အနီးကပ်လေ့လာသင်ယူခဲ့ရတဲ့ ဆရာကြီး ၃ ယောက်နာမည်ကို ပြောပြခဲ့တဲ့ ရာမို့စ်

ရီးရဲမက်ဒရစ်အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်က ရီးရဲမက်ဒရစ်ဂန္တဝင်တွေဖြစ်တဲ့ ရာအူးလ်နဲ့ ကာဆီးလက်စ်တို့ဟာ ဘာနေဗျူးမှာ အစောပိုင်းကာလတုန်းက အဓိကထား လေ့လာသင်ယူခဲ့ရတဲ့ ကစားသမားတွေထဲမှာ ပါဝင်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ် စပိန်နောက်ခံကစားသမားဟာ ၂၀၀၅ ခုနှစ်မှာ ဆီဗီလာအသင်းကနေ ရီးရဲမက်ဒရစ်အသင်းကို ပေါင် ၁၈.၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး ရာမို့စ်ဟာ ကမ္ဘာ့ဘောလုံးလောကမှာ အကောင်းဆုံးနောက်ခံကစားသမားတွေထဲကတစ်ဦးဆိုတဲ့ ဂုဏ်ပုဒ်ကို တည်ဆောက်ယူခဲ့ရပြီး မက်ဒရစ်မှာလည်း မယုံကြည်နိုင်ဖွယ်သမိုင်းတွေကိုလည်း ရေးထိုးထားခဲ့ပြီးဖြစ်ပါတယ်။

ကာဆီးလက်စ်၊ ရာအူးလ်တို့နဲ့အတူ ကစားခဲ့ရတဲ့ ရာမို့စ်က ကနာဗားရိုးဟာ နေ့တိုင်း လေ့လာသင်ယူခဲ့ရတဲ့ တတိယမြောက်ကစားသမားဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

“ကျွန်တော် ရီးရဲကို ရောက်လာတဲ့အချိန်မှာ ရာအူးလ်၊ အိုင်ကာတို့လိုမျိုး အတွေ့အကြုံရင့် ကစားသမားတွေဆီကနေ လေ့လာသင်ယူခဲ့ရပါတယ်”

“ကနာဗားရိုးက ကျွန်တော် နေ့တိုင်း လေ့လာသင်ယူခဲ့ရတဲ့ နောက်ထပ်ကစားသမားတစ်ဦးပေါ့။ ကျွန်တော် ကောင်းနိုင်သလောက် ကောင်းကောငး် အသားကျအောင် လုပ်ဖို့ ကြိုးပမ်းရမှာပါ”လို့ Marca ကို ပြောကြားသွားခဲ့ပါတယ်။

(Zawgyi)

ရီးရဲမက္ဒရစ္အသင္းေခါင္းေဆာင္ ဆာဂ်ီယိုရာမို႔စ္က ရီးရဲမက္ဒရစ္ဂႏၲဝင္ေတြျဖစ္တဲ့ ရာအူးလ္နဲ႔ ကာဆီးလက္စ္တို႔ဟာ ဘာေနဗ်ဴးမွာ အေစာပိုင္းကာလတုန္းက အဓိကထား ေလ့လာသင္ယူခဲ့ရတဲ့ ကစားသမားေတြထဲမွာ ပါဝင္ခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

အသက္ ၃၄ ႏွစ္အရြယ္ စပိန္ေနာက္ခံကစားသမားဟာ ၂၀၀၅ ခုႏွစ္မွာ ဆီဗီလာအသင္းကေန ရီးရဲမက္ဒရစ္အသင္းကို ေပါင္ ၁၈.၅ သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့သူျဖစ္ပါတယ္။ အဲဒီအခ်ိန္ကစၿပီး ရာမို႔စ္ဟာ ကမၻာ့ေဘာလုံးေလာကမွာ အေကာင္းဆုံးေနာက္ခံကစားသမားေတြထဲကတစ္ဦးဆိုတဲ့ ဂုဏ္ပုဒ္ကို တည္ေဆာက္ယူခဲ့ရၿပီး မက္ဒရစ္မွာလည္း မယုံၾကည္နိုင္ဖြယ္သမိုင္းေတြကိုလည္း ေရးထိုးထားခဲ့ၿပီးျဖစ္ပါတယ္။

ကာဆီးလက္စ္၊ ရာအူးလ္တို႔နဲ႔အတူ ကစားခဲ့ရတဲ့ ရာမို႔စ္က ကနာဗားရိုးဟာ ေန႔တိုင္း ေလ့လာသင္ယူခဲ့ရတဲ့ တတိယေျမာက္ကစားသမားျဖစ္တယ္လို႔ ဝန္ခံေျပာၾကားခဲ့ပါတယ္။

“ကၽြန္ေတာ္ ရီးရဲကို ေရာက္လာတဲ့အခ်ိန္မွာ ရာအူးလ္၊ အိုင္ကာတို႔လိုမ်ိဳး အေတြ႕အၾကဳံရင့္ ကစားသမားေတြဆီကေန ေလ့လာသင္ယူခဲ့ရပါတယ္”

“ကနာဗားရိုးက ကၽြန္ေတာ္ ေန႔တိုင္း ေလ့လာသင္ယူခဲ့ရတဲ့ ေနာက္ထပ္ကစားသမားတစ္ဦးေပါ့။ ကၽြန္ေတာ္ ေကာင္းနိုင္သေလာက္ ေကာင္းေကာငး္ အသားက်ေအာင္ လုပ္ဖို႔ ႀကိဳးပမ္းရမွာပါ”လို႔ Marca ကို ေျပာၾကားသြားခဲ့ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *