ယူနိုက်တက်သမိုင်းထဲမှ အမှတ်တရနေ့စွဲများ – ၂

29.4.2008
ဒီကာလကတော့ ဖာဂီတည်ဆောက်ခဲ့တဲ့ တတိယမျိုးဆက်ရဲ့ ရွှေရောင်လွမ်းတဲ့ အခမ်းနားဆုံးနေ့ရက်တွေဖြစ်ပဲ ဖြစ်ပါတယ်။ 2006 World Cup က စီရော်နယ်ဒိုကို လူကြီးတစ်ယောက်အဖြစ် ပုံသွင်းပေးလိုက်တယ်။ showboating တွေနဲ့ ကွင်းထဲမှာ အလှပြနေတဲ့ ကောင်လေးတစ်ယောက်အဖြစ်ကနေ ပြင်းထန်တဲ့ပေါက်ကွဲအား အမြန်နှုန်း ကြံ့ခိုင်မှု ကျွမ်းကျင်မှုတွေကို ဂိုးသွင်းစွမ်းရည်နဲ့ပေါင်းစပ်ထားတဲ့ ဂိုးတွေရသလောက်သွင်းချင်တဲ့ ကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး တိုက်စစ်သမား ဖြစ်လာခဲ့တယ်။ ရွန်နေးရဲ့ အကောင်းဆုံးအချိန်တွေရောက်လာပြီဖြစ်သလို ခံစစ်မှာလဲ သမိုင်းဝင်အတွဲအဖက်ဖြစ်လာမယ့် ဖာဒီနန်္္+ဗီဒစ်တို့ အစပျိုးနေချိန်လဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ရစ်ကတ်ရဲ့ ဘာစီလိုနာအသင်းနဲ့ Champions League ဆီမီးဖိုင်နယ်အဆင့်မှာ ဒုတိယအကျော့အဖြစ် အိမ်မက်ပြဇတ်ရုံကြီးထဲမှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပထမအကျော့ နူးကမ့်ကွင်းမှာ သွားရောက်ကစားစဥ်က ဂိုးမရှိသရေနဲ့ပြီးခဲ့တဲ့အတွက် ဒီနေ့ပွဲစဥ်မှာတော့ အနိုင်ရဖို့ မဖြစ်မနေလိုနေခဲ့ပါတယ်။ ဒီပွဲမတိုင်ခင်မှာ နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်က ပရိတ်သတ်တွေရဲ့အားပေးမှုက ဒီပွဲအတွက် အရေးပါတဲ့အရာတစ်ခုဖြစ်တယ်လို့ဆိုခဲ့တာက ယူနိုက်တက်အသင်း ဒီပွဲကို ဘယ်လိုကစားမလဲဆိုတာကို မြင်သာစေမယ်ထင်ပါတယ်။

ယူနိုက်တက်က ပထမအကျော့က လူစာရင်းထဲက ရွန်နေး မပါနိုင်တာကြောင့် သူ့နေရာမှာ နာနီက ပွဲထွက်ခဲ့ပါတယ်။
ဂိုး – ဗန်ဒါဆား
ေနာက် – ဟားဂရေ့ဗ်စ်၊ ဖာဒီနန်၊ ဘရောင်း၊ အီဗရာ
လည် – ကာရစ်၊ စခိုးလ်၊ ပတ်ဂျီဆန်
​ှေရှ့ – တေဗက်စ်၊ ရော်နယ်ဒို၊ နာနီ

ဘာစီလိုနာဖက်မှာတော့ ရော်နယ်ဒင်ဟိုမပါနိုင်ခဲ့ပဲ ပထမအကျော့က မပါခဲ့တဲ့ ပူယိုးလ်ကတော့ ဒီပွဲမှာ ပြန်ဝင်ကစားခဲ့ပါတယ်။
ဂိုး – ဗဲလ်ဒက်စ်
နောက် – ဇမ်ဘရော့တာ၊ ပူယိုး၊ မီလီတို၊ အဘီဒယ်
လည် – ယာယာတိုရေး၊ ဇာဗီ၊ ဒေကို
​ှေရှ့ – မက်ဆီ၊ အီတိုး၊ အင်နီယေစတာ

အိုးထရက်ဖို့ဒ်ကွင်းထဲမှာ ပွဲကြည့်စင် အရှေ့ဖက်ခြမ်းက ပရိတ်သတ်တွေက BELIEVE ဆိုတဲ့ စာလုံးကို အနီရောင်ထိုင်ခုံတွေကြားမှာ အဖြူရောင်ဝတ်စုံတွေဝတ်ပြီး ပုံဖော်ထား​​ြကတယ်။ ယူနိုက်တက်အသင်းရဲ့ ပွဲချိန်တွင်းအခြေနေအရပ်ရပ်ကို ခြုံငုံသုံးသပ်ရရင် ဒီစာလုံး ( BELIEVE) က အရာရာတိုင်းကို ကိုယ်စားပြုပါတယ်။ တကယ့်ကို ယုံကြည်မှုနဲ့ ကစားသွားကြတာဖြစ်ပြီး မိနစ် ၈၀ လောက်မှာဆို ယူနိုက်တက်ကစားသမားတွေက ခြေဒရွတ်ဆွဲနေကြပါပြီ။ ဒီအခြေအနေမှာ ရှိသမျှအားကုန်ထုတ်ပြီး ကစားသွားတဲ့ ယုံကြည်မှုအကြောင်းကတော့ တသသပြောနေကြရတော့မှာပါပဲ။

ပွဲချိန်အတွင်းမှာ highlight လုပ်ရမှာက ကာရစ်ပါ။ သူက မမြန်ဘူး မမာဘူး ပျော့တယ်လို့တောင် ထင်ရတယ်။ ဒါပေမယ့် သူ့ရဲ့ ခံစစ်စွမ်းဆောင်ရည်ကို ဒီပွဲမှာ ကောင်းကောင်းမြင်ခဲ့ရတယ်။ ကာရစ်က one of the best standing tacklers ပါ။ ဘာစီလိုနာဖက်က မက်ဆီရဲ့ထိုးဖောက်မှုတွေက တကယ်ကြောက်စရာကောင်းပါတယ်။ ဘာစီတိုက်စစ်ရဲ့အသက်သွေးကြောက သူဖြစ်ပြီးတော့ မက်ဆီဆီကဘောလုံးတွေကို အကြိမ်ပေါင်းများစွာ ဖြတ်ထုတ်နိုင်ခဲ့တဲ့ ကာရစ်က ယူနိုက်တက်နိုင်ပွဲရဲ့ အဓိကအကျဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ မက်ဆီကို ဒီလောက်ထိဒုက္ခပေးနိုင်ခဲ့တဲ့ စွမ်းဆောင်က အသိအမှတ်မပြုလို့ကို မရပါဘူး။

MANCHESTER, UNITED KINGDOM – APRIL 29: Paul Scholes of Manchester United scores the opening goal during the UEFA Champions League Semi Final, second leg match between Manchester United and Barcelona at Old Trafford on April 29, 2008 in Manchester, England. (Photo by Clive Brunskill/Getty Images)

ပွဲချိန် 14 မိနစ်မှာ ဂန္ဓဝင်ကွင်းလည်လူ ပေါစခိုးလ်က သူ့ရ​ဲ့ကစားသမားဘဝတလျောက် အကောင်းဆုံး အချိုမြိန်ဆုံး ကန်ချက်နဲ့ ပွဲကို ဦးဆောင်ပါတယ်။ ရော်နယ်ဒိုရဲ့ထိုးဖောက်မှုကို ဘာစီနောက်တန်းဖျက်ထုတ်ရာက ပြန်ထွက်လာတဲ့ဘောလုံးကို ကိုက် ၃၀ လောက်အကွာကနေ ကန်လိုက်တဲ့ဘောလုံးကို ယူနိုက်တက်ပရိတ်သတ်တွေ မျက်လုံးထဲကထွက်ဦးမှာ မဟုတ်ပါဘူး။ ပွဲချိန်က မိနစ် ၈၀ လောက်ကျန်သေးတယ်။ ယူနိုက်တက်အတွက်က အာရုံစူးစိုက်မှုလေး တစ်ချက်လွတ်သွားရင်ကို ပေးဆပ်မှုက အရမ်းကြီးသွားလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ လုပ်နိုင်ခဲ့တယ်။ ပြေးနိုင်တာထက်ပိုပြေးခဲ့ကြတယ် ရုန်းကန်နိုင်စွမ်းထက်ပိုရုန်းခဲ့ကြတယ်။ ကွင်းထဲက ကစားသမားတစ်ယောက်ချင်းစီတိုင်းက သူတို့ရဲ့ လုပ်နိုင်စွမ်းထက်အများကြီးပိုပြီး လုပ်​​ခဲ့ကြတယ်။ မိနစ် ၉၀ က တဖြည်းဖြည်းနီးကပ်လာလေလေ ပရိတ်သတ်ရဲ့ Glory Glory Man United သီချင်းသံက ကျယ်လောင်လာလေ။ ဒိုင်လူကြီးဆီက ပွဲသိမ်းခရာမှုတ်သံထွက်လာတယ်။ ပွဲပြီးသွားပြီ။ ဆယ်စုနှစ်တစ်ခုနီးပါးဝေးကွာနေတဲ့ ချန်ပီယံလိဂ်ဖလားနဲ့ လက်တစ်ကမ်းအကွာကို ရောက်လာခဲ့ပြီ။ အပျော်တွေနဲ့ ပြည့်သွားခဲ့ပါတယ်။

ပွဲပြီးတော့ ဖာဂီနဲ့ ရော်နယ်ဒိုက ပရိတ်သတ်တွေကို ချီးကျူးကြောင်း ကျေးဇူးတင်ကြောင်း ပြောခဲ့ကြတယ်။ တစက်ကလေးတောင်မနားခဲ့တဲ့ သီချင်းသံ အားပေးသံတွေက ကစားသမားတွေကို စိတ်ဓာတ်ခွန်အားတွေပေးခဲ့တဲ့အကြောင်း ပြောပြခဲ့တယ်။ ဆာအဲလက်စ်အတွက် ဒုတိယအကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ရယူသွားတဲ့နှစ်မှာ ဒီနေ့ ဒီရက်ကလဲ ယူနိုက်တက်ပရိတ်သတ်တွေအတွက် အမှတ်တရဖြစ်နေခဲ့လိမ့်မယ်ဆိုတာလဲ အသေချာပါပဲ။ ။

Leave a Reply

Your email address will not be published. Required fields are marked *