်ခဲ့ပြီးနောက် ဘာတိုမြူ နဲ့ မက်ဆီ ကြားက ပြသနာတွေကပိုမိုကြီးထွားလာသလို ကမ္ဘာကြီးဟာတစ်ကြိမ်မှ မမြင်ဖူး၊မကြားဖူးတဲ့ သတင်းတွေအောက်မှာ ဆုံးဆုံးမြုပ်စပြုလာပါပြီ။

လာမာစီယာ က ထွက်လာပြီး ဘောလုံးကမ္ဘာတစ်ခုလုံးကိုမြေလှန်ပြစ်ခဲ့တဲ့ ဘယ်ခြေထောက်ပိုင်ရှင်၊ ကမ္ဘာ့စံချိန်အားလုံးကိုရိုက်ချိူပစ်ခဲ့တဲ့ လူကောင်ခပ်သေးသေးနဲ့ ကစားသမား၊ အာဂျင်တီးနားမှာမွေး ကတ်တလန်မှာကြီးပြီး နူးကမ့်မှာ အရိုးမြေချမယ်ထင်ခဲ့ရတဲ့ လီယွန်နီ မက်ဆီ ကို နှုတ်ဆက်ပွဲလုပ်ရတော့မယ် ထင်ခဲ့ချိန်မှာပဲ ဘာစီလိုနာနဲ့ လာလီဂါ အဖွဲ့စည်းတွေက ဂုဏ်သိက္ခာကိုငွေနဲ့ရင်းပြီး မက်ဆီအပေါ် လေးစားမှု့မရှိတဲ့ အပြုမူနဲ့အတူ စာချုပ်ပါအချက်လက်အရ မဖြစ်မနေဆက်ဖို့သာဖိအားပေးခဲ့ပါတယ်။ Jemez က “စပိန်ဘောလုံးလောက အတွက်တော့ မက်ဆီ ဆက်ရှိနေတာကကောင်းပါတယ်။ ဒါပေမယ့်လည်း မက်ဆီအတွက်တော့ ဒီအခြေအနေကပျော်စရာမဟုတ်တာသေချာပါတယ်။

သူ့အတွက်လက်ရှိအခြေအနေက သပ်တောင့်သက်သာမဖြစ်စေဘူးလေ။မက်ဆီဆက်နေရတဲ့အဓိကအချက်ကတော့ သူတို့ဖက်ကဖိအားပေးခဲ့လိုပါပဲ။မက်ဆီ ပြောတာသာအမှန်ဆိုရင် သူက ဘာစီလိုနာ အပေါ်ယုံကြည်မှု့ပျောက်ဆုံးသွားခဲ့သလို စိတ်ပျက်မှု့တွေပဲ ရရှိခဲ့တာသေချာပါတယ်။ကျနော်သာ ဘာဆာ ဥက္ကဌ ဆို ရင် သူထွက်ခွာဖို့ဘာမဆိုပြင်ဆင်ပေးခဲ့မှာပါ။ဒီအခြေနေမှာ သူ့အပေါ်လေးစားမှု့ပြသင့်တယ်မဟုတ်လား” လို့ဆိုပါတယ်။ ဘာစီလိုနာ အသင်းက မက်ဆီကို ထွက်ခွာမယ်ဆိုရင်ဘယူရိုသန်း(၇၀၀) ပြောင်းရွှေ့ကြေးပေးချေမှသာ ထွက်လို့ရမယ်လို့အကြောင်းကြားခဲ့လို့ စာချုပ်ပါအချက်က မက်ဆီက ဘာစီလိုနာ မှာ တစ်ရာသီဆကိရှိနေမှာဖြစ်ပြီး ‌စာချုပ်ကုန်ဆုံးမယ့်နောက် ရာသီကတော့ မက်ဆီတစ်ယောက် ပျော်ရာကို လွတ်လပ်စွာပျံသန်းနိုင်တော့မှာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *