ရာသီအသစ်နဲ့အတူ နဗီးလ်-ကာရေဂါ စကားစစ်ထိုးပွဲအသစ်

ယူနိုက်တဒ် အနေနဲ့ လာမယ့်ရာသီမှာ ဘယ်အဆင့်ရပ်တည်ရမလည်း ဆိုတာနဲ့ ပက်သက်ပြီး ဂယ်ရီနဗီးလ် နဲ့ ကာရေဂါကြားမှာ အငြင်းခုန်တွေဖြစ်ပေါ်ခဲ့ပါတယ်။ ယူနိုက်တဒ် နဲ့ လီဗာပူးလ် ဂန္နဝင်ဘကစားသမားတွေ ဖြစ်တာနဲ့အညီ နဗီးလ် နဲ့ ကာရေဂါ က ကွင်းတွင်းကမကျေလည်မှု့တွေကို ကွင်းပြင်ပ ရုပ်သံအသီစဉ်တွေထိ သယ်ဆောင်လာခဲ့ပြီး ကိုယ့်အသင်းကိုယ် ကာကွယ်နေကြသူတွေလည်းဖြစ်ပါတယ်။

အသင်းခေါင်းဆောင်ဟောင်းတွေ ဖြစ်တာနဲ့အညီ ကိုယ့်အသင်းပေါ် သေးသေးတင် မခံတတ်တဲ့ ကစားသမားတွေဖြစ်တာကြောင့် မကြာခဏ ဆိူသလို အငြင်းခုန်ဖြစ်ရလေ့ရှိပြီး ယခြတစ်ကြိမ်မှာလည်း နဗီးလ် နဲ့ ကာရေဂါ တို့အတော်လေး အကြေလည် ဆွေးနွေးခဲ့ကြပါသေးတယ်။

ကာရေဂါက”ကျနာ့်အထင် မန်စီးတီးကသာ ယူနိုက်တ‌ဒ်ထက်စာရင် လီဗာပူးလ် ကို ဖိအားပေးနိုင်ပါလိမ့်မယ်။လီဗာပူးလ်က ဖလားကာကွယ်ဖို့ဆက်လက်ချီတက်သွားမှာပဲ ဖြစ်ပေမယ့် ယူနိုက်တဒ်ကတော့ ဖိအားပေးနိုင်ဖို့တော့အနည်းငယ် နီးစပ်လာပါတယ်။ဘရူနိုဖာနန်ဒက်စ် ကို ခေါ်ယူလိုက်တာက သူတို့အတွက် အဓိက ကျခဲ့ပြီး ပေါ်တူဂီသားက ဒုတိယရာသီဝက်တစ်ခုလုံးကိုပြောင်းပြန်လှန်ခဲ့တယ်မဟုတ်လား။သူ့ကိုရာသီအပြည့် ကစားနေတာမျိုး ကျနော်မြင်ချင်တာအသေချာပါပဲ။ဒါပေမယ့်လည်း ချဲလ်ဆီးရော ယူနိုက်တဒ်ရောကဘရမှတ် (၉၀+)နဲ့ ဖလားရဖို့ကို ကျတော်မမြင်မိပါဘူး။သူတို့နှစ်သင်းက မန်စီးတီး နဲ့ လီဗာပူးလ်ကြားက တိုက်ပွဲကိုပိုပြီးစိတ်ဝင်စားအောင် လုပ်ပြနိုင်တဲ့အနေထားမှာပဲဘရှိပါသေးတယ်” လို့ ပြောဆိုလိုက်တာပါ။

ဂယ်ရီနဗီးလ်ကတော့”အိုလေကအခုအချိန်မှာ ဖလားစိန်ခေါ်နိုင်တဲ့အနေထားမရှိသေးပေမယ့် သူက အသင်းကို အဆင့် ၃ အထိဆွဲတင်ပေးခဲ့တယ်မဟုတ်လား။ခရတ်စ်မတ်စ်ကာလ တုံးကဘသူတို့ကိုကြည့်မယ်ဆိုရင် ရာသီသိမ်းအခြေအနေအရ သူတို့တကယ်ကို ပြန်လာခဲ့တာပါ။အဲ့ဒီအချိန်တုံးကဆို အိုလေက ဖိအားတွေအောက် ‌ရောက်နေခဲ့ရတာလေ။ရာသီသိမ်းမှာ အရာရာကပြောင်းလဲသွားပြီး အဆင့်သုံးနဲ့ဇာတ်သိမ်းခဲ့တာကအိုလေအပေါ်လေးစားမှု့ရှိဖို့တော့လိုပါလိမ့်မယ်။ပြီးခဲ့တဲ့ရာသီအတွက်မဟုတ်ပဲ ရှေ့ နှစ်တွေအတွက်ပါဆိုရင် ဂျာဂျင်ကလောပ့်က သိပ်ကောင်းတဲ့နည်းပြတစ်ဦးပါ။ရှေ့လေးနှစ်လောက်အတွင်းမှာပဲ သူကအသင်းကိုပြန်ပြီးတည်ဆောက်နိုင်ခဲ့တယ်မဟုတ်လား။ ဒီအသင်းကိုပဲ ပရီးမီးယားလိဂ်၊ချန်ပီယံလိဂ် တွေရရှိအောင် သူစွမ်းဆောင်ခဲ့တာက တကယ့်အံ့မခန်းပါပဲ” လို့ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *