ဂါရတ်ဘေးလ်နဲ့ ပတ်သက်ပြီး မော်ရင်ဟို တရားဝင်ထုတ်ပြောလိုက်ပြီ

ယူနိုက်တဒ် အနေနဲ့ တစ်ချိန်က မိုရက်စ် လက်အောက်မှာ ဂါရတ်ဘေးလ် ကိုခေါ်ယူဖို့ ပေါင်သန်း 130 နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ် ကိုသာ ရွေးချယ်ခဲ့တဲ့ ဝေးလ်နယ်သားအတွက် မက်ဒရစ် ‌မြေ ရဲ့အချိန်တွေက လက်ရှိမှာ သုသာန်ပြင်လိုခြောက်ကပ်နေချိန်မှာ အဒ်ဝုဒ်ဝဒ် က အပြောင်းရွှေ့ညှိနှိုင်းရေး တစ်စိတ်တစ်ဒေသအနေနဲ့ ဘေးလ်ကိုထည့်သွင်းလာချိန်မှာ ဟိုဆေးကလည်းအားကျမခံ ဖြတ်ခုတ်ဖို့ကြံစည်လာပါတယ်။

မော်ရင်ဟိုက” ကျနော်ရီးရဲလ်မှာရှိစဉ်က ဘေးလ်ကို ခေါ်ယူချင်ခဲ့တာအမှန်တကယ်ပါပဲ။ဒါပေမယ့် အဲ့ဒီအချိန်ကမဖြစ်လာပဲ ကျနော်မရှိတဲ့အချိန်မှာတော့ သူရောက်လာတယ်လေ။ ဒီကိစ္စကိုသူလည်းသိပြီးသားပါ။လက်ရှိအခြေအနေနဲ့ပကိသက်ပြီးတော့ကျနော်မှတ်ချက်မမပေးလိုပါဘူး”လို့ဆိုပါတယ်။ ဘေးလ်ရဲ့ စပိန်မြေက အချိန်တွေက ခြားရဟတ်တစ်စီးဆို လက်ရှိအချိန်က အောက်ကို ရောက်လို့ စင် ပါ ဖြုတ်ရမယ့် အနေထားဖြစ်ပါပြီ။ ရီးရဲလ်ရဲ့ လူကြီးလူကောင်းမဆန်တဲ့ လုပ်ရပ်တွေကြောင့် ဘောလုံးမကန်ပဲ လစာယူနေသလို အသင်းကလည်း လစာပေးပြီး ‌ကွင်းထဲပေးမဝင် တဲ့အနေထားမှာ နိုင်ငံအသင်းကလွဲရင် ဂါရတ်ဘေးလ် တစ်ယောက် ဘောလုံး သေချာမကန်ဖြစ်တာ နှစ်ရာသီနီးပါးအထိရှိနေပါပြီ။

ဘောလုံးသမားတစ်ယောက်အတွက် တစ်ရာသီ အပြည့်မကန်ရရင်တောင် ကြံခိုင်မှု့ပြသနာက အတော်လေးကြီးမားနိုင်ချိန်မှာ ဂေါဖ့် ပတ်ရိုက်နေပြီး နှစ်ရာသီလောက် ကွင်းထဲခြေချခွင့်သိပ်မရထားတဲ့ တန်းမြင့် ကစားသမားတစ်ယောက်အတွက်ဆိုရင်တော့ ခေါ်ယူဖို့က အတော်လေး စွန့်စားရမယ့် ကိစ္စတစ်ရပ်ဖြစ်လာပါတယ် မန်ယူနိုက်တဒ် ကလည်း ဂျေဒန်ဆန်ချို အပြောင်းရွှေ့အတွက် ညှိနှိုင်းမှု့မှာ ဈေးလျှော့ချနိုင်ခြင်း မရှိတာကြောင့် ဂါရတ်ဘေးလ်ကို အပြောင်းရွှေ့နည်းဗျူဟာတစ်ခုအနေနဲ့ အသုံးချခဲ့ပေမယ့်ပရိတ်သတ်တွေကတော့ အတော်လေး ထိတ်လန့်ခဲ့တာ အမှန်ပါပဲ။ နှစ်ရာသီကို ကွင်းတွင်း ကစားချိန် မိနစ် 1000 ပြည့်မှီပါ့မလား မသေချာပေမယ့် ဒဏ်ရာ 13ကြိမ် ရထားတဲ့ ကစားသမားမျိုးကို ရီးရဲလ်အသင်းက လသာတစ်ဝက်စိုက်ပေးရင်တောင် ပေါင်30000 အသားတင် ပေးချေထားရမယ့် အနေထားအပေါ် ယူနိုက်တဒ် ပရိတ်သတ်တိုင်းကြောက်ရွံနေချိန်မှာပဲ ကယ်တင်ရှင်တစ်ဦး ကပေါ်ထွက်လာခဲ့ပါတယ်။

သူကတော့ ယူနိုက်တဒ် ကခေါ်မယ်ဆိုရင် ‌ဘာကောင်နေနေ ဖြတ်ခုတ်ဖို့သာ ချောင်းစားတတ်တဲ့ ဟိုဆေး မော်ရင်ဟိုပါပဲ။ အရင်ကလည်းခုတ်တယ်၊ အခုလည်း ခုတ်တယ်၊ နောက်ရလည်းခုတ်ဦးမယ်ဆိုတဲ့ ဟိုဆေး က ဗန်ဒါဘိခ့်ကို ခုတ်ချင်ပေမယ့် ချန်ပီယံလိဂ်ကြောင့် လက်လွှတ်ခဲ့ရတဲ့နောက် ရီဂူလွန်ကို အောက်ကျခံ၊သိက္ခာကျခံပြီး buy back ထည့်ခေါ်ခဲ့သလို ဒီတစ်ခါမှာလည်း ဂါရတ်ဘေးလ်လို ဒဏ်ရာသံသရာ တဝဲဝဲလည်နေတဲ့ ကစားသမားကို ထပ်ပြီးခုတ်ဖို့ ကြံစည်လာပြန်ပါတယ်။ တစ်ချိန်က ရော်ဘင်၊မီခေးလ် တို့ခုတ်ခဲ့ပေမယ့် ဒီတစ်ချိန်မှာ buy back နဲ့ injury prone ကိုဖြတ်ခုတ်တာဖြစ်လို့ မော်ရင်ဟို တစ်ယောက် ကံကောင်းပါစေလို့ပဲ ဆုတောင်းပေးလိုက်ရပါတယ်……….

Leave a Reply

Your email address will not be published. Required fields are marked *