ရှားရှားပါးပါးရထားတဲ့ EPL ဖလားကို လီဗာပူးထိန်းသိမ်းနိုင်မှာမဟုတ်ဘူးဆိုတဲ့ ပေါလ်မာဆန်

လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကာကွယ်မှုဟာ မအောင်မြင်နိုင်ပေမယ့် ယခုရာသီ အမှတ်ပေးဇယား ထိပ်ဆုံးလေးနေရာအတွင်းတော့ အလွယ်တကူဝင်နိုင်လိမ့်မယ်လို့ ပေါလ်မာဆန်က ပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ လှုပ်ရှားမှုလုံးဝမပြုလုပ်ခြင်းအတွက် ပြင်းပြင်းထန်ထန်ဝေဖန်ခြင်းခံနေရတာဖြစ်ပြီး လီဗာပူးနည်းပြ ကလော့ပ်ကတော့ နွေရာသီမှာ ကြီးမားတဲ့ငွေကြေးသုံးစွဲမှုတွေပြုလုပ်ခဲ့တဲ့ ပြိုင်ဘက်အသင်းတွေကို ဝေဖန်ပြောဆိုနေခဲ့တာဖြစ်ပါတယ်။ ပေါလ်မာဆန်က လီဗာပူးအသင်း ဂိုးတွေအကြိမ်များစွာ ပေးခဲ့ရတာကို အထင်ကြီးခြင်းမရှိတော့တာဖြစ်ပြီး လီဗာပူးရဲ့ အပြောင်းအရွှေ့ပြုလုပ်မှုမရှိခြင်းက ၎င်းတို့ကို ပြန်ပြီးခြောက်လှန့်လာတော့မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“လိဒ်စ်အသင်းနဲ့ပွဲမှာ လီဗာပူးအသင်း ပေးလိုက်ရတဲ့ ဂိုးတွေကို ခင်ဗျား ကြည့်လိုက်ပါ။ သူတို့တွေ မမျှော်လင့်ထားတာတွေ ဖြစ်လာခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ သူတို့တွေ လိဒ်စ်ကို အလွယ်တကူနဲ့ အနိုင်ရလိမ့်မယ်လို့ တွေးခဲ့ကြမှာပါ”

“သူတို့ တစ်စုံတယောက်ကို ဝယ်ယူဖို့ လိုအပ်နေပြီလို့ ထင်ပါတယ်။ ဒီရာသီ သူတို့တွေ ထိပ်ဆုံးလေးနေရာအတွင်း ပြီးဆုံးမယ်ဆိုရင် ကျွန်တော့်ကို အံ့အားသင့်စေမှာမဟုတ်ပါဘူး။ အဲဒါကို ဒီပွဲစဉ်မတိုင်ခင်ကတည်းက ကျွန်တော် တွေးခဲ့ပြီးသားပါ”

“အရင်နှစ်က လီဗာပူးပါပဲ။ သူတို့မှာ အပတ်တိုင်း ကစားနေတဲ့ ကြီးမားတဲ့ပမာဏနဲ့ ခေါ်ယူထားတဲ့ကစားသမားတွေရှိပါတယ်”

“ဗန်ဒိုက် ဒဏ်ရာရသွားလို့မရပါဘူး။ နောက်ခံကစားသမားလည်း ဒဏ်ရာရလို့မရပါဘူး။ တိုက်စစ် ၃ ယောက် ဒဏ်ရာရသွားရင်လည်း သူတို့မှာ အစားထိုးဖို့ တစ်ယောက်မှမရှိပါဘူး”

“ကျွန်တော အဲဒါကို ဆက်ပြောနေရမှာပဲ။ သရေစာတွေနဲ့ ဘာဂါတွေ အားလုံးထက် ပိုရောင်းနေရတဲ့ နာမည်ကျော်အသင့်စား စားသောက်ကုန်လုပ်ငန်းတွေရှိပါတယ်။ သူတို့တွေ သူတို့ကုန်ပစ္စည်းကို ကြော်ငြာနေတုန်းပါပဲ။ ခင်ဗျား ထိပ်ဆုံးမှာ ဆက်နေဖို့ ငွေတော့ သုံးစွဲရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

(Zawgyi)

လီဗာပူးအသင္းရဲ့ ပရီးမီးယားလိဂ္ခ်န္ပီယံဘြဲ႕ကာကြယ္မႈဟာ မေအာင္ျမင္နိုင္ေပမယ့္ ယခုရာသီ အမွတ္ေပးဇယား ထိပ္ဆုံးေလးေနရာအတြင္းေတာ့ အလြယ္တကူဝင္နိုင္လိမ့္မယ္လို႔ ေပါလ္မာဆန္က ေျပာၾကားခဲ့ပါတယ္။

လီဗာပူးအသင္းဟာ အေျပာင္းအေရႊ႕ေစ်းကြက္အတြင္းမွာ လႈပ္ရွားမႈလုံးဝမျပဳလုပ္ျခင္းအတြက္ ျပင္းျပင္းထန္ထန္ေဝဖန္ျခင္းခံေနရတာျဖစ္ၿပီး လီဗာပူးနည္းၿပ ကေလာ့ပ္ကေတာ့ ေႏြရာသီမွာ ႀကီးမားတဲ့ေငြေၾကးသုံးစြဲမႈေတြျပဳလုပ္ခဲ့တဲ့ ၿပိဳင္ဘက္အသင္းေတြကို ေဝဖန္ေျပာဆိုေနခဲ့တာျဖစ္ပါတယ္။ ေပါလ္မာဆန္က လီဗာပူးအသင္း ဂိုးေတြအႀကိမ္မ်ားစြာ ေပးခဲ့ရတာကို အထင္ႀကီးျခင္းမရွိေတာ့တာျဖစ္ၿပီး လီဗာပူးရဲ့ အေျပာင္းအေရႊ႕ျပဳလုပ္မႈမရွိျခင္းက ၎တို႔ကို ျပန္ၿပီးေျခာက္လွန႔္လာေတာ့မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“လိဒ္စ္အသင္းနဲ႔ပြဲမွာ လီဗာပူးအသင္း ေပးလိုက္ရတဲ့ ဂိုးေတြကို ခင္ဗ်ား ၾကည့္လိုက္ပါ။ သူတို႔ေတြ မေမၽွာ္လင့္ထားတာေတြ ျဖစ္လာခဲ့တယ္လို႔ ကၽြန္ေတာ္ ထင္တယ္။ သူတို႔ေတြ လိဒ္စ္ကို အလြယ္တကူနဲ႔ အနိုင္ရလိမ့္မယ္လို႔ ေတြးခဲ့ၾကမွာပါ”

“သူတို႔ တစ္စုံတေယာက္ကို ဝယ္ယူဖို႔ လိုအပ္ေနၿပီလို႔ ထင္ပါတယ္။ ဒီရာသီ သူတို႔ေတြ ထိပ္ဆုံးေလးေနရာအတြင္း ၿပီးဆုံးမယ္ဆိုရင္ ကၽြန္ေတာ့္ကို အံ့အားသင့္ေစမွာမဟုတ္ပါဘူး။ အဲဒါကို ဒီပြဲစဥ္မတိုင္ခင္ကတည္းက ကၽြန္ေတာ္ ေတြးခဲ့ၿပီးသားပါ”

“အရင္ႏွစ္က လီဗာပူးပါပဲ။ သူတို႔မွာ အပတ္တိုင္း ကစားေနတဲ့ ႀကီးမားတဲ့ပမာဏနဲ႔ ေခၚယူထားတဲ့ကစားသမားေတြရွိပါတယ္”

“ဗန္ဒိုက္ ဒဏ္ရာရသြားလို႔မရပါဘူး။ ေနာက္ခံကစားသမားလည္း ဒဏ္ရာရလို႔မရပါဘူး။ တိုက္စစ္ ၃ ေယာက္ ဒဏ္ရာရသြားရင္လည္း သူတို႔မွာ အစားထိုးဖို႔ တစ္ေယာက္မွမရွိပါဘူး”

“ကၽြန္ေတာ အဲဒါကို ဆက္ေျပာေနရမွာပဲ။ သေရစာေတြနဲ႔ ဘာဂါေတြ အားလုံးထက္ ပိုေရာင္းေနရတဲ့ နာမည္ေက်ာ္အသင့္စား စားေသာက္ကုန္လုပ္ငန္းေတြရွိပါတယ္။ သူတို႔ေတြ သူတို႔ကုန္ပစၥည္းကို ေၾကာ္ျငာေနတုန္းပါပဲ။ ခင္ဗ်ား ထိပ္ဆုံးမွာ ဆက္ေနဖို႔ ေငြေတာ့ သုံးစြဲရမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *